Ep 6 (Z+Uni)

260 25 3
                                    

Nadi -- "နင်...Tayကို အဲ့ဒီလောက်ထိ လုပ်ဖို့မလိုပါဘူးNewရယ်..ငါလည်း ကိုယ့်စိတ်ကိုဖြေရင်း နေသားကျနေပါပြီ...တကယ်ဆို သူ့အကြောင်းသိရဲ့သားနဲ့ အညှာလွယ်ခဲ့မိတဲ့ ငါပဲမှားတာပါ"
New -- "ဘာ"

Newသောက်လက်စ အအေးဘူးကို ချလိုက်၏
Tayဆိုတဲ့အကောင်ကို Newပညာပြလိုက်တဲ့အကြောင်းကို မနက်အတန်းမစခင်ကတည်းက Nadiကို ပြောပြခဲ့တာပါ...Newပြောပြနေတုန်းက ငြိမ်နေပြီး... ကန်တင်းမှာနေ့လည်စာစားနေချိန်မှ ဘာစိတ်ကူးပေါက်ပြီး ထပြောတာလဲ..

Nadi -- "နင်တို့က တစ်အိမ်တည်းမှာ နှစ်ယောက်အတူ နေရတာလေ....ငါ့အတွက်နဲ့ နင်တို့မိသားစုကြားမှာ ဘာပဋိပက္ခမှ မဖြစ်စေချင်လို့ပါ.."

Gun -- နင် အဲ့လောက်ထိ ခန္တီပါရမီနဲ့ ပြည့်စုံနေရင် ကတုံးတုံးပြီး ပန်းရောင်ဝမ်းဆက်သာ ဝတ်လိုက် ငါ နင့်ရဲ့ ဒကာလုပ်မယ်..."

Gunအသံကျယ်ကျယ်နဲ့ ထပြောလိုက်မှ Nadiခေါင်းလေးငုံ့သွားပြီး
Nadi -- "Tayကို ထိခိုက်ဒဏ်ရာရအောင်လုပ်တော့လည်း ဘာထူးမှာလဲ...ပြီးခဲ့တာတာတွေက ပြီးပြီပဲ...ငါက မုန်းစကို မရှည်စေချင်လို့ပါ...."

Gun -- "Nadiနင်က အသည်းကွဲရုံမကလို့ အသက်ပေးပြီး ကာကွယ်ချင်သေးတာလား...ငါတို့ကတော့...နင့်လို ဘုရားဖြစ်မဲ့ အုတ်နီခဲ မလုပ်နိုင်ဘူး...ကိုယ့်ကို အလဲထိုးရင် ခြေထိုးခံပြီး လဲအောင်ပြန်လုပ်လိုက်ရမှ ကျေနပ်တာ...ဒီကိစ္စမှာ Newကို ငါ အပြည့်အဝထောက်ခံတယ်"
Nadi --" ခု...ခံရတာ ငါလေ နင်တို့မဟုတ်ဘူး...ပြီးတော့ ငါလည်း နေသားကျနေပြီလို့ ပြောပြီးပြီဟာ"

New -- "ခု ငါတို့က နင့်ရဲ့ သူငယ်ချင်းအရင်းကြီးတွေမို့ နင့်ဘက်က နာလို့လေ....သူငယ်ချင်းမဟုတ်တဲ့သူကတော့ ဘယ်နာမလဲ"

ဘာတစ်ခွန်းမှ ဝင်မပြောတဲ့ Kristကို Newမျက်စောင်းထိုးပြီး ပြောလိုက်ခြင်းဖြစ်သည်

Krist -- "ငါ့သူငယ်ချင်းတွေကို ငါ မချစ်ပဲနေမလား...ခုဟာက Nadiက အဆင်ပြေနေပြီလို့ ပြောတဲ့ဟာကို မင်းတို့နှစ်ယောက်ကိုက ပိုကို ပိုနေတာ"

Gun -- " အဲ့ကောင်က...ဘဲမျက်နှာ တစ်ကမ္ဘာလေ....... Tayက Singtoသူငယ်ချင်းဆိုတော့ Tayဘက်က ပါမှာပေါ့"
Krist -- "တော်တော့ နိုင်ငံရေးတွေ ပါမလာနဲ့...ငါက ဘယ်သူ့ဘက်မှ မပါဘူး ကြားနေပဲ..."
New -- "Kristကထားတော့...ဒေါ်Nadi နင်က ငါ့ကို အပြစ်တင်ချင်နေတာလား"
Nadi -- "မဟုတ်ပါဘူး"

မင်းနဲ့မှ...💙Where stories live. Discover now