Part 6(Uni+Zaw)

1.6K 158 3
                                    

Love poison (Uni)
အပိုင်း ၆

အပေါ်ကနေ ရုတ်တရက်မီးတုတ်တွေကျလာတယ်။ရေနံဆီတွေပါလောင်းချနေတာမို့ ရီပေါ့်တို့အပေါ်တွေကိုပါ ကျလာတယ်။ အာ့ဒါနဲ့ ရီပေါ်က ရှောင်ကျန့်ကို ကျောပိုးကာ အစွမ်းနဲ့ ပျံတက်သွားတယ်။ အာ့တာကို လူတချို့မြင်သွားတယ်။

"အမလေး ခေါင်းးဆောင် အဲ့ဆံပင်ဖြူဖြူ အမွေးတွေနဲ့ ကြောက်စရာကြီးက ဘာကြီးတုန်း"

"မကောင်းဆိုးဝါးနေမှာ "

"လိုက်သတ်ရမလား"

"မလိုက်နဲ့တော့ ဒီကိစ္စသာအရင်ရှင်း"

"ဟုကဲ့"

ရီပေါ်အသက်လုပြေးလာပြီး လူတွေနဲ့ဝေးတဲ့ နေရာတခုကို ခေါ်သွားတယ်။ အဲ့နေရာကတော့ သူနေတဲ့ စိမ်းလဲ့ရေမြေတော လေးဘဲ​ဖြစ်ပါတယ်။ သူနေတဲ့ဂူထဲထိ ရှောင်ကျန့်ကို ခေါ်သွားတယ်။ ဂူထဲမှာ အိပ်စရာနေရာ စားပွဲ အစရှိသဖြင့်သပ်သပ်ခက်ခက် ရှိတယ်။ ရှောင်ကျန့်ကို အိပ်ယာပေါ် တင်လိုက်ပြီး ဆေးရွက်ခူးရန် အပြင်ထွက်လိုက်သည်။

လိုချင်တဲ့ဆေးက သာမန်နေရာတွေမှာမပေါက်ဘူး။ နေရာမြင့်တဲ့ တောင်ထိပ်လောက်မှာ ပေါက်တာ။ ရီပေါ် လဲ ပင်ပန်းနေတာကြောင့် အားသိပ်မရှိဘူး။ တောင်ပေါ်ကို လက်နဲ့ တွယ်တက်ရတယ်။ လက်တွေဆို ပွန်းပြီး သွေးတွေ ထွက်တဲ့အထိဘဲ။ လက်ကို အားပြုကာ မနဲတက်ရတယ်။ နောက်ဆုံးတော့ တောင်ထိပ်ကိုရောက်တယ်။ လိုချင်တဲ့ ဆေးပင်ကို ရဖို့ လက်တလှမ်းဘဲ လိုတော့တယ်။ လက်မောင်းကို နဲနဲလေး မြောက်လိုက်ကာ အားပြုပြီး ယူမယ်လုပ်တော့ လက်နဲ့မမှီပါ။ အားထပ်ထဲ့လိုက်တော့ ခြေထောက်တင်ထားတဲ့ ကျောက်တုံးက ချော်ထွက်သွားပြီး ကျောက်ခဲ့အစိုင်အခဲတွေ အောက်ကို ပြုတ်ကျသွားတာကြောင်​့ ခြေထောက်အားပြုမရှိဘဲ လက်အားတခုထဲနဲ့သာ ကုတ်တွယ်ထားရတော့ လက်မှာ သွေးခြေတွေတောင်ဥတယ်။

"ရီပေါ်မင်းဘာဖြစ်နေတာလဲ မင်းနောက်ကျရင် ရှောင်ကျန့်သေလိမ့်မယ် မြန်မြန် မြန်မြန်"

ကိုယ့်ကိုကို သတိပေးပြီး ​အားထဲ့လိုက်တော့ ဆေးပင်လေး ခက်ထဲရောက်လာခဲ့သည်။ အာ့ဒါနဲ့မြန်မြန်ပြန်ဆင်းလာတာ အောက်ခြေနားခြေလိမ်ကာ လိမ့်ကျလေသည်။

Love poison S1 (Complete)Where stories live. Discover now