Part - 4 (Zawgyi)

236 27 0
                                    

Yoongi's Pov:

ပြီးသွားခဲ့ပါပြီ နေ့တစ်နေ့တော့
မနက်ဖြန် ကျောင်းသွားတက်ရဖို့ ပြင်ရမယ်
ဟိုကောင်လေးကိုလဲ ကျေးဇူးတင်ကြောင်းတော့ နဲနဲ ပြောသင့်တယ် ထင်တယ်
ဒါနဲ့ ညနေစာ စားဖို့ ထွက်ဝယ်မယ်အလုပ်

"""Ting""""

အမေဆီက ဝင်လာတဲ့ ပိုက်ဆံလွဲထားတဲ့ msg
လွဲလိုက်တဲ့ ပမဏက အရမ်းတွေ များလွန်းတော့ မှင်တောင် သက်မိတယ်
အမေ အဲ့လောက်ပဲ အဆင်ပြေနေတာလား
ငါကို ဒီလောက်တောင် လွဲပေးထားတာဆိုတော့
သူ့ဆီမှာဆိုရင် သုံးမကုန်နိုင်တဲ့ ပမာဏလောက်များရှိနေမလားပဲ
.
.
ထားလိုက်ပါတော့ လွဲပေးတော့လဲ သုံးရတာပေါ့
.
.
ဟင် Hoseok
အဲ့ကောင်လေးက ဒီနားမှာ ဘာလာ လုပ်တာလဲ
Kim Taehyung နဲ့ပါလား

ဆန်ပြုတ်သောက်မလို့ ထွက်လာလိုက်တာ
ဆိုင်ထဲမှာ သူတိုနှစ်ယောက် ရယ်မောလို့

ဟက် Kim Taehyungလိုကောင်မျိုးကတောင်
သူနဲ့ အပေါင်းအဖော် လုပ်ရတယ်တဲ့လား
ဒါဆို သူလဲ ခေတဲ့ အသိုင်းအဝိုင်း ထဲကတော့ မဟုတ်ဘူးပဲ
ကျေးဇူးတင်စကားတောင် ခေါက်ထားလိုက်
ရင်ကောင်းမလား
.
လာရာ လမ်း ပြန်လှည့်ပြီး ခေါက်ဆွဲပြုတ်ပဲ စားလိုက်ရတာပေါ့
.
.
.
ညတာကတော့ ရှည်အုံးမယ်နဲ့ တူတယ်
အမေ............
သံယောဇဉ် ခင်ခင်တွယ်တွယ်တော့ မရှိပေမယ့်
သွေးသားရင်းဆိုတဲ့လူ တစ်ယောက်တော့ ကျန်နေသေးတာပဲလေ
သူမအကြောင်းလဲ အများကြီး စဉ်းစားမိတယ်
အခုလို အထီးကျန်နေရင်ပေါ့
သူမကိုလဲ မေးခွန်းတွေ အများကြီး ရှိနေတယ်
မေးချင်တဲ့ စိတ်လဲ မရှိဘူး
တကယ်ဆိုရင် ပြောလာမယ့် အဖြေတွေကို မကြားချင်ဆုံး ဖြစ်နေတယ် ထင်တယ်
.
.
.
.
NEXT DAY ,,,,,,,,,,,,,,,

အဖေ စိတ်ပူမနေနဲ့ ကျွန်တော်က ညက
သူငယ်ချင်းတစ်ယောက်ဆီမှာ အိပ်တာ။ အဆင်ပြေတယ်။ သိတယ် စောစော ပြန်ခဲ့မှာ

Taehyung' POV :

နိုးလာလာချင်း ဝင်လာတဲ့ အသံစူးစူးလေးကြောင့်
နားဝင်ချိုတယ် ထင်ရပေမယ့်
တကယ်တမ်း ပြောနေတဲ့ သူရဲ့ မျက်နှာ ကြည့်လိုက်တော့ ဝမ်းနည်းနေတဲ့ ပုံစံပဲ
.
Hoseok ရဲ့ နောက်တစ်ချက်က လျှိုဝှက်နိုင်လွန်းတာပဲ။ သူ ခံစားနေရတာတောင် သိုသိပ်ပြီး ထိန်းထားနိုင်တယ်
Hoseoka မင်းအကြောင်း ပိုသိချင်တယ်ကွာ

All I need is You (Zawgyi + Unicode) Where stories live. Discover now