INTRO

14.7K 671 18
                                    

UNICODE
========
အဆုံးမရှိသည့် ဟင်းလင်းပြင်ကြီးထဲတွင်

system - မင်္ဂလာပါ Host တွေ့ရတာဝမ်းသာပါတယ် system 0197 ဖြစ်ပါတယ် . .

Host - . . .

System - Host . . .Hostရေ ဘာဖြစ်တာလဲဟ ငါ့ Host က ဘာလို့ဘာမှပြန်မပြောတာလဲ

system သည် ဟင်းလင်ပြင်ထဲတွင် သီးခြားတည်ရှိနေသော အခန်းငယ်လေးကို လှမ်းကြည့်မိလိုက်ပြီး သွေးအန်ချင်စိတ်ပါပေါက်သွားသည်။

အခန်းငယ်ထဲတွင် ကုတင် တစ်လုံးနဲ့ ဗီရိုတစ်ခုသာရှိပြီး ယခု ကုတင်ပေါ်တွင် ချစ်စရာမိန်းကလေးတစ်ယောက်အိပ်နေသည်။အိပ်တာမှ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတာပင်။

system- ....( ဘာမှမကြားတာ မထူးဆန်းတော့ဘူး အိပ်နေတာလား သေနေတာလားတောင် ခွဲလို့မရဘူး ဝိဉာဥ်ဖြစ်တာမို့ဘဲ )

System- Host . .host ထတော့ ရှင်းပြစရာပြောစရာလုပ်စရာတွေရှိသေးတယ်လေ Host

ထိုအခါ ကုတင်ပေါ်မှလူက လှုပ်လာခဲ့သဖြင့်
System မှာ ပျော်ရွင်သွားတော့သည်။မဆိုးဘူး host က ငါ့စကားတော့နားထောင်သားဘဲ။ငါ့host လေးက ချစ်ဖို့ကောင်းတယ် မွ။

Systemရဲ့ ဂုဏ်ယူနေမှုကြီးသည် သူ့host မှ ပြောလိုက်သည့် စကားကြောင့် တစ်စစီကျိုးပျက်သွားတော့သည်။

Host - သွား . .သွား ဟိုဘက်မှာ ကစားချေ ဒီအစ်မကြီးကို ခေါ်တုန်းက ခေါ်ပြီးတော့ အိပ်ပါရစေဦး . .သွား. .သွား ဟိုနားမှာနေ

မျက်စိမှိတ်ကာ ပိတ်အော်နေသော သူ့ host အားကြည့်၍ Systemမှာ ဆွံ့အသွားတော့သည်။

တခြား System တွေကတော့ အခုချိန်ဆို မေးလိုက်ဖြေလိုက်နဲ့ ရှင်းပြလိုက်နဲ့ mission တောင်စကြတော့မယ်။ငါ့ host က အခုထိ အိပ်နေတုန်း ၊
System - ဝိဉာဥ်တွေက ဘယ်တုန်းကဒီလောက် အိပ်ရတာကြိုက်သွားကြတာလဲဟင်

ဒီလိုနဲ့ System သည် သူ့host မနိုးခင်ထိနေ့တစ်ဝက်လောက်စောင့်လိုက်ရသည်။

System- host နိုးပြီဘဲ ကျွန်တော်တို့ အလုပ်ကိစ္စပြောလို့ရပြီလား ရပြီမို့လား

Host - အင်း. . . ဗိုက်ဆာတယ်

Host နိုးလာ၍ ပျော်ရွင်စွာပြောကာ ပြေးသွားသည့် system သည် host ၏ နိုးနိုးချင်းစကားများကြောင့်ရင်ဝဆောင့်ကန်ခံလိုက်ရသလိုခံစားလိုက်ရသည်။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now