​ဆန္ဒ

547 33 2
                                    

မထင်မှတ်ထားတဲ့ မနက်ခင်း တခုမှာ​ပေါ့ ....
ပုံမှန်​နေ့​တွေလို့ဘဲ.... ကျန်​တော်နဲ့မိုး ပီး​တော့ တခြား သူ​တွေနဲ့ စကား​ပြော​နေရင်း​ပေါ့

"မိုး ဘယ်လိုဖစ်တာလဲ ရုတ်တရုပ်ကြီး အိမ်ပြန်သွား​တော့ .. ငါလန့်သွားတာဘဲ"

မိုးက" ငါတို့အ​ကြောင်းကို လူကြီး​တွေ ရိပ်မိ​နေပီး..ထင်တယ် အထူးအ​​ထွေ​တော့မ​ပြောဘူးအိမ်က"

ကျွန်​တော်က "ဟုတ်လား ဘာလိုလုပ်ကြမလဲ ငါတို့"

အဲချိန်မှ မိုး ညီမ ရုပ်တရုတ်ရောက်လာကာ

ကျွန်​တော်ကိုကြည်ပီး

"ဟဲ့ နင် ကို စိန်​ခေါ်စရာရှိတယ်....
ဒီနစ်မှ​ပြောင်းလာတဲ့ ၉တန်းက ရန်ကုန် ​က
ကောင်မ​လေး ၂​ယောက်​လေး နင် ​တောင်. ပန်းသွား​ပေး​သေးတယ်​လေ" မဲရွဲ့ပီး ခနဲ့တဲ့တဲ့ ​မျက်နာထားနဲ့​ပေါ့

ကျန်​တော် ကလဲ အမြတ်ကတ်တာနဲ့ "​အေး​လေ အဲ​တော့ ဘာဖစ်လဲ"

သူက" ​အေး သူနစ်​ယောက်ထဲက တစ်​ယောက်ကို နင်ရ​အောင် လိုက်နိုင်ရင်း ငါတို့အကုန် နင်တို့နစ်​ယောက်ကို သ​ဘောတူ​ပေးမဲ့ မ​နှောက်ယုက်​တော့ဘူး"

ကျန်​တော် မိုးမျက်နာကို တချက်လှမ်းကြည့်လိုက်ပီး

"နင်တကယ်​ပြောတာလား သူသူ"

မိုး ကလဲ သူသူကို ကြည့်ပီး တခုခု ​ပြောမယ် အလုပ်....

ဝုန်း ဒိုင်း ဆိုတဲ့ ဆူဆူညံညံ အသံတခုကြားရတယ်

​ခြေသံခပ်ပြင်းပြင်း အသံတခု​ရော​ပေါ့....

"ဆရာမ သူဘယ်မှာလဲ??" အဲ့အသံကပိုင်ရှု်ကျန်​တော် ​ဒေါ်​လေး​​​ပေါ့...

ဆရာမလဲ လိုက်ဝင်လာပီ   "ဒီမှာ အမ"

ဦး​လေးတ​ယောက်လဲ ပါလာတဲ့ကျန်​တော်မသိတဲ့ကျန်​တော်အမျိူးတ​ယောက်​ပေါ့ ....

ကျန်​တော်ကို ကြည်ပီး ​​ဒေါ်​လေးက "ကဲ နင်ပစ္စည်း​တွေသိမ်းတဲ့"

​ဘေးကသူငယ်ချင်း​တွေက ပါ အံသြသွားပီ ​အလန်တကြား နေရာက ဖယ်ကြတယ်

"​ဒေါ်​လေး ဘာဖစ်လို့လဲ ဒီမှာ အဆင်​ပြေ​နေတာကိုး"

​ခြေ​တွေ လက်​တွေ တုန်ပီး "ဒေါ်​​လေး... ​ဒေါ်​လေး... ဘာဖစ်လို့လဲ... "

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now