Part 3 (Unicode)

857 97 6
                                    

မနေ့ညက ဟိုဘက်ကောင်တွေက အခဲမကျလို့ လာပြန်ချရင်း သုံးယောက် တစ်ယောက်ဆိုတော့
ကျွန်တော် အတွက် မခုခံနိုင်တဲ့ အခြေအနေ ဖြစ်သွားခဲ့တယ်
သူ..... Hoseok.. သူသာ မလာရင် ကျွန်တော့် ဘဝက အဲ့နေရာမှာတင် အဆုံးသတ်သွားနိုင်
တယ်....  မဆိုးပါဘူး အဲ့ကောင်လေးလဲ သတ္တိရှိတာတော့ မဟုတ်ပေမယ့် သူ့ဉာဏ်တစ်ထွာလေးကတော့ ထက်သားပဲ မရှိတဲ့ ရဲကိုတောင် လှမ်းခေါ်နေသေးတယ်
သူ့နာမည်ကို ညက ဘယ်လိုတောင် ထွက်သွားမိတာလဲ သူလဲ အံဩသွားသလို နာမည်တွေ မမှတ်တတ်တဲ့ ကျွန်တော်လို လူကလဲ သတိရဖြစ်နေတာက ပို အံဩဖို့ကောင်းတယ်
.
.
.
.
.
ဒီနေ့ မနက်ကတော့ ခွင့်ရက်ပဲပေါ့ ကျွန်တော်မှ မထနိုင်တော့တာ
.
.
.
Hoseok's Pov :
မနေ့က အိမ်ပြန်ရောက်တော့ ညက တော်တော် မိုးချုပ်တယ်တော့ အိမ်တံခါးတွေ ပိတ်ထားကြပြီးပြီ
သေချာတယ် ကျွန်တော်သာ နှိုးပြီး ဖွင့်ခိုင်းရင်
အခုမှ ကလေးမွေးထားတဲ့ မိန်းမကို အနှောင့်အယှက်ပေးရ ကောင်းလားဆိုပြီး........
ဒါပေမယ့်လဲ မတတ်နိုင်ဘူးလေ..
.
.
.
ကျွန်တော် ခန္ဓာကိုယ်မှာတော့ ဒဏ်ရာဟောင်းပေါ် ထပ်ပြီးရင်း ထပ်လာတဲ့ ဒဏ်ရာတွေ
စိတ်ထဲမှာလဲ ဒီမိသားစုကို နာကျင်နေပါပြီ။ အသွားလဲ မရှိပဲ အပြန်လဲ မတွေ့ဘူး။ ဒါပေမယ့် အဖေက ကျွန်တော်ကို အိမ်မှာ မနေစေချင်တော့ဘူး.......

_____
ကျွန်တော် မနက် ကျောင်းသွားမယ်ဆိုတော့ Taehyung က သူ့ကားနဲ့ သွားဖို့ လှမ်းခေါ်တယ်
ကျွန်တော် အားနာနာနဲ့ ငြင်းပေမယ့် ကျွန်တော့ လွယ်အိတ်ကို အတင်းဆွဲပြီး ထိုးထည့်နေတာဆိုတော့ ကျွန်တော် မတက်လို့ မရတော့ဘူး

ကားပေါ်မှာ Taehyung က ဘာလုပ်မယ် ဘာသွားမယ် စသဖြင့် ပြောနေခဲ့ပေမယ့် မနေ့က ကော်ဖီဆိုင်လေးကို မြင်မိတော့ ညက ကောင်လေးကို သွားသတိရမိတယ် သူ့ အဆင်ပြေမယ်ထင်ပါတယ်

Taehyung: Hoseoka ကျောင်း ရောက်ပြီ
                    ဟိတ်ယျောင့်

Hoseok : Taehyung ah!! ငါကို တစ်နေ့       လောက် မြို့လေးကို လိုက်ပြပေးပါလား အဆင်ပြေမှပါ ငါ ဒီနေရာနဲ့ ရင်းနှီးချင်လို့

Taehyung: အာ ရပါတယ် ☺️ အေး အားတဲ့နေ့ ပြောပေါ့ကွာ သွားကြတာပေါ့

All I need is You (Zawgyi + Unicode) Donde viven las historias. Descúbrelo ahora