Part 3 (Uni +Zaw)

2K 191 5
                                    

Love poison (Uni)
အပိုင်း ၃

"ရီပေါ် ထတော့လေ "

"ဟုကဲ့မား"

"ရှောင်ကျန့်ရော"

"အလုပ်သွားလုပ်တာကြာပေါ့"

"ဟယ် အစောကြီးကို"

"ဘယ်နှယ့်စောရမလဲ နေ​့လည်စာစားချိန်တောင်ရောက်တော့မယ်"

"အာ့ဆို ထမင်းဘူးက"

"မားလုပ်ပြီးပြီ သွားပို့ပေးနော်"

"ဟုကဲ့မား"

ဆေးခန်းကို သွားတော့ အဝင်ဝ မှာ မနေ့ကတွေ့တဲ့ မိန်းကလေးနဲ့ဘဲတွေ့တယ်။ ရှောင်ကျန့်ကို မတွေ့ဘူး။

"ရှောင်ကျန့်ရော"

"ဒီနေ့အလုပ်ပိတ်ပါတယ်ရှင့်"

"အာ့ဆိုရှောင်ကျန့်က ဘယ်အလုပ်ကိုသွားနေတာလဲဟ"

"ရှင်က ယောကျာ်းကြီးဒံမဲ့ ရှောင်ကျန့်လုပ်စာထိုင်စားနေတာကိုး။ အလုပ်မလုပ်ဘဲ။ ပြီးတော့ပွဲစျေးမှာတင် ရှောင်ကျန့်လစာကို အပြတ်ဖြုန်းတယ်ပေါ့"

"သူ့လစာက ဘယ်လောက်မို့လဲ ငါနဲနဲဘဲ သုံးတာ"

"သူ့လစာက ၃၅၀လေ နင်က ဘယ်လောက်သုံးလဲ"

"တော်ပြီ ငါပြန်တော့မယ်"

ဟိုရှာ သည်ရှာကြည့်လိုက်တော့မှ ရှောင်ကျန့်ကိုတွေ့လေပြီ။ စပါးထမ်းနေတာဖြစ်တယ်။ သူ့လို ပိန်ပိန် ဆေးကုစားတဲ့သူက ရီပေါ်နဲ့ယူလိုက်ကာမှ ဆန်ထမ်းတဲ့အဆင့်ကိုရောက်လေသည်။ ရီပေါ် စိတ်ထဲ နဲနဲ ခံစားသွားရသည်။

အာ့လိုမှန်းသိရင် ငါအာ့လောက်မသုံးပါဘူး။ အခုတော့ သူ့ကိုပင်ပန်းစေမိပြီ။ငါစီမှာရှိတဲ့လပစ္စည်းတွေ ရောင်းစားလိုက်ရင် ပိုက်ဆံတော်တော်ရမှာ သွားရောင်းမှ အခုတော့သူ့ကို ထမင်းသွားကျွေးရမယ်။

"ဟဲ့ရှောင်ကျန့်"

"ရီပေါ် မင်းဘယ်လိုရောက်လာတာလဲ"

"နင့်ကို နေ့လည်စာလာပို့တာလေ လာ သွားစားရအောင်"

"အင်း"

ရီပေါ်နဲ့ရှောင်ကျန့်အတူထမင်းစားနေတုန်း ရီပေါ်က စကားစလိုက်သည်။

Love poison S1 (Complete)Where stories live. Discover now