Part - 5 (Zawgyi)

235 26 0
                                    

Yoongi's Pov:
ဟိုကောင်လေးကို ကော်ဖီဆိုင်ကို ချိန်းလိုက်တာ မှန်လားတော့ မသိပေမယ့် မနက်က ကောင်လေးကို စကားပြောတာ မာသွားတာတော့ သေချာတယ် မတတ်နိုင်ဘူးကွာ ငါလဲ ဒီပုံစံပဲ ပြောတတ်တာ ဒါနဲ့ သူက ငါကို ဘာလို့ အစ်ကိုလို့ ခေါ်တာလဲ

Man 1 : Yoongi ရေ...Customer စောင့်နေတယ်ကွ ဘာတွေ ငိုင်နေတာလဲ ဒီနေ့မှ

ငါလဲ ဘာလို ဒီနေ့မှ အတွေးတွေ များနေလဲ မသိတော့ဘူး
.
.
.
.
အချိန်တွေသာ ကြာသွားလို့ ဆိုင်ပိတ်ချိန်သာ နီးသွားတာ ကောင်လေးက ပေါ်မလာဘူးရယ်။ ပေါ့ပျက်ပျက် လူစားပဲ ထင်ပါတယ်။
အော်.... Min Yoongi ကို ဘယ်သူမှ အလေးမထားဘူးပဲ။ ဟုတ်တယ် အဲ့တချက် မေ့နေခဲ့တာ ဟက်

ရင်ထဲက မကျေနပ်ခြင်းနဲ့ ဆိုင်ပိတ်ဖို့ ပြင်လိုက်တော့တယ်။ ရွံ့တယ် အဲ့လို ပြုံးဖြီးနေတတ်တဲ့ကောင်တွေကို။
.
.
.
.
.
Hoseok's Pov::
ကျောင်းစတက်တုန်းက မှောင်ကြုတ်နေတဲ့ မျက်နှာနဲ့ လူက သူကို စကား လာပြောတယ်။ သူက ဟိုတနေ့က ရန်ဖြစ်နေတဲ့ အထဲက သူကူညီပေးလိုက်တဲ့ လူဖြစ်နေတယ်။ လာပြောတာက ကျေးဇူးတင်တဲ့အကြောင်း၊ ကော်ဖီဆိုင်လေးကို လာခဲ့ပေးဖို့။ အဲ့တာကြောင့် သူက ငါ့နာမည်ကို ခေါ်ခဲ့တာပဲ။ ဟင်... သူနာမည်ကရော ဘာလဲ ၊ မမေးမိလိုက်ဘူးပဲ....,,,

Taehyung: Hey Hoseoka!!!!

အော်ခေါ်ရင်း Hoseok ကို ပုခုံးကို ပုတ်လိုက်တော့ လောလောလတ်လတ် ဒဏ်ရာက နှစ်ဆ ပဲ

Taehyung: မနက်က အဆင်ပြေရဲ့လား အိမ်က

Hoseok: အင်း ပြေပါတယ် အများကြီး မဆိုးပါဘူးကွာ

Taehyung's Pov: မျက်ရည်ဝဲနေတာလား။ စိတ်ပဲထင်လို့လား မသိဘူး သူ့မျက်နှာမှာ စိတ်ရှုပ်နေတဲ့ ပုံစံ

Taehyung: အတန်းမတက်ခင် ကန်တင်းသွားရအောင်ကွာ ... လာ ငါလဲ မနက်စာ မစားလာဘူးကွ

Hoseok: အေး သွားမယ်ကွာ

At Canteen,,

Taehyung: Min Yoongiနဲ့ သိခဲ့တာလား

Hoseok: ဟမ်.. ငါလား ဘယ်သူကိုလဲ

Taehyung: အင်း ခုနက စကားပြောနေကလို့လေ

Hoseok: အာ သူ့နာမည်က Min Yoongi လား။ မသိပါဘူး ဟိုတနေ့က ကူညီပေးလို့ လာကျေးဇူးတင်တာပါ

Taehyung: အာ Yoongi hyung ​က အဲ့လိုတွေတောင် ရှိတတ်တာပေါ့ အင်း မဆိုးပါဘူး စားပြီးရင် သွားမယ်လေ Hoseok

Hoseok: Ok

အတန်းထဲ ဝင်လာတော့ မျက်စောင်ထိုးမှာ မှောက်အိပ်နေတဲ့ ခုနလေးတင်မှ စကားပြောခဲ့တဲ့ Min Yoongi
သူနဲ့စကားပြောရတာ အဆင်ပြေမယ်လို့ မမျှော်လင့်မိ။
သူကြည့်ရတာလဲ အမြဲတမ်း တစ်ယောက်တည်းပဲ။
ကျနော်တို့ထက် တစ်နှစ်ကြီးတယ်လို့ Taehyung ပြောတယ်။ အကြောင်းအမျိုးမျိုးကြောင့် တစ်နှစ်အောက်ထားတာတဲ့။ ချိန်းထားတာတော့ မပြတ်အောင် လာမှာပါ Min Yoongi

အတန်းချိန်ပြီးတော့ Taehyung ကို သူပါသာ ပြန်မယ်ဖြစ်ကြောင်း ပြောပြလိုက်တယ်။ သူလဲ ကော်ဖီဆိုင်လေးကို သွားမယ်ပေါ့။ သူ့လေသံအေးအေးကို ရှိန်မိတာကလွဲလို့ အဆင်ပြေမယ်ထင်တာပဲ။ အတွေးတစနဲ့ လွှင့်နေတုန်း အဖေဆီက ဝင်လာတဲ့ ဖုန်း
.
.
.
.
အခြေအနေကတော့ ကလေးမွေးထားတဲ့ မိန်းမကို စိတ်ပြေလက်ပျောက်ဖို့ ပြည်တွင်းခရီးစဉ် သွားကြမယ်တဲ့လေ။ အဖေက အမေတုန်းက အဲ့လောက် မစဉ်းစားပေးခဲ့ဖူးဘူး။ ဒီမိန်းမနဲ့မှ ယုယမှုတွေ အပြည့်နဲ့၊ သားအရင်းကိုတောင် လှည့်မကြည့်နိုင်တဲ့အထိ၊ သူပြောတာကတော့ အမေ့ရဲ့သား မို့တဲ့
.
.
အဲ့တာကြောင့် သူတို့ရဲ့ တောက်တိုမယ်ရ တွေ ပြင်ဆင်ပေးနေခဲ့ရတဲ့နဲ့ မိုးချုပ်သွားတာတောင် မသိလိုက်မိဘူး။ ၈ နာရီ ထိုးခါ နီးလောက်မှ ခြေကုန်လက်ပန်းနဲ့ ဗိုက်ဆာလို့ စဉ်းစားနေတုန်းမှ သတိရလာတဲ့ ချိန်းဆိုမှု

ကတိမပျက်ချင်တဲ့ လူတစ်ယောက်မို့ ပင်ပန်းနေတဲ့ကြားထဲက ဆိုင်လေးရှိရာ အမြန်ပြေးခဲ့တယ်။ Min Yoongi လေသံတွေ အေးပေမယ့် လေးနက်မှုက သူ့မျက်လုံးကတဆင့်က ခံစားရမိတာမို့၊ အားနာစိတ်တွေ ဖြစ်မိပါတယ် ။ ဒါပေမယ့်လဲ ရောက်သွားတော့ ပိတ်ထားပြီးနှင့်
ကော်ဖီဆိုင်လေး

ကျနော် မနက်ကျမှ သေချာရှင်းပြပြီး တောင်းပန်ဖို့ အခွင့်ရှိပါစေ လို့သာ မျှော်လင့်ရင်း ဗိုက်ဖြည့်ဖို့ ဟိုတနေ့က
store ဆိုင်လေးထဲ အဝင်.....
.
.

""" Ah Min Yoongi """

(18.05.2021)
/
/
//
//
///
///
///
(N.Sweety)
-------------------------------------------------

အားနာနာနဲ့ပဲ author's note လေးကို ရေးလိုက်ပါတယ်။ နိုင်ငံရေးကြောင့်ရော၊ အင်တာနက် အဖြတ်ခံရတာတွေရော စသဖြင့် ခက်ခဲနေတဲ့အတွက်ကြောင့် ဒီ fic လေး update ဖို့ delay ဖြစ်ရတဲ့အတွက် တောင်းပန်ပါတယ်။ အခု fic update ပေးခြင်းက readers nim တွေအတွက် သေးသေးလေးလောက် စိတ်အပန်းဖြေနိုင်ဖို့အတွက်ပါ။ နွေဦးတော်လှန်ရေးကတော့ သွေးမအေးသေးတဲ့အတွက် အာဏာရှင်ကို တွန်းလှန်နေအုံးမှာပါ။ အဲ့အတွက်ကြောင့် delay တွေ ရှိနိုင်သေးတဲ့အတွက်ကြောင့် ကြိုတောင်းပန်ပါတယ်နော် 🙏
စောင့်နေပေးပါ 🙏🙏

All I need is You (Zawgyi + Unicode) Where stories live. Discover now