Part 2 (Unicode)

1K 87 4
                                    

Yg Mom: Yoongi အမေသွားမယ် အဆင်ပြေအောင် နေထား ကြားလား

Yoongi : အင်းပါ ပိုက်ဆံတော့ သေချာပေါက် လွဲပေးထားနော်
.
.
.
ကျောင်းက ပြန်ရောက်တုန်း အမေ ရက်ရှည်လကြာ ခရီး ထွက်မယ်ဆိုတာပြောသံကြားတယ် အင်း စီးပွားရေးကိစ္စသက်သက်တဲ့

ထွေထွေထူးထူး မရှိတာမို့ အခန်းထဲဝင်ပြီး
အချိန်ပိုင်း အလုပ်သွားဖို့ ပြင်နေတုန်း မနက်က ကျောင်းသားသစ်ကို သတိရသွားတယ်

သူကို ကြည့်ရတာ တက်ကြွလွန်းနေတယ် ကျွန်တော် အဲ့လို လူတွေကို မကြိုက်ဘူး
ကျွန်တော်အတွက် ရှုပ်တယ် တောက်ပလွန်းတဲ့ သူ့အပြုံးက ဖော်ရွေ့တတ်မယ်ဆိုတာ သိတယ် ဒါတွေက ကျွန်တော်လို လူပေါင်းမဆန့်တဲ့ လူကို လှောင်နေသလိုပဲ

သိပ်မကြာပါဘူး သူ့ဘေးနားက မိန်းကလေး ယောက်ျားလေး အစုံနဲ့  အခေါ်အပြော လုပ်နေတာ ကျွန်တော်ထက်တောင် အတန်းထဲက လူတွေနဲ့ ပိုရင်းနှီးသွားပြီ ထင်တယ်
ထားပါ ။ ဆက်တွေးနေလဲ စိတ်ပျက်စရာပဲ ရှိမှာမို့
အလုပ်သွားဖို့ သာ ပြင်လိုက်တယ်

_____________________________

ကျွန်တော်က ကော်ဖီ ကြိုက်တယ် ဒါကြောင့် ဝင်လိုက်တာနဲ့ ကော်ဖီအနံ့သင်းခနဲ ရလာတဲ့ ဒီကော်ဖီဆိုင်မှာ ကျွန်တော် အလုပ်လုပ်ခဲ့တယ်
တကယ်ပါ ဒီဆိုင်က နာမည်ကြီး မဟုတ်ပေမယ့် ကျွန်တော် အတွက် တော့ ဆွဲဆောင်မှုပဲ

ချွမ် """"""

Customer တစ်ယောက် ဝင်လာပြီးပဲ

Yoongi : အစ်ကို ဘာသုံးဆောင်မလဲ ခင်ဗျာ
( အော်..... မနက်က ကျောင်းသားအသစ်ပဲ)

Hoseok : အကို ကော်ဖီထဲမှာ ပျော့တဲ့ အမျိုးအစား ရှိလား

Yoongi : Cuppichino သောက်မလား အစ်ကို

Hoseok : ဟုတ် အဲ့ဒါပဲ ပေးပါ 😁

( Yoongi Pov: တကယ်ကို အူကြောင်ကြောင်
နိုင်တာပဲ )

အချိန်အတော် ကြာသည်အထိ Hoseok
အဲ့ဆိုင်လေးမှာ ထိုင်မိသည်။

Hoseok's Pov: အိမ် ခဏလောက် မပြန်လဲ အဆင်ပြေတယ် မဟုတ်လား ပြည့်ကျပ်နေတဲ့ ရင်ဘက်လဲ နာကျင်စရာများလွန်းလို့  ထုံနေပြီ ထင်တယ် ဟူး

All I need is You (Zawgyi + Unicode) Where stories live. Discover now