Part - 4 (Unicode)

705 84 3
                                    

Yoongi's Pov:

ပြီးသွားခဲ့ပါပြီ နေ့တစ်နေ့တော့
မနက်ဖြန် ကျောင်းသွားတက်ရဖို့ ပြင်ရမယ်
ဟိုကောင်လေးကိုလဲ ကျေးဇူးတင်ကြောင်းတော့ နဲနဲ ပြောသင့်တယ် ထင်တယ်
​ဒါနဲ့ ညနေစာ စားဖို့ ထွက်ဝယ်မယ်အလုပ်

"""Ting""""

အမေဆီက ဝင်လာတဲ့ ပိုက်ဆံလွဲထားတဲ့ msg
လွဲလိုက်တဲ့ ပမဏက အရမ်းတွေ များလွန်းတော့ မှင်တောင် သက်မိတယ်
အမေ အဲ့လောက်ပဲ အဆင်ပြေနေတာလား
ငါကို ဒီလောက်တောင် လွဲပေးထားတာဆိုတော့
သူ့ဆီမှာဆိုရင် သုံးမကုန်နိုင်တဲ့ ပမာဏလောက်များရှိနေမလားပဲ
.
.
ထားလိုက်ပါတော့ လွဲပေးတော့လဲ သုံးရတာပေါ့
.
.
ဟင် Hoseok
အဲ့ကောင်လေးက ဒီနားမှာ ဘာလာ လုပ်တာလဲ
Kim Taehyung နဲ့ပါလား

ဆန်ပြုတ်သောက်မလို့ ထွက်လာလိုက်တာ
ဆိုင်ထဲမှာ သူတိုနှစ်ယောက် ရယ်မောလို့

ဟက် Kim Taehyungလိုကောင်မျိုးကတောင်
သူနဲ့ အပေါင်းအဖော် လုပ်ရတယ်တဲ့လား
ဒါဆို သူလဲ ခေတဲ့ အသိုင်းအဝိုင်း ထဲကတော့ မဟုတ်ဘူးပဲ
ကျေးဇူးတင်စကားတောင် ခေါက်ထားလိုက်
ရင်ကောင်းမလား
.
လာရာ လမ်း ပြန်လှည့်ပြီး ခေါက်ဆွဲပြုတ်ပဲ စားလိုက်ရတာပေါ့
.
.
.
ညတာကတော့ ရှည်အုံးမယ်နဲ့ တူတယ်
အမေ............
သံယောဇဉ် ခင်ခင်တွယ်တွယ်တော့ မရှိပေမယ့်
သွေးသားရင်းဆိုတဲ့လူ တစ်ယောက်တော့ ကျန်နေသေးတာပဲလေ
သူမအကြောင်းလဲ အများကြီး စဉ်းစားမိတယ်
အခုလို အထီးကျန်နေရင်ပေါ့
သူမကိုလဲ မေးခွန်းတွေ အများကြီး ရှိနေတယ်
မေးချင်တဲ့ စိတ်လဲ မရှိဘူး
တကယ်ဆိုရင် ပြောလာမယ့် အဖြေတွေကို မကြားချင်ဆုံး ဖြစ်နေတယ် ထင်တယ်
.
.
.
.
NEXT DAY ,,,,,,,,,,,,,,,

အဖေ စိတ်ပူမနေနဲ့ ကျွန်တော်က ညက
သူငယ်ချင်းတစ်ယောက်ဆီမှာ အိပ်တာ။ အဆင်ပြေတယ်။ သိတယ် စောစော ပြန်ခဲ့မှာ

Taehyung' POV :

နိုးလာလာချင်း ဝင်လာတဲ့ အသံစူးစူးလေးကြောင့်
နားဝင်ချိုတယ် ထင်ရပေမယ့်
တကယ်တမ်း ပြောနေတဲ့ သူရဲ့ မျက်နှာ ကြည့်လိုက်တော့ ဝမ်းနည်းနေတဲ့ ပုံစံပဲ
.
Hoseok ရဲ့ နောက်တစ်ချက်က လျှိုဝှက်နိုင်လွန်းတာပဲ။ သူ ခံစားနေရတာတောင် သိုသိပ်ပြီး ထိန်းထားနိုင်တယ်
Hoseoka မင်းအကြောင်း ပိုသိချင်တယ်ကွာ

All I need is You (Zawgyi + Unicode) Where stories live. Discover now