မဆုံသောလမ်း...

530 35 5
                                    


အဲချိန် ....🗨

ကျွီ ...... ဆိုတဲ့ ဘရိတ်အုပ်သံအကျယ်ကြီးတခုနဲ့ အရှိန် ပြင်း​မောင်းလာတဲ့ ဆိုင်ကယ် တစီး
ကျန်​​တော်​ရှေ့တည့်တည့်ကို ​ရောက်လာခဲ့တယ်.....

အဲချိန်ထိ သူ ​ကျောပြင်​လေးကို ​တွေ့မလား ဝိုးတဝါး လှမ်းကြည်မိ​သေးတယ်....

အရှိန်ပြင်းလွန်းတာ​ကြောင့် အဲဆိုင်ကယ်က ဘရိတ်အုပ်လိုက်​ပေးမဲ့ ​ခြေ​ထောက်ကို တိုက်မိသွားတယ်

​ဒေါသ ထွက်သွားတာ​ကြောင့် ထင်တယ် နာမှန်းကို မသိဘဲ အံ့ကြိတ်ရင်းး
"​ဟေ့​ရောင် ဘာလို လုပ်လိုက်တာလဲ မင်း"

အဲဆိုင်ကယ်​​ပေါ်က ​ကောင်က တခြားသူ​တော့မဟုတ်  "မိုး "ရဲ့ တရားဝင် ချစ်သူဆိုတဲ့​ကောင်​ပေါ့

သူက"​​အေး ဘယ်လို လုပ်လဲလာ မ​မေးနဲ့ မင်း   "မိုး "နဲ့ ဆက်ပတ်သက် ​နေဦးမယ်ဆိုရင် ​နောက်ခါ ဒီထက်ဆိုးမယ်"

​ပြောပီး ချက်ချင်းဘဲ ဆိုင်ကယ်ကို ​မောင်းထွက်သွား​တော့တယ်

​"မိုး "က​တော့ သိလိုက်မှာ မဟုတ်ဘူး ကျန်​တော် ​ပြောလဲ မ​ပြောခဲ့ဖစ်ပါဘူး

အစအဆုံးမြင်လိုက်ရတဲ့ ကိုယ်ဘက် သူငယ်ချင်း​တွေက ကျန်​တော် ကိုတွဲ​ခေါ်ရင် အ​ဆောင်ကို ပြန်ခဲ့ကြတယ်

ဒီကိစ္စက ဒီမှာဘဲ ပီးမသွားဘဲ ... ဆရာ ဆရာမ ​တွေရဲ့ နား​တွေ အထိ ​ရောက်သွားမှန်း အချိန် ​​တော်​တော်ကြာမှ သိခဲ့ရတယ်....

မိုးက အ​ပြေး​ပြေးလာပီ " ငါ​ပြောရဦးမယ် အဲ​ကောင်က နင်ကို ဆိုင်ကယ်နဲ့ တိုက်သတ်ဘာ ညာနဲ့​ပြော​နေတယ်တဲ့ ငါလဲ ပြန်​ပြောလိုက်တယ် နင်ကို တိုက်မယ်ဆို ငါကို အရင် တိုက်သတ်ဆိုပီ​တော့ ​ဒေါသထွက်လိုက်တာ.."

စကား​တွေ အဆက်မပြတ်​ပြော​နေတဲ့သူကို ကြည်​နေရင်းနဲ့ ပြုံးဘဲ ပြုံး​နေမိ.. နင်ရဲ့အဲအ​​ပြော​လေး​တွေနဲ့တင် ငါ ​သေ​ပျော်ပါပီဟာ ..

အဲရက်ပိုင်းတွေ မှာ......
သူနဲ့​ဝေးရမယ်ဆိုတဲ့အ​တွေး​တွေ ​တွေး​တွေးပီး​တော့

​ဆေး​တွေ အများကြီး​သောက်ပီ သတ်​သေဖို့ ကြိုးစားမိ​သေးတယ် ...
လက်ထဲ​ဆေး​တွေ ဆုပ်ပီး ​ရေ​သောက်ဖို့ ​ရေအိုးဆီသွားတုံး သူငယ်ချင်းက ​တွေ့သွားပီး

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now