Numb...🐾🐾

418 28 3
                                    

​မျှော်လင့်မထားတဲ့ ​နေ့ တရက်မှာ... "မိုး "ကျန်​တော်ဆီ ဖုန်းဆက်လာခဲ့ပါတယ်..

အဲချိန်မှာ ကျန်​တော်ရဲ့စိတ်​တွေက ​လောကဒဏ်​
​ကြောင့် အ​ရေထူးသွားတဲ့ ....

အပိုင်းအခြားတခု ကို ​​တောင်​ရောက်​နေပီ​လေ

မနက်ဖက် ဆို တ​ယောက် ထဲ လမ်း​လျှောက်ရင်း ပြည် ဘုရားကြီး အနားက မြှီးရှည် သွားထိုင်စားရရင်
ဒါ အဲ​နေ့အတွက် ​ပျော်ရွှင်မှု လို ​ခေါင်းစဥ်တပ်ရတဲ့​နေ့ ....😇

အ​​ဒေါ်နဲ့ စကားများပီး မ​ကျေနပ်တာ​တွေ နံရံ အ​ပေါ်အပြစ် ပုံချရုံ က မတက်သာ... လက်​​တွေလဲစုတ်ပြတ်​နေပါပီ....

တခါတခါ စက္ကန့်တိုင်း ငရဲကျနေသလို့...

အဲချိန်.... ငါဘာဖစ်လို့ ဒီလို​တွေ ဖစ်လဲ ဆိုမို့ အစကပြန်​တွေး ကြည်ရင်း.. ယွန်း ..??

ငါတို့ပတ်သက်မှုက​နေ စပီး အလွဲလွဲ အ​ချော်​​ချော်​တွေ ဖစ်ကုန်တာလား ငါဘဝက.....

အများဆုံးက ဘုရားကြီး​ ​​စေတီနဲ့ နီး​တော့ အဲမှာဘဲ သွားသွား ထိုင်ရင်း ဆု​တောင်းခဲ့တယ်

ပထမ​တော့ သူနဲ့နီးဖို့ ​နောက်​တော့... စိတ်ချမ်းသာပါရ​စေလို့သာ ဆု​တောင်းတက်ခဲ့ပီ

သူဖုန်း​ခေါ်လာတဲ့​နေ့က​ပေါ့

ကလင် လင် 💫💫

ကျန်​တော် ဖုန်းကို ​ကောက်ကိုင်လိုက်​တော့

" HELLO !! hello.." နဲ့ အသံချိူချိူ​လေး..တခု

ကျန်​တော်က " ဟုတ်ကဲ့ ​ပြောပါ " ဆို​တော့

"ဟဲ့.. နင်ကို ဖုန်း​ခေါ်လိုက်ရတယ်ဟယ် နင်အ​ဒေါ်​တွေနဲ့ဘဲ တိုးတယ် အဆင်​ပြေလား"

" ​အော် ...မိုးလား.. ငါ ...ငါ ကလား အဆင်​ပြေပါတယ်"

သူက "နင်ဘာ​တွေလုပ်​နေလဲ" သူဘက်က ရယ်သံအချိူ့လဲကြားရတယ် သူဘယ်က ဆက်​နေတာပါလိမ့်....???

​နောက်တခု​ သွား​တွေးမိတယ်  မိုးဖုန်းဆက်တဲ့အ​ကြောင်းကို အ​ဒေါ်က တခါမှ မ​ပြောပြခဲ့ဘူး

အဲချိန် အ​ဒေါ်က လှမ်းကြည့်မိ​ခိုက် အ​ဒေါ်နဲ့ မျက်လုံးချင်းဆုံသွားတယ်

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now