လက်ဖွဲ့ 🌟

625 33 2
                                    


Hight light👇

အမှန်​တော့ ခင်ဗျားတို့ မသိ​သေးတဲ့ ဝှက်ဖဲ​လေးတခုက...

သူမမှာ ရည်းစားရှိ​နေပီးသားပါ......

ဒါဆို ကျန်​တော် မသိခဲ့တာလား.....

မဟုတ်ပါဘူး....

ဒါဆို ကြာကူလီကြီး​ပေါ့.... ဒီလိုလဲ မဟုတ်ပါဘူး

အရိပ်အ​ငွေ့​လောက်ဘဲ သိခဲ့တာပါ....

ဒီသတင်းက အမှန်လိုလဲ မထင်ခဲ့သလို ​ အ​ပေါင်းအသင်းမရှိတဲ့ ကျန်​တော်အတွက် ... သတိ​ပေးမဲ့ သူလဲ မရှိခဲ့ပါဘူး..

​နောက်မှ သိခဲ့ ရတာ နှစ်ဖက်မိဘ သ​​ဘောတူပီးသား

မြို့ မျက်နှာ ဖုံး ၁​ယောက်ရဲ့သားတ​ယောက်ဖစ်​နေခဲ့တာပါဘဲ

သူရည်းစားဆိုတဲ့​ကောင်က......

ကျန်​တော်က ဘဲ နူးလွန်းအလွန်းခဲ့တာပါ..... သူမျက်နာတခုထဲနဲ့ သူ​ပြောတဲ့စကားတခွန်းကိုဘဲ တရွာထင်ခဲ့မိတာ.....

သူက ကျန်​တော်ကို ဘယ်​သော်အခါမှ မ​ရွေးချယ်ခဲ့ဘူး ဆိုတာ နစ်အ​​တော်ကြာအထိ မသိခဲ့ပါဘူး

.................      ................     ................

" ငါကို ချစ်လား" .... မဝံမရဲ ​မေးခွန်း​လေးပါ

နင်က​တော့ တင်စီး တယ် ထင်ရက်သွားမလား မသိ​ပေးမဲ့ ငါနင်ကို ချစ်တယ်ဆို တာ ပါးစပ်က ဖွင့်​ပြောစရာ မလို​လောက်​အောင် နင်သိပီး ဖြစ်မှာပါ...

သူမ ​ပြောလိုက်တဲ့စကားက

ကျန်​တော်ကိုပူပန်တဲ့ မျက်လုံးနဲ့ ကြည်ရင်းး " ဟို တ​ယောက်ကို ငါဘယ်လို လုပ်ရမလဲတဲ့"

ကမ္ဘာ ပျက်သွားသလိုပါဘဲ..... ရင်ထဲကို ​ကျေမွသွားတယ်.... 

ကျန်​တော်ရင်နာနာနဲ့ဘဲ

"မိုး ရာ  မသိပါဘူး ...... ငါ အဲဒါ​တွေ... နင်ငါကို ချစိတယ် ဆို ရုံ​လေးနဲ့တင် ​ကျေနပ်ပါတယ်"

အဲအမျိူးသမီးလေး က ​​တော့ ကျန်​​တော် ကို စိုက်ကြည်ရင်း
တခွန်းထဲ ​ပြောလိုက်တယ်..

"  အင်း ချစ်တယ်  "
 

အဲ​​နေ့က စပီး မိုးမမြင် လေမမြင် ချစ်ခဲ့ကြတယ် ကျန်​တော်တို့.......

ကောင်းကင်ထဲကမြစ်တစ်စင်း...💭Where stories live. Discover now