ထွက်သွားလုဆဲဆဲ လူသား၏လက်ကောက်ဝတ်အား
မိမိရရဆွဲဖမ်းရင်း ပါးလှပ်သောနှုတ်ခမ်းတစ်စုံပေါ်သို့
အရဲစွန့်ကာ ထပ်တူကျစေမိသည် ။ကိုယ်သိပ်ချစ်ရတဲ့
သူဆိုတာမင်းပဲ ဂျောင်ကု...။"ကိုယ်ကနေကြာပန်းလေးဆိုရင် မင်းကကိုယ့်ရဲ့
နေမင်းကြီးပဲ...တစ်နည်းအားဖြင့် မင်းကိုယ်ကိုအရမ်းချစ်တယ်"
၅စက္ကန့်လောက်မျှသာကြာသည်ထိ နှုတ်ခမ်းပါးနှစ်
စုံထိကပ်ပြီးနောက် ဂျောင်ကု၏မျက်ဝန်းထဲသို့
တည့်တည့်စိုက်ကြည့်မိသည် ။ထိုမျက်ဝန်းတို့ထဲ၌
ကြောက်ရွံမှု ရှက်ရွံ့မှု အံသြမှုတို့အစုံပြည့်နှက်နေ
သည်ကို ဂျီမင်းအတိုင်းသားတွေ့ရသည် ။ကိုယ် ကိုယ်တိုင်စတဲ့ဇာတ်လမ်းမလို့...ဖြစ်လာသမျှ
အဆိုးအကောင်းအကုန်ကိုယ်ပဲရင်ဆိုင်မှာပါ ။"ဟျောင်း....ဂျီမင်းဟျောင်း....
မဟုတ်သေးဘူးလေ...ဟျောင်းနောက်နေတာမလား
အဟားဟား"ပုရိသအချင်းချင်းချစ်ကြိုက်ရတာကို ဒီလောက်တောင်
မှရွံရှာရလား ဂျောင်ကုရယ်..။ဘာကြောင့် ဒီလောက်
ထိသွေးပျက်နေရတာလဲ...။"နောက်နေတာမဟုတ်ဘူးဂျောင်ကု"
စိုးထိတ်နေသောကောင်လေးထံသို့ ဂျီမင်းတစ်လှမ်း
တိုးတော့ ကြောက်ရွံစွာ နောက်သို့တစ်လှမ်းပြန်
ဆုတ်သွားသောဂျောင်ကု...။မင်းအဲ့လောက်ထိ
မတုန်လှုပ်ပြနဲ့လေ....ကိုယ်ပြိုလဲသွား
မှာပေါ့...။အခုမှ အားစမွေးတုန်းပဲရှိသေးတာလေ
ကွာ...။"မဟုတ်ဘူးလို့....ဘာလို့ကျွန်တော်ဖြစ်နေရတာလဲ
မဖြစ်နိုင်တာတွေဗျာ""ဘာလို့မဖြစ်နိုင်ရမှာလဲ လူတစ်ယောက်က
လူတစ်ယောက်ကိုချစ်တာပဲလေ""မချစ်နဲ့...ခင်ဗျားချစ်တာကိုမလိုချင်ဘူး...
ဒီမှာပတ်ခ်ဂျီမင်း ကျနော်ကအဲ့လိုgayတွေဆို
သိပ်ရွံတာ "