Ep 11 (Uni+Z)

239 24 8
                                    

Time skip>>>

"နောက်တစ်ပတ်ဆို ကျောင်းပြန်ဖွင့်တော့မယ်...သားနဲ့ သမီး Sandii ကိစ္စကိုလေ...."

"လာပြန်ပြီ ဒီကိစ္စ...
သား ချစ်တဲ့သူနဲ့ပဲ စေ့စပ်မယ်
သားချစ်တဲ့ သူနဲ့ပဲ လက်ထပ်မယ်...
ဖေဖေ့ အိမ်ထောင်ရေးမှာ သားဝင်မပါခဲ့သလို သားအိမ်ထောင်ရေးမှာလည်း ဖေဖေ ဝင်မပါ ပါနဲ့..."

"ဒါအဖေကို ပြောရမယ့်စကားလား....Tay Tawan.မင်းက ငါမွေးထားတဲ့သား ငါ ဝင်မပါလို့်ရမလား......
တော်ကြာ မတော်တရော်တွေနဲ့ တွေ့ပြီး မင်းဘဝ အညွန့်ကျိုးသွားမှာစိုးလို့ ပြောနေရတာကွ...."

"အာ့လို ဖြစ်စရာ အကြောင်းမရှိဘူး....သူက သားလိုမဟုတ်ဘူး....အရမ်းလိမ်မာတာ...."

ဒေါ်သစ်သစ်လည်း သူတို့စားဖို့ မုန့်တွေယူပြီး ခြံထဲဆင်းလာခဲ့သည်

"ကိုကလည်း သားကို အတင်းအကျပ်မစီစဉ်ပါနဲ့...Sandiiက သစ်ရဲ့ တူမဆိုပေမဲ့ Tayသဘောမတူရင် မလုပ်စေချင်ဘူး..."

"ဟုတ်ပါပြီ...အသစ် က ပြောနေမှတော့ ကို သားကို အခွင့်အရေးတစ်ခါလောက် ပေးကြည့်မယ်..."

{ကိုနေလင်းနဲ့ သစ်သစ်မကောင်းဘူး...သူတို့က ပိုroနေတယ်}

"ဖေဖေနဲ့ အန်တီသစ် သူ့ကိုတွေ့ရင် အရမ်းအံ့သြမှာ..."

"ဒါဆိုလည်း အိမ်ခေါ်ခဲ့လေ..."

"ဖေဖေက ဘာလုပ်မလို့လဲ..."

"Aww....မင်းနဲ့သင့်တော်လား မတော်လား...အကဲခတ်ကြည့်မလို့လေ...ငါက ဘာလုပ်ရအုံးမှာတုန်း"

"ခေါ်လာလို့ မရသေးဘူး..သားက သူ့ကို ခုထိ ဖွင့်မပြောရသေးဘူး "

"ကောင်မလေးက သားတို့ ကျောင်းကပဲလား"
သူ့တူမကို ကျော်ပြီး Tayက သဘောကျတဲ့သူဆိုတော့ ဒေါ်သစ်သစ် ဘယ်သူလဲဆိုတာ သိချင်စိတ်နဲ့ မေးလိုက်မိသည်

"ဆေးတက္ကသိုလ်ကပါ....ဟိုလေ...အန်တီသစ် သားကြိုက်တာ ကောင်မလေးမဟုတ်ဘူး...ကောင်လေး"

"ကောင်လေးဆိုတော့လည်း ဘာဖြစ်လဲ...အချစ်မှာ ယောက်ျားလေး....မိန်းခလေး သတ်မှတ်ထားတာမှ မရှိတာ......သားကို တကယ်ချစ်ရင် ဘယ်သူပဲဖြစ်ဖြစ်.ဖေဖေ လက်ခံနိုင်ပါတယ်
ဒါနဲ့ Newကလည်း ဆေးကျောင်းတက်နေတာမလား
သူ့ကို အကူအညီတောင်းကြည့်လေ..."

မင်းနဲ့မှ...💙Where stories live. Discover now