Ep 19 (Uni+Z)

122 17 7
                                    

Tayထမင်းစားခန်းထဲမှာ ရင်ပူပူနဲ့ ရေတွေချည်းနေကန်သောက်နေချိန်...Newရောက်လာပြီး လက်ထဲက ဖန်ခွက်ကို ဆွဲယူလိုက်သည်...
"Tae...တော်လောက်ပြီ..."

"ရေဘယ်လောက်သောက်သောက် ငါ့ရင်ထဲက အပူကိုတော့ မညှိမ်းနိုင်ဘူးပဲ..."

"ငါ မင်းကိုပဲ ချစ်တာပါ...."

"မင်း ငါ့ကို ချစ်တာ...ငါသိတယ်New...အန်တီသစ်သိဖို့ လိုနေတာ..."

"ငါ အဆင်သင့်ဖြစ်ရင် မေမေ့ကို ပြောမှာပါ..."

"အဲ့ဒါဘယ်တော့လဲ...မင်းနဲ့Ployလက်ထပ်လို့ ငါ့အသည်းတွေ တစ်စစီဖြစ်မှလား..."

"ငါတို့ ကျောင်းပြီးမှ ဖွင့်ပြောမယ်လို့ သဘောတူထားတယ်မလား...😢"

"အခြေအနေအတွေက တူမှ မတူတော့တာ.....
New မင်းဘာတွေကြောက်နေတာလဲ..."
Tay...Newပုခုံးနှစ်ဖက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ပြီး
မေးလိုက်သည်

"ငါ......ငါ မေမေစိတ်ဆင်းရဲမှာ ကြောက်လို့ပါ..."

"မဆိုင်တာတွေ...အန်တီသစ်က...မင်းကို ဒီလောက်ချစ်တာ...
မင်းရွေးချယ်မှုကို သူလက်ခံမှာပါ..."

"ဒါပေမဲ့..."

"ဟာကွာ......"

Tay စိတ်မရှည်တော့....Newကို ဆုပ်ကိုင်ထားတဲ့ လက်နှစ်ဖက်ကို လွှတ်ပြီး Newကို ကျောပေးရပ်လိုက်၏...

နှစ်ယောက် စကားအခြေအတင်ဖြစ်ကာ အခြေအနေတွေက ပိုဆိုးလာခဲ့သည်...

"ရတယ်လေ...မင်းဖွင့်ပြောရမှာ ကြောက်နေရင်လည်း...မပြောပဲသိအောင် လုပ်တာပေါ့..."

"Tay!!!...အွန့်..."

Tay...Newရဲ့ နှုတ်ခမ်းတွေကို ထူပူသွားတဲ့အထိ...နမ်းလိုက်သည်...
Newတစ်ယောက်Tayအနမ်းတွေကြားမှာ အသက်ရှူမဝတော့...
လွတ်မြောက်ဖို့အတွက် Tayကို တွန်းထုတ်လိုက်ရာ
စားပွဲနဲ့တိုက်မိပြီး ဖန်ခွက်ကျကွဲသွား၏...

အသံက ကျယ်တာကြောင့် ဒေါ်သစ်သစ်အပေါ်ထပ်က ဆင်းလာခဲ့သည်...

ဒေါ်သစ်သစ် - "အသံကြားလို့ ဆင်းလာတာ...သားတို့ ဘာဖြစ်ကြတာလဲ...ထိခိုက်သွားကြသေးလား..."

Tayက ဖွင့်ပြောဖို့ အချက်ပြပေမဲ့Newက ခေါင်းခါပြတာကြောင့်...Tayတစ်ယောက်ဖန်ကွဲစတွေ တက်နင်းကာ
ထွက်သွားသည်...

မင်းနဲ့မှ...💙Where stories live. Discover now