အနာဂတ်မှာတောင် မင်းပြန်ချစ်မယ်မချစ်ဘူးဆို
တာမသေချာတဲ့အနေအထားတစ်ခုမှာ ကိုယ်
တော်တော်ခံစားနေရပြီ ။ဘယ်လိုပဲနာကျင်ပါစေ
မင်းမုန်းမုန်းချစ်ချစ် ကိုယ့်အနားမှာပဲထာဝရရှိစေ
ချင်မိတာ..။မင်းသာ ကိုယ်နဲ့ဝေးရာထွက်သွားခဲ့
မယ်ဆိုရင် ဒီလောကကြီးမှာရှင်သန်နေလဲ ကိုယ့်
ဟာ ဗလာနတ္ထိ...။ယခင်ကဆိုတည်တည်တံ့တံ့နှင့် မည်မျှမပြောမဆိုပဲ
နေတတ်သည့်ကျွန်တော်က ယခုအခါကျမှsocial
သိပ်ကျလွန်းသည့် ပတ်ခ်ဂျီမင်းဖြစ်နေ၏ ။ထိုအချင်းအရာမှာတော့ မွေးနေ့ဆိုသည့် မကြီးကျယ်
မခမ်းနားသောပွဲတွင် ကိုယ့်တစ်သက်မှတစ်ကိုယ်
ချစ်ရသည့် လူသားနှင့်အတူရှိနေခြင်းကြောင့် တက်
ကြွနေသည်သာဖြစ်မည် ။အလုပ်ခွင်ရှိရာထူးကြီးငယ်မရွေးနှင့် စကားလက်ဆုံ
နေသော ကျွန်တော့်ကြောင့် တချို့သောလူတွေမှာလဲ
လွတ်လပ်ပေါ့ပါးစွာရှိနေလေသည် ။စကားဖြတ်ရန်
ကြံသော်ငြားလည်း အလွန့်ကိုမှ စကားဖောင်ဖွဲ့တတ်
သော ကျွန်တော့်ဝန်ထမ်းများကြောင့် ထိုအခြေနေမှ
ရုန်းထွက်ရန် ကျပ်တည်းနေလေသည် ။တစ်ချက်တစ်ချက်ဆိုသလို ကျွန်တော်ထားခဲ့သည့်
နေရာ၌ တစ်ယောက်ထဲအဖြစ်ကျန်ရှိနေခဲ့သော
ကောင်လေးထံသို့ အကြည့်တို့ကရောက်စမြဲ..။ထိုစဉ် အအေးခွက်လေးချကာ အနောက်ဘက်တစ်
နေရာသို့ထွက်သွားသော ဒီကောင်လေးကြောင့်
ကျွန်တော်လဲ ဝန်ထမ်းအသီးသီးအား နူးညွတ်ရင်း
ထိုကောင်လေးနောက်သို့လိုက်သွားမိသည် ။ပြောရရင်တော့ ရယ်စရာကောင်းနေလိမ့်မည် ။
ကျွန်တော်ဆိုသော ပတ်ခ်ဂျီမင်းက အထက်တန်းအောင်
ပြီးသား လူငယ်လေးတစ်ယောက်အား ဘယ်သွား
သွားဘယ်လာလာ စိတ်မချဖြစ်နေသည်ဆိုတာပေါ့ ။"ဘယ်များသွားတာလဲ"
တစ်ကိုယ်တည်း ရေရွတ်ရင်းလိုက်လံပတ်ရှာပြီးသည့်
နောက် ဂျောင်ကု၏အရိပ်အယောင်တောင် မတွေ့ရ
၍ စိုးရိမ်စိတ်တို့က အတိုင်းမသိကြီးထွားလျက် ။