Part 8(Uni+ Zaw)

1.2K 129 7
                                    

Love poison (Uni)
အပိုင်း ၈

"သားတိူ့အိမ်ပြန်လာပြီပေါ့"

"ဟုတ်ကဲ့အမေ"

"သားတို့အန္တရာယ်ကင်းတာမြင်တော့ ဝမ်းသာတယ် အမေတို့တွေ စိုးရိမ်နေတာ"

"မစိုးရိမ်နဲ့တော့နော်အမေ သားတို့အဆင်ပြေပါတယ်"

"အေးပါကွယ်"

အမေ့ဖစ်သူနဲ့စကားပြောပြီးတော့ ရှောင်ကျန့်တယောက် ရီပေါ်ကို ပြောလိုက်သည်။

"ရီလေး ကို အပြင်သွားအုံးမယ် အိမ်မှာစောင့်နေနော်"

"အင်း မြန်မြန်ပြန်လာနော်"

"ဟုပါပြီ"

ရှောင်ကျန့်စားသောက်ဆိုင်တဆိုင်ကိုဝင်ပြီးအလုပ်တောင်းတယ်။ သူတို့က လူလက်မခံတာကြောင့် ဆေးဆိုင်တဆိုင်ကို ထပ်ဝင်တယ်။ လူမလိုဘူးလို့ပြောတာကြောင့် နောက်ဆုံးတော့ ကုန်ထမ်းတဲ့အလုပ်ကိုရွေးချယ်လိုက်တယ်။ တခါထမ်းရင် ငွေစ ၅၀ ရတယ်။တနေကုန်ထမ်းရင်တော့ အိမ်စရိတ်ကာမိမှာပါတွေးပြီး အိမ်ပြန်အလာ

"ခဏနေပါအုံး"

"ကျွန်တော့်ကိုပြောတာလားဗျ"

"ဟုတယ်"

"ဘာကိစ္စများလဲ ဘုန်းဘုန်း"

ရှောင်ကျန့်ကို ခေါ်သောသူမှာ ဘုန်ကြီးတပါးဖြစ်သည်။ ပုတီးကို လည်ပင်းဆွဲထားပြီး လက်တွင် တုတ်အရှည်တချောင်းကို ကိုင်ထားသည်။ပုံစံမှာ အရပ့်မြင့်မြင်နှင့် တည်တည်ငြိမ်ငြိမ်ပင်။

"ဒကာလေးဘေးမှာ အရိပ်မဲတွေ တွေ့နေရတယ်"

"..........."

"မကောင်းတဲ့အရာတခုခု ဒကာလေးဆီမှာ ကပ်နေတယ်"

"ဘယ်လိုလဲ ဘုန်းဘုန်း ကျွန်တော့်မှာတော့ ဘာထူးခြားမှုမှတော့မရှိဘူး"

"မင်းအိမ်မှာ ရှိတာ"

"မဖြစ်နိုင်တာ ကျွန်တော့်အိမ်မှာ မိဘနှစ်ပါးနဲ့ ကျွန်တော့်ရဲ့ အိမ်ထောင်ဘက်ဘဲ ရှိတာဘဲ"

"အဲ့ဒါဆို ကိုယ်တော် အိမ်ခဏလိုက်ခဲ့လို့ရမလား"

"ဟုကဲ့ရပါတယ်"

Love poison S1 (Complete)Where stories live. Discover now