Part 15(Uni+Zaw)

1.3K 141 8
                                    

Love poison (Uni)
အပိုင်း ၁၅

ရီပေါ် မှိတ်ထားတဲ့မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ သူ့အစား ဓားထိုးခံလိုက်ရတဲ့ ရူ့လွီကို တွေ့တယ်။ ရူ့လွီက ရီပေါ်နဲ့ မျက်နှာချင်းဆိုင် ကိုမှ ဒူးထောက်ရက်အနေအထားနဲ့ မျက်ရည်စများတွဲလွဲခိုနေတဲ့ မျက်ဝန်းများနဲ့ ရီပေါ့်ကို ကြည့်လို့နေတယ်။ ရီပေါ်လဲ လျင်လျင်မြန်မြန်နဲ့ ရူ့လွီကို ရင်ခွင်ထဲမှာ ပြေးပြီး ပိုက်လိုက်တယ်။သူတို့နှစ်ယောက်က သွေးမတော်သားမဆက်ပေမဲ့ မိသားစု မောင်နှမထက်ပိုထက် သံယောဇဥ်တွေ ရှိကြတယ်။ ရီပေါ့်အတွက်တော့ သူက တစ်ဦးထဲသော ညီမလေးပါ။ ရီပေါ်လဲ ငိုရင်း​ပြောလိုက်သည်။

"ရူ့လွီရယ် ဘာလို့ ငါ့အစားခံတာလဲ"

"ရူ့ကောအတွက်လုပ်ပေးနိုင်တာ ဒါဘဲ ရှိလို့ပါ"

"သတိထား ကောတို့ အတူထွက်ပြေးကြမယ်နော် ရူ့ အိပ်မပျော်သွားစေနဲ့"

"ကောရယ် ကိုယ့်အကြောင်းကို ကောင်းကောင်းသိပါတယ် ရူ့ တောင့်မခံနိုင်တော့ဘူး ကောသာ ကိုယ်ချစ်တဲ့သူနဲ့ မြန်မြန်ထွက်ပြေးပါ"

ထိုအချိန်သမားတော်ဂူ ရောက်လာသည်မို့ ရူ့လွီက ရီပေါ့်ကို အားကုန်သုံးပြီး တွန်းလိုက်ကာ သမားတော်ဂူနဲ့တိုက်ခိုက်လေသည်။ ရီပေါ်က ရူ့လွီစီ သွားမည်အလုပ်တွင် ရှောင်ကျန့်က မြင်းစီးလာကာ ရီပေါ့်ကို မြင်းပေါ်ကနေ လက်တဖက်ဖြင့် သယ်ကာ မြင်းပေါ်တင်လိုက်လေသည်။ ရူ့လွီကတော့ ဓားချက်ပေါင်းများစွာဖြင့် ရီပေါ်တို့အတွက် လမ်းပိတ်ပေးထားသည်။ရီပေါ်ကတော့

"ရူ့လွီ ရူ့လွီ ရူ့လွီ"

ဆိုပြီး နာမည်ကို အထပ်ထပ်အော်နေသည်။ ရူ့လွီကတော့ အားကုန်သုံးကာ အော်​ပြောလိုက်သည်။

"နောင်ဘဝကျရင် ကောရဲ့ ညမလေးအဖြစ် ကောရဲ့အနားမှာ တသက်လုံး သာမန်လူအဖြစ်နဲ့ ရှိချင်တယ်"

ပြောပြီးသည်နှင့် ရူ့လွီလဲ ဓားချက်ပေါင်းများစွာကြောင့် အမြုတေ ပြိုကွဲကာ သေဆုံးသွားလေသည်။ သမားတော်ဂူတို့အဖွဲ့လဲ သေဆုံးသွားတဲ့ ရူ့လွီကိုထားခဲ့ကာ ရီပေါ်တို့နောက်ကို လိုက်သွားလေသည်။

Love poison S1 (Complete)Where stories live. Discover now