Part - 6 (Zawgyi)

523 31 11
                                    

Hoseok's pov::
ခေါက်ဆွဲပြုတ် ပူပူကို ထိုင်သောက်နေတဲ့ Min Yoongi နဲ့ ပေါင်မုန့် တစ်ထုတ် ကိုင်ထားတဲ့ သူ့ဘေးနားက ကျနော်

နှစ်ယောက်ကြားမှာ အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။ Min Yoongi လဲ စိတ်ဆိုးနေမလား၊ ကျနော်ကတော့ အားနာနေခဲ့တယ်

Hoseok:
ကျနော် တကယ် တောင်းပန်ပါတယ် Min Yoongi
.
ကျနော် လာဖို့ ကြိုးစားခဲ့သေးပါတယ်။
.
ကျနော်အဖေနဲ့ လုပ်စရာလေး ပေါ်သွားလို့
အခုမှ ပြီးသွားတာမို့ ကျနော် လာခဲ့တာပါ။
.
ကျနော် ချိန်းထားတာ မေ့ပစ်လိုက်တာ မဟုတ်ပါဘူး

ကျနော်ရဲ့ တရစပ် ရှင်းပြမှုတွေ အပြီးမှာ စားတာရပ်သွားတဲ့ Min Yoongi

Yoongi: ရတယ်။ ကိစ္စမရှိဘူး။

ပြောရင်း ထထွက်ဖို့ ပြင်နေတဲ့ Min Yoongi....
မဖြစ်သင့်ဘူးလေ။ ကျနော်က ချိန်းတာ နောက်ကျခဲ့တာပဲ။ တဖက်လူ ကျေနပ်အောင်အထိ တောင်းပန်ပေးသင့်တာပေါ့

Hoseok : ခနလေး နေပါအုံး Min Yoongi shi
....
ကျနော် တကယ် လာဖို့ ကြိုးစားခဲ့လို့ အခု ဒီကိုရောက်လာတာပါ။ နောက်ကျတာကို ခွင့်လွှတ်ပေးပါ Min Yoongi shi

Yoongi Pov::
အသေအသန်ကို လိုက်တောင်းပန်နေပြီး စိတ်အနှောင့်အယှက် ပေးတဲ့ ကောင်
ခုနပဲ အဲ့ကောင်ကို ဆဲနေခဲ့ပေမယ့် အခုလို တရစပ် တောင်းပန်နေပြန်တော့လဲ နေမထိ ထိုင်မသာ ကွာ ၊

Yoongi: Hoseok shi ကျနော် ရတယ် လို့ ပြောတယ်လေ။

Hoseok: အော်.. ကျနော်က...

Yoongi: နောက်ပြီး
.
.
Yoongi: Min Yoongi လို့ မျိးရိုးနာမည်ထည့်ခေါ်နေတာ မရိုင်းလွန်းဘူးလား

Hoseok: ကျနော် ထပ်တောင်းပန်ပါရစေ Yoon..Yoongi shi
ဒီနေ့ ကျနော်ဘက်က တောင်းပန်စရာတွေ အရမ်းများနေလို့ ကျနော်ပဲ မုန့်ဝယ်ကျွေးပါရစေနော်

Yoongi: ရတယ် ကြေသွားပြီလို့သာ မှတ်ထားလိုက်ပါ

Hoseok: ... ဟို...ကျနော်လဲ ကျောင်းသားအသစ်ဆိုတော့ မိတ်ဖွဲ့တဲ့အနေနဲ့ လက်ခံပေးလို့ရော အဆင်ပြေလား Yoongi shi

လှည့်ကြည့်လာတဲ့ မျက်လုံးက ကျောချမ်းစရာ အကြည့်နဲ့ သူလို လူမျိုးက တကယ်ကို အဆင်မပြေတာ

You've reached the end of published parts.

⏰ Last updated: May 29, 2021 ⏰

Add this story to your Library to get notified about new parts!

All I need is You (Zawgyi + Unicode) Where stories live. Discover now