​ေႁခြ - 1

19.4K 913 18
                                    


​​နွေအပူဒဏ်​ ကာကွယ်​ဖို့
ကိုယ့်အချစ်​​တွေနဲ့ ​​အေးချမ်းလှည့်ပါ....။

မိုး​ပေါက်​​လေး​တွေရဲ့ ကျီစယ်​မှုမှ​ရှောင်​တိမ်းဖို့
ကိုယ့်ရင်​ခွင်​မှာ ခိုလုံလှည့်ပါ....။

​ဆောင်းရဲ့ အ​အေးဒဏ်​ကို အံတုနိုင်​ဖို့
ကိုယ့်​မေတာ္တ​တွေနဲ့ ​နွေး​ထွေးလှည့်ပါ.....။

မင်းစိတ်​တိုင်းကျဖြစ်​​စေဖို့
ကိုယ့်နှလုံးသားကို '​ခြွေ ' လှည့်ပါ ချစ်​ရသူ......။

~~~~~~~~~~~~~~~~~~~~~~~~~~~
​​နီ​ဆွေး​နေတဲ့မေပယ်​​ပင်​​အောက်​၌
ရပ်​​နေဆဲဖြစ်​​​တဲ့
လူတစ်​​ယောက်​ဟာ နာကျင်​​နေ​
တဲ့နှလုံးသားတစ်​စုံနှင့်အတူ
အချိန်​​တွေကို ​နောက်​ပြန်​
ဆုတ်​လို့ရခဲ့လျှင်​ ဟူ၍​တွေး​ကောင်း ​တွေး​​နေလိမ့်မယ် ။

ကိုယ့်​ရှေ့​ရောက်​ရင်​အမြဲလိုလို
ပြုံး​နေတတ်​​တဲ့ မျက်​နှာနုနုလေး....
စိတ်​ဓာတ်​ကျတိုင်း နှစ်​သိမ့်​ပေးတဲ့
ရင်​ခွင်​တစ်စုံ...။
ဆံနွယ်​​တွေကို အကြိမ်ကြိမ်အခါခါ
သပ်​​တင်ပေးတတ်​တဲ့
လက်​သေး​သေး​လေးတွေ...။

စသဖြင့်် ထိုလူသားရဲ့
မြတ်​နိုးဖွယ်​ ပုံရိပ်​
​လေးများ အ​သေးစိတ်​​ပေါ်လာ
တာနှင့်ပင် အက်​ကွဲနေတဲ့ ရီသံနဲ့
အတူ မျက်​ဝန်းအိမ်​ထဲက
အရည်​ကြည်​များဟာ
ရက်​စက်​စွာကျဆင်းလာခဲ့ပြန်
တယ် ။

"ဟား"

ပြုပြင်လို့မရနိုင်​​တော့​တဲ့ အမှားနဲ့
​ဖြေမဆည်​နိုင်​​တဲ့
တစ်​သက်​စာ နာကျင်​မှုများကို
ဘယ်သောအခါမှပြန်လာတော့
မှာမဟုတ်တဲ့ထိုလူသားက
အကျည်းတန်​စွာ
ထားရစ်​ခဲ့​ပြီလေ...။

​မည်​သူတစ်​ဦး တစ်​​ယောက်​မျှ ​
ခြွေ ချခြင်းမရှိ​ .....
​​ကြွေ ကျလာ​တဲ့
မေပယ်​နီတို့ကို တရှိုက်​ငင်​ငင်​
​မော့ကြည့်ရင်း လက်​ဖဝါးနုနုအား
ဖြန့်ခံထားမိခဲ့တယ် .... ။

တစ်ပွင်ထဲသော...
​မေပယ်​ရွက်​ငယ်​​လေး တစ်​ရွက်​အား ခပ်​ကျစ်​ကျစ်
​ဆုပ်​ကိုင်​မိရင်း .........

ခြွေWhere stories live. Discover now