မနက်စာအတွက်ပြင်ဆင်ရာ၌ ယမန်နေ့တွေက
ထက်ပို၍ပင် ရွှင်လန်းနေရသည် ။မနေ့ညက
ဂျောင်ကု၏ စကားကြောင့်သာမက အပြုအမူ
တစ်စုံတစ်ခုကြောင့်ဖြစ်နိုင်မည် ။ကံကြမ္မာက ကျွန်တော့်ဘက်ကိုမျက်နှာသာ စတင်
ပေးလာပြီထင်ပါရဲ့....။မည်သ်ို့ပင် ထိုကောင်လေး၏
အချစ်ကိုမတောင်းဆိုဘူး ဆိုစေအုံးပေါ့...
ကိုယ်ကချစ်နေရသူဖြစ်တဲ့အတွက် တူညီသော
ချစ်ခြင်းတရားကိုလိုချင်တာပဲလေ...။ထိုစဉ်လေတချွန်ချွန်နှင့် အခန်းထဲမှထွက်ကာ
အပြင်သို့သွားရန် ပြင်နေသော ဂျောင်ကုနားသို့
လှစ်ခနဲ ပြေးသွားရင်းခြေဆုံး ခေါင်းဆုံးကြည့်မိသည် ။
ယနေ့မှ ထိုကလေးငယ်က ကြည့်ကောင်းအောင်ကို
ပြင်ဆင်ထားပါလား...။"ဘယ်သွားမလို့လဲ ဂျောင်ကု
အင်တာတိန်းမန့်ကိုပဲမလား မနက်စာစားသွားအုံးလေ""တော်ပြီ...မေမေ့ဆီကိုခဏသွားမလို့
စိတ်ချပါ ကျွန်တော်ကကိုယ့်တာဝန်ကိုယ်ကျေပါတယ်
ဒါနဲ့ ခင်ဗျားကရော မသွားဘူးလား အလုပ်ကို""အင်း ဟျောင်းဒီနေ့မသွားဖြစ်တော့ဘူး
အလုပ်တွေလဲသိပ်မရှိတော့ တစ်ရက်လောက်နား
မလို့"မျက်ခုံးတစ်ချက်ပင့်ရင်း ချာခနဲလှည့်ထွက်သွားသော
ကျောပြင်လေးကိုသာကြည့်ရင်း ကြည်နူးမိသည် ။
ယခင်ကလောက် မတင်းမာသောဆက်ဆံရေးတစ်
ခုတွင် အရာအားလုံးကိုနေသားကျချင်ပြီ ။ဂျောင်ကုရ...ဟျောင်းတို့ဒီအတိုင်းလေးဆက်သွား
ကြမယ်နော်...။ကိုယ့်အတွေးနဲ့ကိုယ်ပြုံးမိရင်း မီးဖိုချောင်ထဲသို့ဝင်
ကာ တစ်ယောက်စာအတွက်သာ ခူးခပ်ရင်း
မနက်စာအား စတင်လိုက်သည် ။ကောင်လေး
မရှိ၍ အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိပေမဲ့
ဖြေသာပါသေးသည် ။