"ဆက်ပြောစမ်း!! အဲ့တုန်းကဘာဖြစ်ခဲ့ကြတယ်
ဆိုတာကို ဆက်ပြောလိုက်စမ်း">>>>>>>>>>>>>>>>>>>>>
ချက်ချင်း သွားပြီး ချက်ချင်းပြန်လာမယ်လို့
ပြောသွားတဲ့လူက အခုဆိုရင်ဖြင့် 7နာရီကျော်
နေပြီ ။လူကိုတစ်ယောက်ထဲထားခဲ့ပြီး အရူးဖြစ်
အောင်လုပ်နေတာလားပဲ ။ဘယ်လောက်တောင်အရေးကြီးကိစ္စမလို့လဲ
မသိဘူး ဖုန်းလေးတစ်ချက်မဆက်သလို
မက်ဆေ့ချ်လေးတောင်တစ်စက်ကလေးမှ ပို့
မထားဘူး ။ဆိုးလိုက်တဲ့ ပတ်ခ်ဂျီမင်း။ကိုယ့်ဘက်က ဖုန်းဆက်ခေါ်တော့လဲ
လူကြီးမင်းခေါ်ဆိုသော နဲ့ပဲတွေ့တွေ့နေရတာ
ကြာတော့စိတ်မရှည်ဖြစ်လာခဲ့တယ် ။ဒါနဲ့ပဲ
အမြင်ကပ်ကပ် ဆက်တိုက်miss calledပေးမှ
ဝင်လာတာက စာတစ်စောင် ။📩 ရှင်းဟွာ ဆေးရုံ အခန်းနံပါတ်***ကိုလာ
ခဲ့ပါ ။
ဆိုပဲ...။ရုတ်တရက်ခေါင်းထဲဝင်လာတာ စိုးရိမ်မှု
တစ်ခု ။ဘာများဖြစ်လို့လဲဆိုသော အတွေးနဲ့တင်
ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့တာ ။
အရင်လိုလဲ ဇိုးခနဲဇက်ခနဲအပြင်ထွက်မရတော့
ပိုဆိုးသည် ။သို့သော် ကိုယ်ကအခုမှပွဲဦးထွက်ခါစမလား..။
နည်းနည်းပါးပါး ဖုံးပြီးထွက်လာခဲ့ရင်ဖြစ်တာပဲလေ ။
ကားကလဲထားခဲ့တာမဟုတ်တော့ Taxiငှါးပြီး
သာ အမြန်လိုက်လာခဲ့ရတော့သည် ။မက်ဆေ့ချ် ထဲကစာအတိုင်း ထိုအခန်းနံပါတ်
ထံသို့အပြေးအလွှား ။အခန်းရှေ့ရောက်တော့
ခပ်ဟဖွင့်ထားသည်တံခါးကြားတွင်တွေ့လိုက်
ရသည်က ဆေးရုံကုတင်ပေါ်က ခပ်တင်းတင်း
မျက်နှာသွယ်သွယ် ။သေချာတာကတော့
ဒါဟာဂျီမင်းဟျောင်းပင် ။ဘာကြောင့်များ ကုတင်ပေါ်မှာ ဆေးပိုက်
တန်းလန်းနှင့်ဖြစ်နေရသည်လည်းဆိုသော
စိုးရိမ်စိတ်ကြောင့် ဝင်မည်အလုပ် တံခါး
အကွယ်၌ ကြားလိုက်ရသော ကိုယ့်မဟုတ်
သည့် သူစိမ်းတစ်ယောက်လေသံ ။