Part 1(Uni +Zaw)

8.1K 340 5
                                    

Love poison (Uni)
အပိုင်း ၁

မြူခိုးတွေ ထူထပ်ပြီး လူသူအရောက် မရှိသလောက်နဲတဲ့ တောထဲမှာ အထီးကျန်နေတဲ့ မြွေခွေးလေးတ​ကောင်နေထိုင်သတဲ့။ သူအသက်ဟာဆိုရင် နှစ်တစ်သောင်း ရှိနေပြီ။ သူဟာ လူသားတွေနဲ့ ဝေးကွာတဲ့ တောထဲမှာ တယောက်ထဲ နေထိုင်ပါတယ်။ သူနာမည်က ရီပေါ်တဲ့။ သူ့ဘေးနားမှာ အမြဲ နေတဲ့ ဝံပုလွေမလေးတကောင်လဲ ရှိတယ်။ သူ့နာမည်က ရူ့လွီ တဲ့။ သူအသက်က နှစ်ငါးထောင်ရှိပါပြီ။ သူကတော့ ရီပေါ့်အနား ကပ်နေတဲ့ ဝံပုလွေမလေးဘဲ ဖြစ်ပါတယ်။

တနေ့တော့

"ရီပေါ်ကော ရီပေါ်ကော"

"ဘာလဲ ငါတရားကျင့်နေတာ မမြင်ဘူးလား"

"မြင်ပါတယ် ကောရဲ့ ဒီတောထဲမှာ နေတာ ဒီလောက်ကြာနေပြီ မပျင်းဘူးလား"

"မပျင်းဘူး"

"ရူ့တို့တွေ လူတွေနေတဲ့နေရာ သွားကြည့်ရအောင်"

"မသွားဘူး သွားချင် နင့်ဘာသာသွား"

"တယောက်ထဲ မသွားချင်လိူ့ပေါ့"

"အာ့ဆိုမသွားနဲ့လေ"

"လုပ်ပါနော် သွားကြည့်ရအောင်"

"မသွားဘူး လူ့တွေက ရှုပ်ထွေးတယ် အကျင့်မကောင်းဘူး လိမ်တတ်တယ် ပြီးတော့ ငါတို့က မိစ္ဆာတွေ လူတွေနဲ့ ကင်းကင်းရှင်းရှင်း နေသင့်တယ်"

"ဒါပေမဲ့ ရူ့တို့မှာ စွမ်းအားရှိတယ်လေ ကာကွယ်နိုင်တယ် ခဏဘဲသွားရအောင်ပါ ပြီးရင် ပြန်လာမယ်လေ နော်"

"နင်ဟာလေ ပြောလို့ကို မရဘူး အာ့ဆိုလဲ သွားမယ် အရင်ဆုံးငါတို့ ဆံပင်တွေ နားရွက်တွေ အကျိ်တွေ ပြောင်းရမယ်"

"အင်းဟုတယ် ကြားဖူးတာတော့ လူတွေက ဆံပင်အမဲ နားရွက်ကလဲ ရူ့တို့လို မရှည်ဘူးတဲ့"

"အင်းဟုတယ် မြန်မြန်ပြောင်းကြစို့"

"ဟုကော"

ရီပေါ်နဲ့ ရူ့လွီ တို့နှစ်​ယောက်သား သာမန်လူတွေလို ဖန်ဆင်းပြီး လူတွေနေတဲ့နေရာ အစွမ်းနဲ့ သွားလိုက်တော့ မိုင်ထောင်ချီ ဝေးတဲ့ ရှီပြည်ကို ချက်ချင်းရောက်သွားတယ်။

Love poison S1 (Complete)Where stories live. Discover now