Part 16(Uni +Zaw)

1.1K 138 0
                                    

Love poison (Uni)
အပိုင်း ၁၆

အလင်းရောင်ဖျဖျအောက်မှာ ဝေဝေဝါးဝါးနဲ့ မျက်လုံးပွတ်ကာ ရှောင်ကျန့်နိုးလာသည်။ နိုးလာသည်နှင့် ဘေးနားကြည့်လိုက်တော့ လက်ကိုကိုင်ပြီး အိပ်ပျော်နေသော ရီပေါ့်ကိုတွေ့လေသည်။ ရီပေါ်က ရှောင်ကျန်​့လက်လှုပ်သည်နှင့်တန်းနိုးလာတော့သည်။ နိုးလာသည်နှင့် ရှောင်ကျန့်ကို ဖက်လေသည်။ ရှောင်ကျန့်လဲ ရီပေါ့်ခါးလေးကို ပြန်ဖက်လိုက်သည်။

"ကိုကို နိူးလာပြီလား ကျွန်တော်ဘယ်လောက်လွမ်းနေလဲ သိလား "

ပြောပြီးငိုလေသည်။ရှောင်ကျန့်က ရီပေါ့်ကျောလေးသပ်ကာ နှစ်သိမ့်လေသည်။ တကယ်တော့ သူလဲ အရမ်းငိုချင်နေတာကို စိတ်တင်းကာ မျက်ရည်တွေကို မြိုသိပ်ထားလိုက်သည်။ အတက်နိုင်ဆုံးပြုံးကာ ရီပေါ့်မျက်နှာကို ကြည့်ပြီးပြောလိုက်သည်။

"ရီလေး ကိုယ်တို့တွေ အတူတူ လူတွေရှာမတွေ့နိုင်တဲ့နေရာမှာ နေကြမယ်လေ"

"ဒါပေမဲ့ ကို့မိဘတွေ ရှိသေးတယ်လေ"

"ကို့အမေတို့ကို စိတ်မပူပါနဲ့ အမေတို့အတွက် ပိုက်ဆံလုံလုံလောက်လောက်ပေးခဲ့တယ်။ စိတ်ချရတဲ့နေရာမှာ ထားခဲ့တာ"

"ဟု အဲ့ဒါဆိုရင် နေကြတာပေါ့ နှစ်​ယောက်ထဲ"

"အင်း ကောင်းတယ်"

နှစ်ယောက်သား စကားတွေပြောကာ ဘာမှမဖြစ်သလိုနေသော်လည်း ရီပေါ်ကတော့ စိတ်ပူနေသည်။ ရှောင်ကျန့်ကလဲ နှစ်ယောက်သားဝေးမှာ အရမ်းကြောက်နေသည်။ ကံကြမ္မာက ရက်စက်လွန်းပါတယ် သူတို့နှစ်ယောက်အတွက်။

မနက်ခင်းနေရောင်ခြည်အစမှာ ချစ်သူနှစ်ဦးနှိုးထလာခဲ့သည်။ နှစ်​ယောက်သားတစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ချစ်ကြည်နူးနေကြသည်။ရီပေါ်က ထမည်အလုပ် ရှောင်ကျန့်က ခါးကနေ ရုတ့တရက်ဆွဲလိုက်တော့ ရီပေါ်က ရှောင်ကျန့်ရဲ့ ရင်ခွင်ထဲသို့ ရောက်ရှိသွားလေသည်။

နှစ်​ယောက်သား အကြည့်ချင်းဆုံပြီးမှ ရှောင်ကျန့်က ရီပေါ့်ရဲ့ ပါးလေးကို အနမ်းပေးလိုက်လေသည်။ ရီပေါ်က ရှက်ပြုံးလေးနဲ့ ရှောင်ကျန်​့ နှုတ်ခမ်းကို ပြန်နမ်းလိုက်သည်။ အနမ်းချင်းဖလှယ်ပြီး တယောက်နှင့်တယောက် မလွှတ်တမ်း ချစ်ကြည်နူးကြလေသည်။

Love poison S1 (Complete)Wo Geschichten leben. Entdecke jetzt