မိုးစက်များက​ပြော​သော..😞

977 38 3
                                    

   
ဘယ်သူ သိမှာလဲ...

ငါတို့ နစ်​ယောက်ရဲ့ ဆက်ဆံ​ရေး​တွေက
ဒီ​လောက် အထိ ​အေးခဲသွားလိမ့်မယ်လို့....

မြင်​ယောင် မိပါ​သေးတယ်.....

ပထမဆုံး နင်မျက်နာ​လေးကို စ​တွေ့တဲ့ ​နေ့​လေး​ပေါ့

အဲ​နေ့​လေးက..... ကြယ်တံခွန် ​ဆိုတဲ့ အဲ ဘော်ဒါ​ဆောင် လေးကို

က  စ​ရောက်တဲ့ ​နေ့ ....

​​ဆရာမ က '' က​လေး ​ရော့ ဖတ်ကြည် ဒါ​ဘော်ဒါ​ဆောင်ရဲ့ စည်းကမ်းချက်​တွေ"

ကျန်​တော် တခု တခု ​ပြောဖို့ ကြံရွယ်လိုက်စဥ်မှာဘဲ

​ဒေါ်​လေးက ထ​ပြောတယ် "ဆရာမရယ် ​သေချာ​လေး အပ်ပါတယ် ​အောင်ရင်ဘဲ ​တော်ပါပီ ဆရာမရယ် "

ကျန်​တော် နည်းနည်း​တော့ မျက်နာ ပူသွားတယ် ​ဘေးကို
ဖြတ်ခနဲ့ ကြည်လိုက်​စဥ် ကျန်​တော် ကို စိုက်ကြည်​နေတဲ့

👀မျက်ဝန်း လှလှ ​လေး တစ်စုံနဲ့ ခလုတ်​တိုက်မိသွား
တယ်....

​ဒီည​တော့ ညတာရှည်ဦးမယ် ထင်တယ်💭💭

ဒီလိုနဲ့ ဆရာမ က " ကဲ ကဲ ထ က​လေး သွားမယ် ဒီ​နေ့​တော့
နားလိုက်ဦး ပစ္စည်း​တွေ ​နေရာ ချ ဖို့ ဆရာမလိုက်ပြမယ်"

​ဒေါ်​လေးက " ဆရာမ အဲဆို ကျွန်မ သွား​တော့မယ်
သူ မလိမ်မာတာရှိရင် ရိုက်ပါ ဆုံးမပါ​နော် "

ပြီး​တော့ ကျန်​တော်ဘက်ကို လှည့်ရင်းး

" ဟဲ့ လိမ်လိမ်မာမာ​နေ​နော် စာကို ​သေချာကြိုးစား ဟလား
ငါဒါဘဲ ​ပြောမယ် "

ကျန်​တော် မချိူမခြင် ပြုံးရင်း ​လေးလံတဲ့ ​ခြေလှမ်း​တွေ နဲ့
​ဘော်ဒါ ​ဆောင်ထဲကို ဝင်လာခဲ့တယ်

အ​ဆောင်က အ​ပေါ်အထပ်နဲ့ ​အောက်ထပ်နဲ့ ရှိပါတယ်

ကျန်​တော် ​အောက်ထပ် ကို မှ အ​ပေါ်ကို တက်တဲ့ ​လှေကားနားကို ​နေရာရပါတယ်...

ပစ္စည်း​တွေ ချရင် ​တော်​တော်​လေး အစိမ်းသပ်မှုကို ခံစား​နေရတယ် ... ဘယ်သူနဲ့မှ မသိသလို ဘယ်သူနဲမှလဲ မခင်ဘူး​လေ
ဒီထက် ပိုဆိုးတာက ကျန်​တော် ကိုယ်တိုင်ကိုကလဲ ဘယ်သူနဲ့မှ စကားမ​​ပြောချင်ပါဘူး.....

ခြင်ထောင်ဖို့ ကြိုးစားတယ် အမြဲ အသင့် အခန့်သာ ​နေလာတဲ့ ကျန်​တော် အဖို့က ခြ​င်​ထောင်ကို​တောင် အဆင်​ပြေ​အောင် မ​ထောင်နိုင် ​သေးပါဘူး

​ဘေးက ကြည်နေတဲ့ ​ကောင်မ​လေးက အမြင်​မတော် လို့ ဝင်ကူ​ပေးပါတယ်

ဒီလို နဲ့ အဲညက တကယ် ကို ညတာရှည်ခဲ့ပါတယ်...


အိပ်ပုတ်တဲ့ ကျန်​တော် မနက်ဆို မထ နိုင်ဘူး​လေ ...

ပထမဆုံး ​နေ့က ​ပေါ့ ​တော်​တော်​လေး အိပ်​ပျော်သွားတာ

အခန်းထဲ လူစစ်ကြည်ပီး ကျန်​တော် မပါတာ ဆရာကသိမှ

ပြန်နိုးခိုင်းရတဲ့အထိပါဘဲ ...

​​လှေကား အနားမှာ ​နေရာ ဖစ်ပီးအ​ပေါ်ထပ်က လူ​တွေ ဆင်းသွားတာ မသိသလို့ ​ဘေး ကုတင်​ က လူ​တွေ ထွက်သွားတာလဲ မသိ​လိုက်တဲအထိ အိပ်​ခဲ့တဲ့ ​နေ​.ပေါ့🤣🤣

...... .. ........ .......... ...... ............

Pls wait for Part 4

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now