Part 5(Uni +Zaw)

1.6K 157 4
                                    

Love poison (Uni)
အပိုင်း ၅

"ကပ်ရောဂါက ဒီလောက်ဆိုးတာ မသွားပါနဲ့လား"

"ရီပေါ် အိမ်မှာနေပြီး မားနဲ့ပါးကို စောင့်ရှောက်ပေးနော် ကိုသွားတော့မယ်"

"ရှောင်ကျန့်"

"ရီပေါ်ကလဲကွာ မငိုပါနဲ့"

ရှောင်ကျန့် ရီပေါ်အနားကပ်လာပြီး ကြင်နာစွာ ဖက်လိုက်ရင်း နှဖူးလေးကို နမ်းသွားသည်။ ရီပေါ်ကတော့ ငိုရင်းကျန်ခဲ့သည်။

ဒီနယ်​လေးက အမြဲအေးချမ်းနေခဲ့တာ အခုတော့ အမည်ဖော်လို့မရတဲ့ ကပ်ရောဂါကြောင့် ဆေးဆရာအားလုံး ခေါင်းရှုပ်နေရသည်။ ဆေးဆရာတိုင်းအပြင်ထွက်ပြီး ဆေးကုရတယ်။ ရှောင်ကျန့်အပါအဝင်ပေါ့။ ဒီရောဂါကကူးစက်လွယ်တာမို့ ရီပေါ်အိမ်မှာဖင်တကြွကြွ ဖြစ်နေသည်။

"ငါလိုက်သွားရင်ကောင်းမလား မဖြစ်သေးပါဘူး ဟူးးး ငါလုပ်နိုင်တာ ဘာမှ မရှိပါလား"

ဒီလိုနဲ့ရက်တွေ ကုန်ဆုံးလာတာ တပတ်ရှိပြီ။ ရှောင်ကျန့်အကြောင်းဘာမှ သတင်းမကြားရပေ။ ရီပေါ်အလွန်စိတ်ပူနေသည်။ ငါမနေနိုင်တော့ဘူး။ လိုက်သွားရမယ်။

ရှောင်ကျန့်မားနဲ့ပါးကို ပြောပြီး ထွက်လာခဲ့တယ်။ မားနဲ့ပါးကလဲသဘောတူတယ်။ သူတိူ့ကိုစိတ်မပူဖို့နဲ့ ရှောင်ကျန့်ကိုဂရုစိုက်ပေးဖို့ အထပ်ထပ်မှာလိုက်သည်။

ကို့အစွမ်းကိုသုံးပြီးသွားတာကြောင့် တခဏအတွင်း ရောက်သွားသည်။ရှောင်ကျန့်နေတဲ့နေရာကို ရောက်တော့ လူနာတွေ နဲ့ဆေးဆရာ များစွာ တွေ့ရပေမဲ့ ရှောင်ကျန့်ကိုတော့ မတွေရပေ။

နေရာတိုင်းနီးပါး အကုန် ရှာပီးတာတောင် ရှောင်ကျန့်ကိုမတွေ့တာကြောင့် စိတ်ပူသွားသည်။ အာ့တာနဲ့ အနားရောက်လာတဲ့ဆေးဆရာတယောက်ကို မေးလိုက်သည်။

"သမားတော်ရေ"

"ဟုကဲ့"

"သမားတော်ရှောင်ကို သိလား ဘယ်မှာလဲ"

"မသိဘူးခင်ဗျ"

"ဘာလို့မသိရမှာလဲ ဒီနေရာကို ဆေးကုဖို့ရောက်လာတာကိုး"

"မသိပါဘူး ကျွန်တော့်ကို ခွင့်ပြုပါအုံး"

"ခဏလောက်"

Love poison S1 (Complete)Where stories live. Discover now