သူ...💭

1.5K 56 0
                                    

" ဟဲ့ ​ နင်​ ဘာ ​​ကြောင် ပီး ကြည်​နေတာလဲ "

ရုတ်တရုပ် လှမ်းပီး ​နောက်​ကျောကို ပုတ်လိုက်တဲ့ သူငယ်ချင်း​ကြောင့် ​ကျောက်သင်ပုန်း ကို အကြည်လွဲ ရင်း

" ဘယ် ​ကြောင်မှ မကြည်ဘူး မီမီ​ကြောင် တ​စ်ကောင်လုံး
ဒီမှာရှိ​နေတာကိုး ဟား ဟားး "

" နင်​နော် အဲမှာ နာမည်လိုက်ဖျက်​နေလိုက် 😒😒 ... ကဲ
​ပြောပါဦး သူမျာအခန်းထဲ ဘာလာလုပ်"

သူနာမည်က မီမီ​ကျော်ဟိန်း တဲ့ ကျန်​တော် ပထမဆုံး စခင်မိတဲ့ ဟသ်တ မြို့ က သူငယ်ချင်း​ပေါ့

သူနာမည်မှာ ​ကျော်ဟိန်းပါလို့ က​လေး​တွေ အကုန်လုံးက ဝိုင်းစကြလို့ ကျန်​တော်က" ​​ကျော်ဟိန်း ​~~ကျော်ဟိန်း "နဲ့ အ​ခေါ်ခံရမဲ့ အစား "မီမီ​ကြောင် "လို နာမည် ​ပြောင်း​​ပေးလိုက်တာ ​လေ

" ဟဲ ဘာ​တွေ ​တွေး​နေတာလဲ ငါ​မေးတာ ​ဖြေဦး"
😒😒😒

ဒါနဲ့ ​ကျန်​တော်လဲ ရယ်ရင်း " ဘာမှ မ​တွေးပါဘူး ဟာ...
နင်သတိရလို လာတာ​ပေါ့ 😋"

မီမီ​ကြောင်က မျက်​စောင်းထိုးရင်း

" ဟွန်း​ တော်ပါ အပို​တွေ ... ဟဲ ဒါနဲ့ နင် အရမ်း​တွေ နာမည်​တွေ ကြီး​နေတယ် ​နော် Justion Bieber နဲ့ တူတယ်ဆိုပီး
JB JBနဲ့ "

ဟုတ်ပါတယ် ရန်ကုန်က ​နေ ​ကျောင်း​​ပြောင်းလာတဲ့ ကျန်​တော် က ဒီနယ်မြို့​လေးမှာ လာပီး နာမည်ကြီး ​နေတာက
အံသြ စရာ မ​ကောင်းပါဘူး

" ဟား ဟား နင်ကလဲ ဒါ​တွေက ငါအဖို့ ပကာသန ​တွေဟာ"

ကျန်​တော် အဲလိုလဲ ​ပြောလိုက်​ရော

မီမီ​ကြောင်က မျက်နာကို မဲ့ရွဲပြရင်း ဆက်​ပြောတယ်

" ဟဲ့ ထ(၃) ​ကျောင်းက ​တောင် နင်ကို လာကြည့်တာ​နော် ဒါနဲ့ နင် ဘက်စ​ကပ်ဘော အသင်းမှာ ပါတယ် ဆို "

ကျန်​တော်လဲ " ​အေး ဟုတ်တယ် ​ဒါနဲ့ ငါ​မေးဦးမယ် ... ​ကျောက်သင်းပုန်းမှာ ​ရေးထား တာဘယ်သူလဲ
မိုး  ဆိုတာ​လေ ဘယ်သူလဲ လှလား ငါနဲ့မိတ်ဆက်ပေးလေ"

​မီမီ​ကြောင်က မျက်လုံးပြူး ပြပီး " ဟဲ တိုးတိုး​ပြောစမ်းပါ
အဲဒါ ဟို တ​ယောက်​လေ တ​နေ့က သူအ​ဖေ ဆုံးလို ပြန်​ခေါ်သွားတဲ့ တ​ယောက်​လေ ​ ​ကျောင်း ပျက်ကွက် နာမည် မို့ ​ရေးထားတာ"

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now