အချစ်ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက်
အတွက်လက်ခံရရှိခြင်းနဲ့ တုံ့ပြန်မှုပုံတို့ကမတူညီ
ကြဘူး...။တချို့ဆို နူးညံစွာဆင်းသက်လာပြီး
တချို့ကြပြန်တော့လဲ ကြမ်းတမ်းရိုင်းစိုင်းစွာရောက်
ရှိလာတတ်ကြတယ်...။မထင်မှတ်စွာပြန်ထွက်သွား
တတ်သလို တစ်သက်လုံးလဲအတူရှိနေတတ်ပြန်
တယ် ။ဒါပေမဲ့ ကျွန်တော့်ရဲ့အချစ်ကတော့ ကျနော့်ကိုရှောင်
နေတတ်တယ်....။တစ်ခါတလေ စိမ်းကားသလို
တစ်ခါတလေကျပြန်တော့ သူမတူအောင်ဂရုစိုက်ပေး
ပြန်တယ်...။မင်းကိုချစ်လို့ ရူးသွားမယ်ဆိုရင်တောင် ကိုယ်က
ကမာ္ဘ့အပျော်ဆုံး အရူးပဲဖြစ်သွားလောက်မယ်
ဂျောင်ကု...။"ဂျီမင်း..ပတ်ခ်ဂျီမင်းရေ ပြုံးပြီးသေနေအုံးမယ်"
ကိုယ့်အတွေးနဲ့ကိုယ်ပြုံးနေမိတုန်း ဟိုဆော့ရောက်
နေတာတောင်သတိမထားမိပေ ။တကယ်ပါ ကိုယ်က
အရာရာကိုမေ့လျော့နိုင်လောက်အောင်ထိ မင်းအ
ကြောင်း တစ်ခုတ်တစ်ရတွေးနေချင်တာ ။"ဟင် ဟိုဆော့ရ ဘာကိစ္စရှိလို့လဲ"
"ရှိတယ် ရှိတယ် အဟင်း
မင်းဂျွန်ဂျောင်ကုကို ပွဲဦးထုတ်ပေးမို့ခေါ်တာလား
အလှကြည့်ဖို့ခေါ်ထားတာလား""အလှကြည့်ဖို့"
"ဘာ...."
"အဟား စတာပါကွာ..ဘာလို့အလှကြည့်ရမှာလဲ အလှ
ကြည့်ချင်းကြည့် ငါ့မျက်နှာပဲမှန်ထောင်ပြီးကြည့်
နေတော့မှာပေါ့"ရယ်ကျဲကျဲပြောလာသော ဂျီမင်းစကားကြောင့်
ဟိုဆော့ နှုတ်ခမ်းအားမဲ့ကာ မျက်စောင်းထိုးလိုက်
လေသည် ။"အေး မင်းလေ့ကျင့်ဖို့တွေ လှုပ်ရှားသင့်ပီနော်
ဒါမှမဟုတ် ဒီနေ့လာခိုင်းလိုက်"