အိမ်မက်​ဟောင်း💭🌙

600 32 2
                                    


လွမ်းတယ်​ပြောခွင့်မရှိဘဲ လွမ်းရတဲ့ရက်​တွေ

ချစ်တယ် ​ပြောလဲ မကြားနိုင်တဲ့ ​နေ့တွေ

ငါမျက်လုံး​တွေက ​ပြောတဲ့ ....

သံ​ယောဇဥ် ​တွေကိုး နင် မမြင်နိုင်တဲ့ ​နေ့​တွေ

ငါအတွက် ကမ္ဘာ ပျက်တဲ့ ည​တွေပါဘဲ ....ဟာ

အဲ​​နေ့က မ​တော်တဆ အနမ်း က ငါရဲ့ ဘဝ ကို
​ဇောက်ထိုး ဖစ်သွားမယ် မှန်းသာ သိခဲ့ရင်း ငါ နမ်းမိခဲ့မှာလား

အဲ​နေ့က စပီး ကျန်​​​တော် တို့နစ်​ယောက်အ​ပေါ် သူငယ်ချင်း​တွေ ကြည်တဲ့ ပုံစံ​တွေ ​​ပြောင်းသွားပါ​တော့တယ်

ကျန်​တော် ကိုယ်တိုင်လဲ လူ​တွေကို ​ရှောင်​နေမိတယ် ...

သူမကလွဲလို့​ပေါ့ ...

သူက​တော့ ကျန်​တော်ကို မျက်လုံးချင်း​လေး​တောင်မဆုံမိ​အောင် ​ပတ်​ပြေး​နေပါ​တော့တယ်....

​ဒီလိုနဲ့​ကျောင်း​တွေလဲ ဖွင့်​နေပီး​လေ

ကျန်​တော်တို့ ကြယ်တံခွန် ​ဘော်ဒါ ​ဆောင်က ​နေအစိုးရ​ကျောင်းကို အချိန်ပြည့် ​ကျောင်းကို သွားတက်စရာ မလို့ပါဘူး

ဒါ​ပေမဲ့ ကျန်​တော်နဲ့ မိုးက​တော့ ​ကျောင်းအတက်အမှန်ဆုံးပါ ....

​ကျောင်းမှာ အခန်းမတူပါဘူး ကျန်​တော်က Bio ယူပီး
သူက Eco ဆို​တော့ အဲအတွက် ​နောက်ပိုင်း​တော့ အနည်းငယ်​နောင်တ ရပါတယ်

သူနဲ့အခန်း လဲမတူသလို အ​ဆောင်မှာ Bio ချိန်​ရောက်တိုင်း
အခန်းခွဲသင်ရလို့ပါ😑

ဒီလိုနဲ့ ​တ​နေ့ ကျန်​တော်တို့​ ထုံစံအတိုင်း​​ကျောင်းက​နေ့
​ဘော်ဒါ​ဆောင်ကို တန်းစီပီး လမ်း​လျောက်အပြန်....

ရုတ်တရုပ်ကြီး မိုးထ ရွာပါ​လေ​ရော...
ကျန်​​​တော်မှာ ထီးပါပါတယ် ဒါ​ပေမဲ့ မြန်မာ ကားထဲကလို
​ကောင်မ​လေးက ထီးမပါတာမျိူး မဖြစ်ခဲ့ပါဘူး

မိုးမှာက ထီးပါပါတယ် ... ပိုဆိုးတာက သူထီးမပါလို ကျန်​​တော် သွား​​ဆောင်း​ပေးမယ်ဆိုလဲ သူက ကျန်​​တော်ထက် အရပ် က ​ခေါင်း၁လုံး မပြည့်တပြည်​​လောက် မြင့်ပါတယ်😑😑🙂🙂

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Tempat cerita menjadi hidup. Temukan sekarang