Ep 15 (Uni+Z)

209 29 4
                                    

ဈေးဝယ်စင်တာထဲတွင်...
Tay - "Gun...နယ်ပြန်မယ်ဆိုပြီး...ဒီရောက်နေတာလား..."

Gun - "ညနေမှ သွားမှာ...
မွေးနေ့မလာနိုင်တာ Sorryနော် Tay..."

Tay - "အေးပါ...ဒါပေမဲ့...တစ်ယောက်ယောက်ကတော့ ဝမ်းနည်းနေတော့မှာပဲ..."
Tayက Offကို မေးငေါ့ပြတော့

Gun  - "ငါကတော့ မထင်ဘူး.....Happy Birthday... Tay...ငါသွားတော့မယ်...."

Off - ".. မသွားနဲ့...."

Off.....Gunလက်ကိုဆွဲပြီး... မသွားဖို့ တားလိုက်၏

အလိုက်သိစွာနဲ့ offကိုထားခဲ့ပြီး Tayနဲ့Singtoကအရင် လိုအပ်တာတွေ အရင်သွားဝယ်နှင့်လိုက်သည်...

"ဘာလို့ငါ့ကို ရှောင်နေတာလဲ...Gun"

"ငါ့မျက်နှာကို မတွေ့တော့ မင်း ပျော်နေသင့်တာ...."

"ဒီနေ့ မင်းနယ်ကို မပြန်ဘူးမလား...ငါ့ကို မတွေ့ချင်လို့ Tayမွေးနေ့မလာတာမလား..."

"သိရဲ့သားနဲ့ ဘာလို့မေးနေတာလဲ..."

"ဘာလို့လဲ..."

"မင်းကို ဒီထက်ပိုပြီး ချစ်မိမှာစိုးလို့..."
Offသိချင်လို့ မေးလိုက်တာဆိုပေမဲ့ Gunရဲ့အဖြေကြောင့်
ဆွံ့အသွားကာ....

"ငါ သွားလို့ရ.......အွန့်..."

Offရဲ့နှုတ်ခမ်းသားနဲ့Gunရဲ့နှုတ်ခမ်းလွှာလေးနှစ်ခု...တစ်ထပ်တည်း ကျသွားတော့သည်
နှစ်ယောက်သားအနမ်းချင်းဖလှယ်နေရာမှ အားပါပြီး
နောက်က အကျီအဝတ်အစားတန်း လဲသွားကာ
Tayနဲ့Singto အပါအဝင်...အားလုံးရဲ့အကြည့်တွေက
သူတို့နှစ်ယောက်ဆီ ရောက်ကုန်သည်

Tay - "ငါတို့ အောက်ထပ်က စောင့်နေမယ်နော်...ဖြေးဖြေးလုပ်ကြ..."

Gun - "ရှက်လိုက်တာ..."

ရှက်လွန်းလို့  Gunတစ်ယောက် Offရင်ခွင်ထဲ အတင်းတိုးဝင်နေ၏😅

_
_
_

>>>
"P'Tay...ညီမကို မှတ်မိလား..."

ဒီနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ကားပါကင်မှာ Ployနဲ့  လာတွေ့နေသည်

"မှတ်မိပါတယ်..."

"P'တို့ လက်ထဲမှာလည်း အထုပ်တွေနဲ့ ဘာပွဲရှိလို့လဲ..."

မင်းနဲ့မှ...💙Where stories live. Discover now