Ep 12 (Uni+Z)

253 24 5
                                    

"သား ဘယ်ကပြန်လာတာလဲ...
မျက်နှာလည်းမကောင်းဘူး...ဘာဖြစ်လာတာလဲ"

အိမ်ထဲကို စိတ်ပျက်လက်ပျက်နဲ့ ဝင်လာတဲ့ Newကို ဒေါ်သစ်သစ် မေးခွန်းထုတ်လိုက်သည်

"ဒီလိုပါပဲ...."

"သားကောင်မလေးနဲ့ အဆင်မပြေလို့လား..."

"ဟာ...မေမေကလည်း သားရည်းစားမရှိတာ မေမလည်း သိရဲ့သားနဲ့..."

"Tayမှာတောင် ချစ်ရမယ့်သူရှိနေပြီ...သားမှာရော မရှိဘူးလား..."

"သူ့အကြောင်း မေမေက ဘယ်လိုသိ"

"Tayပြောပြတာလေ...သူပြောတာ သူကြိုက်နေတဲ့ကောင်လေးက သားတို့ဆေးတက္ကသိုလ်ကပဲတဲ့"

*သေချာပါတယ်...Tayကြိုက်နေတာ Gunပဲနေမှာ...*

"Omm သားသိတယ်...သားပင်ပန်းလာလို့ နားတော့မယ်...ညနေ ထမင်းမစားတော့ဘူး...သားကိုမစောင့်နဲ့..."

Newလည်း အရွယ်ရောက်နေပြီမို့
သူ့အကြောင်းနဲ့သူရှိမှာပဲဆိုပြီး ခေါင်းညိမ့်ပြလိုက်သည်

၁နာရီလောက်ကြာတော့ Tayတစ်ယောက် ပြုံးဖြီးပြီး အိမ်ထဲဝင်လာခဲ့သည်

"Tay...Newဘာဖြစ်နေတာလဲ...မေးကြည့်ပေးပါလား
အန်တီ့ကိုဆို ပြောမှာမဟုတ်ဘူး..."

"Aww....ဟုတ်..."

"သားအပြင်က စားလာခဲ့လို့ ညစာ ဆင်းမစားတော့ဘူးနော်
..."

"....အေးအေး..."

>>>

"New!...New!...New!..."

ခေါ်နေပေမဲ့ အကြောင်းမပြန်.....
တံခါးကလည်း ဂျက်ထိုးမထားတော့ Tayဝင်လာခဲ့လိုက်သည်

ရေချိုးနေသံကြားတာမို့ ထိုင်စောင့်နေပေမဲ့...နာရီဝက်လောက်ထိ ရေချိုးခန်းထဲက ထွက်မလာလို့ ဝင်ကြည့်လိုက်တော့
ရေပန်းအောက်မှာ ဦးနေလင်း လက်ဆောင်ရထားတဲ့ ဝိုင်ပုလင်းကြီး ကိုင်ပြီး ထိုင်နေတဲ့ New....

"New...အအေးပတ်လိမ့်မယ်...အဝတ်အစားမြန်မြန်လဲ..."

Tayက ဆွဲထူမယ်လုပ်တော့ Tayလက်ကို ပုတ်ထုတ်လိုက်ပြီး

"မင်းနဲ့ ဘာဆိုင်လို့လဲ.....ငါ့ကို ဂရုစိုက်ချင်ယောင်ဆောင်မနေနက်...မင်း ထွက်သွားလိုက်တော့...သွား..."

မင်းနဲ့မှ...💙Where stories live. Discover now