Ep 14 (Uni+Z)

165 26 4
                                    

Tayမွေးနေ့မို့ မိဘမဲ့ကလေးထိန်းကျောင်းမှာ သွားလှူဖိူ့လုပ်ထားတာ Newwiee တစ်ယောက်
မနက်အစောကြီးကတည်းက lသွားဖို့ တက်ကြွနေသည်

"မေမေ...ဦးလေးတို့ မပြီးသေးဘူးလား..."

ဖင်တကြွကြွဖြစ်နေတဲ့ သူ့သားကို ကြည့်ပြီး ဒေါ်သစ်သစ် အမြင်ကတ်လာသည်

"ဒီနေ့ သားမွေးနေ့လည်း မဟုတ်ပါဘူး... မွေးနေ့ရှင်Tayတောင် ငြိမ်နေတာ သားက ဘယ်လိုဖြစ်နေတာလဲ..."

"အလှူလုပ်မယ့်ကိစ္စက နောက်ကျလို့ မကောင်းဘူးလေ...
ဟီး...အဲ့ဒါကြောင့်ပါ..."

ဦးနေလင်းကတော့ ငါသိနေတယ် ဆိုတဲ့အကြည့်ကြီးနဲ့
Newကိုကြည့်လိုက် သူ့သားTay Tawanကို ကြည့်လိုက်နဲ့....

"ဖေဖေနဲ့သစ်သစ် နောက်ကလိုက်ခဲ့မယ်...သားတို့သွားနှင့်လိုက်..."

"ကိုနေလင်းကလည်း တူတူသွားတော့ ဘာဖြစ်မှာလဲ..."

"ခွဲသွားတော့ရော ဘာဖြစ်မှာလဲ..."
ဦးနေလင်း မိန်းမကြောက်ပုံများ ဒေါ်သစ်သစ်တစ်ချက်ကြည့်လိုက်တာနဲ့

"ခွဲသွားရင် ဆီကုန်တာပေါ့ ဟုတ်တယ်မလား...သားတို့ ဖေဖေတို့နဲ့ပဲ...တူတူသွားမယ်နော်...လာမိန်းမ အဝတ်အစားသွားလဲရအောင်..."

Tayကတော့ သူ့အဖေကို ကြည့်ပြီး...

*ငါ့အလှည့်ကျ ဒီ့ထက်ပိုဆိုးမယ်ထင်တယ်...ဒါပေမဲ့ ငါက အဖေ့လို ကြောက်တာမဟုတ်ဘူး...ချစ်တာ..."

Tayက သူ့အတွေးနဲ့သူ ပြုံးဖြီးနေတာမို့ Newက

"ငါ့အကြောင်းတွေးနေတာမလား..."

"အကြားအမြင်တွေ ရနေတာလား...New...
ကိုတော့ သွားပါပြီ"

"ဘာလို့လဲ..."

"ဘာလို့လဲဆို...ကိုက မင်းအကြောင်းအချိန်တိုင်းတွေးနေတာမို့လိုလေ..."

"ရူးနေလား..."

"အွန်း...Newwieeကို ချစ်လွန်းလို့ ရူးသွားတာ..."

"Tae........... ဒီကိုလာပါအုံး... "
မလှမ်းမကမ်းမှာထိုင်နေတဲ့ Tayကို အနားလာဖို့ ခေါ်လိုက်ပြီး

"ကဲဟာ...ပေါက်ကရတွေပြောချင်အုံး..."

Newက နဖူးတစ်ချက်တောက်လိုက်တော့
Tay Tawan မျှော်လင့်ချက်လေးပျက်သွားရသည်

မင်းနဲ့မှ...💙Where stories live. Discover now