Part - 5 (Unicode)

686 71 2
                                    

Yoongi's Pov:
ဟိုကောင်လေးကို ကော်ဖီဆိုင်ကို ချိန်းလိုက်တာ မှန်လားတော့ မသိပေမယ့် မနက်က ကောင်လေးကို စကားပြောတာ မာသွားတာတော့ သေချာတယ် မတတ်နိုင်ဘူးကွာ ငါလဲ ဒီပုံစံပဲ ပြောတတ်တာ ဒါနဲ့ သူက ငါကို ဘာလို့ အစ်ကိုလို့ ခေါ်တာလဲ

Man 1 : Yoongi ရေ...Customer စောင့်နေတယ်ကွ ဘာတွေ ငိုင်နေတာလဲ ဒီနေ့မှ

ငါလဲ ဘာလို ဒီနေ့မှ အတွေးတွေ များနေလဲ မသိတော့ဘူး
.
.
.
.
အချိန်တွေသာ ကြာသွားလို့ ဆိုင်ပိတ်ချိန်သာ နီးသွားတာ ကောင်လေးက ပေါ်မလာဘူးရယ်။ ပေါ့ပျက်ပျက် လူစားပဲ ထင်ပါတယ်။
အော်.... Min Yoongi ကို ဘယ်သူမှ အလေးမထားဘူးပဲ။ ဟုတ်တယ် အဲ့တချက် မေ့နေခဲ့တာ ဟက်

ရင်ထဲက မကျေနပ်ခြင်းနဲ့ ဆိုင်ပိတ်ဖို့ ပြင်လိုက်တော့တယ်။ ရွံ့တယ် အဲ့လို ပြုံးဖြီးနေတတ်တဲ့ကောင်တွေကို။
.
.
.
.
.
Hoseok's Pov::
ကျောင်းစတက်တုန်းက မှောင်ကြုတ်နေတဲ့ မျက်နှာနဲ့ လူက သူကို စကား လာပြောတယ်။ သူက ဟိုတနေ့က ရန်ဖြစ်နေတဲ့ အထဲက သူကူညီပေးလိုက်တဲ့ လူဖြစ်နေတယ်။ လာပြောတာက ကျေးဇူးတင်တဲ့အကြောင်း၊ ကော်ဖီဆိုင်လေးကို လာခဲ့ပေးဖို့။ အဲ့တာကြောင့် သူက ငါ့နာမည်ကို ခေါ်ခဲ့တာပဲ။ ဟင်... သူနာမည်ကရော ဘာလဲ ၊ မမေးမိလိုက်ဘူးပဲ....,,,

Taehyung: Hey Hoseoka!!!!

အော်ခေါ်ရင်း Hoseok ကို ပုခုံးကို ပုတ်လိုက်တော့ လောလောလတ်လတ် ဒဏ်ရာက နှစ်ဆ ပဲ

Taehyung: မနက်က အဆင်ပြေရဲ့လား အိမ်က

Hoseok: အင်း ပြေပါတယ် အများကြီး မဆိုးပါဘူးကွာ

Taehyung's Pov: မျက်ရည်ဝဲနေတာလား။ စိတ်ပဲထင်လို့လား မသိဘူး သူ့မျက်နှာမှာ စိတ်ရှုပ်နေတဲ့ ပုံစံ

Taehyung: အတန်းမတက်ခင် ကန်တင်းသွားရအောင်ကွာ ... လာ ငါလဲ မနက်စာ မစားလာဘူးကွ

Hoseok: အေး သွားမယ်ကွာ

At Canteen,,

Taehyung: Min Yoongiနဲ့ သိခဲ့တာလား

Hoseok: ဟမ်.. ငါလား ဘယ်သူကိုလဲ

Taehyung: အင်း ခုနက စကားပြောနေကလို့လေ

Hoseok: အာ သူ့နာမည်က Min Yoongi လား။ မသိပါဘူး ဟိုတနေ့က ကူညီပေးလို့ လာကျေးဇူးတင်တာပါ

All I need is You (Zawgyi + Unicode) Where stories live. Discover now