ဆေးရုံပြတင်းပေါက်မှ အပြင်လောကကြီးအားဆွေး
ငေးရင်းထိုင်ကြည့်နေမိသည် ။ဆေးရုံဝတ်စုံလေး
များဝတ်ထားသော ကလေးငယ်အချို့က မိဘဖြစ်သူ
တို့နှင့်ကစားလို့ကစား...။တချို့ကျတော့ဖြင့်
Wheelchair ပေါ်မှာထိုင်နေသူတို့လဲရှိလျက် ။မေပယ်ရွက်နီနီတို့နှင့်အပြိုင် လှပတင့်တယ်နေ
သော ပတ်ဝန်းကျင် မှာကြည့်ရှုရသူ ဂျီမင်းအတွက်
တော့ တစ်ခဏမျှ စိတ်အေးငြိမ်းစေရသည် ။"အဟမ်း..ဟျောင်းသက်သာသွားပီလား"
ရုတ်တရက်အနောက်ထံပါးမှရောက်လာသော
စကားသံသည် သူချစ်ရပါသောလူသားလေး
ထံမှဆိုတာတော့ ဂျီမင်းအတပ်သိသဖြင့် လှည့်
မကြည့်ဘဲ ပြန်ဖြေမိသည် ။"အင်း.."
"ဘာဖြစ်လို့ ကျွန်တော့်ကိုမပြောပြတာလဲ"
"ခဏနေသက်သာသွားမယ်ထင်လ်ို့"
"ခင်ဗျား ဦးနှောက်မရှိဘူးလား..ဒီဒဏ်ရာက
ခဏနဲ့သက်သာမယ့်အရာမဟုတ်ဘူးဆိုတာ"ခင်ဗျားနဲ့ ဟျောင်းဆိုတဲ့အခေါ်အဝေါ်နှစ်ခုကြား
မှ မငြိမ်မသက်ဖြစ်နေတဲ့ဂျောင်ကုကြောင့် ဂျီမင်း
သဘောကျစွာတစ်ချက်ပြုံးရင်း ဂျောင်ကုထံသို့
လှည့်လာလိုက်သည် ။"ဟုတ်တယ်...ကိုယ်ဦးနှောက်မရှိဘူး..
ကိုယ်ကငတုံးလေ""ကျစ်....အဲ့လိုပြောချင်တာမဟုတ်ဘူးဆိုတာသိမှာ
ပါ""မသိဘူး ဂျောင်ကု..ကိုယ်ကတကယ့်ကိုတုံးအတဲ့သူ"
ဂျီမင်းအားစကားပြန်မပြောမိဘဲ တစ်ဖက်သို့လှည့်ကာ
ဂျောင်ကုသက်ပြင်းချလိုက်မိသည် ။ဒီလူတော်တော်
ပြောရဆိုရလက်ပေါက် ကပ်ပါလားလို့သာ အသံတိတ်
ကောက်ချက်ချလိုက်မိခြင်း..။လူနာတစ်ယောက်ဟု
မထင်ရအောင် မျက်နှာထက်တွင်အပြုံးတို့အားပန်
ဆင်ထားသူကြောင့် ဂျောင်ကုလဲမည်သို့မျှနား
မလည်နိုင်တော့ပေ ။