Part 12 (Uni+Zaw)

1.2K 136 2
                                    

Love poison (Uni)
အပိုင်း ၁၂

သတိလစ်နေတဲ့ ကိုကို့ ကို အခန်းထဲခေါ်သွားပြီး ကုတင်ပေါ်တင်ပေးလိုက်တယ်။ ရေပတ်တိုက်ပြီးတာနဲ့ ကို့အတွက် ဆေးသွားကြိုရန်အပြင်ကို သွားလိုက်တယ်။ ဆေးကြိုရင်းအတွေးများနေတာကြောင်​့ လက်အပူလောင်သွားလေသည်။

ငါ့ကျမှ ဒီလောက် ကံဆိုးရတာလဲ။ ကိုယ်ချစ်တဲ့သူနဲ့ အတူမနေနိုင်ဘူး။ ငါသာ သာမာန်လူသားတယောက်ဆိုရင် ဒီလိုဖြစ်မှာ မဟုဘူး။ ကိုယ့်ကိုကို အပြစ်တင်ရင်း ငိုကြွေးနေတုန်း ဆေးကျက်သွားတာကြောင့် ခွက်တခွက်ထဲကို ထဲ့လိုက်ပြီး ဓားတချောင်းကို ယူလိုက်သည်။ ယူပြီးတာနဲ့ လက်ညိုးတချောင်းကို ဓားလေးနဲ့ ရှက်ပြီး လှီးလိုက်သည်။ ထွက်လာတဲ့ သွေးတွေကို ဆေးခွက်ထဲထဲ့လိုက်ပြီး ကို့ကို အခန်းထဲ ယူသွားလိုက်သည်။

​အခန်းထဲရောက်တော့ မျက်လုံးလေး မှိတ်နေတဲ့ ကို့ကို ကြည့်ရင်း အားပြန်ပြည့်ရပါတယ်။ ကိုကို အနားကို ကပ်ကာ ဆေးကို ဇွန်း​နဲ့ အကုန်ခက် တိုက်လိုက်သည်။ ဆေးအကုန်တိုက်ပြီးတော့ ပါးစပ်နားမှာ ပေနေတဲ့ ဆေးတွေကို လက်သုတ်ပုဝါလေးနဲ့ သုတ်ပေးလိုက်သည်။

အာ့အချိန် အပြေးအလွှားရောက်လာတဲ့ ရူ့လွီကြောင့် လန့်သွားတယ်။

"ရူ့လွီ ဘာဖြစ်လာတာလဲ"

"အပြင်မှာ အပြင်မှာ ရွှာထဲကလူတွေရော မိစ္ဆာဖမ်းတဲ့ ဘုန်းကြီးပါရောက်နေတယ်"

"ဘာ သူတို့တွေသိသွားကြပြီပေါ့"

"ဟုတယ် ရူ့တို့ အမြန်ရှောင်နေကြရင်မကောင်းဘူးလား"

"ဒါဆို ကို့ကို ကရော"

"သူ့ကို ထားခဲ့လိုက်ပေါ့ "

"မထားနိုင်ဘူး"

"သူက လူလေ သူ့ကို ဘယ်သူမှ ဘာမှမလုပ်ဘူး ကော လာပါ မြန်မြန်လာ"

ရူ့လွီ တယောက် ရီပေါ့်ကို လက်ကနေဆွဲပီး အမြန် ထွက်ပြေးသွားသည်။ ဒါပေမဲ့ ထူးဆန်းတာက သူတို့ ဘယ်နေရာမှ မပြောင်းလဲသွားဘူး။

"ဒါဘာဖြစ်တာလဲ ကော"

"ဘုန်းကြီးက မိစ္ဆာတွေ ထွက်ပြေးလို့မရအောင် ခြံဝန်းကို စည်းတခုလုပ်လိုက်ပြီ"

Love poison S1 (Complete)Where stories live. Discover now