နွေအပူဒဏ် ကာကွယ်ဖို့
ကိုယ့်အချစ်တွေနဲ့ အေးချမ်းလှည့်ပါ....။မိုးပေါက်လေးတွေရဲ့ ကျီစယ်မှုမှရှောင်တိမ်းဖို့
ကိုယ့်ရင်ခွင်မှာ ခိုလုံလှည့်ပါ....။ဆောင်းရဲ့ အအေးဒဏ်ကို အံတုနိုင်ဖို့
ကိုယ့်မေတာ္တတွေနဲ့ နွေးထွေးလှည့်ပါ.....။မင်းစိတ်တိုင်းကျဖြစ်စေဖို့
ကိုယ့်နှလုံးသားကို 'ခြွေ ' လှည့်ပါ ချစ်ရသူ......။~~~~~~~~~~~~~~~~~~~~~~~~~~~
နီဆွေးနေတဲ့မေပယ်ပင်အောက်၌
ရပ်နေဆဲဖြစ်တဲ့
လူတစ်ယောက်ဟာ နာကျင်နေ
တဲ့နှလုံးသားတစ်စုံနှင့်အတူ
အချိန်တွေကို နောက်ပြန်
ဆုတ်လို့ရခဲ့လျှင် ဟူ၍တွေးကောင်း တွေးနေလိမ့်မယ် ။ကိုယ့်ရှေ့ရောက်ရင်အမြဲလိုလို
ပြုံးနေတတ်တဲ့ မျက်နှာနုနုလေး....
စိတ်ဓာတ်ကျတိုင်း နှစ်သိမ့်ပေးတဲ့
ရင်ခွင်တစ်စုံ...။
ဆံနွယ်တွေကို အကြိမ်ကြိမ်အခါခါ
သပ်တင်ပေးတတ်တဲ့
လက်သေးသေးလေးတွေ...။စသဖြင့်် ထိုလူသားရဲ့
မြတ်နိုးဖွယ် ပုံရိပ်
လေးများ အသေးစိတ်ပေါ်လာ
တာနှင့်ပင် အက်ကွဲနေတဲ့ ရီသံနဲ့
အတူ မျက်ဝန်းအိမ်ထဲက
အရည်ကြည်များဟာ
ရက်စက်စွာကျဆင်းလာခဲ့ပြန်
တယ် ။"ဟား"
ပြုပြင်လို့မရနိုင်တော့တဲ့ အမှားနဲ့
ဖြေမဆည်နိုင်တဲ့
တစ်သက်စာ နာကျင်မှုများကို
ဘယ်သောအခါမှပြန်လာတော့
မှာမဟုတ်တဲ့ထိုလူသားက
အကျည်းတန်စွာ
ထားရစ်ခဲ့ပြီလေ...။မည်သူတစ်ဦး တစ်ယောက်မျှ
ခြွေ ချခြင်းမရှိ .....
ကြွေ ကျလာတဲ့
မေပယ်နီတို့ကို တရှိုက်ငင်ငင်
မော့ကြည့်ရင်း လက်ဖဝါးနုနုအား
ဖြန့်ခံထားမိခဲ့တယ် .... ။တစ်ပွင်ထဲသော...
မေပယ်ရွက်ငယ်လေး တစ်ရွက်အား ခပ်ကျစ်ကျစ်
ဆုပ်ကိုင်မိရင်း .........