ARC.1.PART:13

5K 631 4
                                    

ရီချင်းဟုန်သည် ယခုအချိန်တွင် နာမည်ရလာသော အဆိုတော် တစ်ယောက်ဖြစ်သည်။ သူ့နောက်တွင်လည်း အင်အားကြီးမားသော ရီမိသားစုက ရှိနေသေးသည်။ ရီမိသားစုက မိသားစုတွင်း ရှုပ်ထွေးသော်လည်း ရန်စ၍ မရသည့် မိသားစုတစ်ခုဖြစ်သည်။

ရီချင်းဟုန်သည် ဖြောင့်တန်းသောမျက်ခုံး စူးရှသောမျက်လုံးများရှိပြီး သူ့ပုံစံကတော့ ရုပ်ရည်နှင့် ကွဲပြားစွာပျင်းတိပျင်းရွဲ့ ပုံဖြစ်နေသော်လည်း ဒါသည်ပင် ဆွဲဆောင်မှုတစ်မျိုးဖြစ်လို့နေသည်။ ဤ ကမ္ဘာတွင် လင်ရှောင်းချန် ၏ ရုပ်ရည်အား ယှဉ်နိုင်သည့် တစ်ဦးတည်းသော သူဆိုလျှင် သူသာဖြစ်‌ပေလိမ့်မည်။ ' ဒုတိယဇာတ်လိုက်လို့ မပြောရဘူး ။တော်တော် ချောတာဘဲ။ '

ဒုန်း!!!

ချင်းပေသည် ရီချင်းဟုန်အား ကြည့်နေစဉ် ထွက်ပေါ်လာသောအသံကြောင့် လန့်ဖြန့်သွားကာ ဒူးထောက်ချလိုက်‌သောကျောင်းချန်ယွီအားကြည့်လိုက်သည်။ ' ဒီတစ်ယောက်က ဘာဖြစ်ချင်နေပြန်တာတုန်း '

" ကျောင်းယွီလင်း။ မင်းက ယွီအာကို အနိုင်ကျင့်နေတာလား " အစတွင်ချင်းပေက ကျောင်းချန်ယွီ၏ အပြုအမှုကိုနားမလည်သော်လည်း သူမနောက်မှ ထွက်ပေါ်လာသော ရန်ရှု၏အသံအား ကြားလိုက်သည်နှင့် နားလည်သွားပေသည်။" သူ့အစား တိုက်ခိုက်ပေးမဲ့ လူကြီးရောက်လာတော့ ချက်ချင်းကို အားနည်း သွားတော့တာဘဲ ဟမ့် "

ဇာတ်ကြောင်းက တစ်ပတ်စောလာသော်လည်း ကျောင်းယွီလင်း၏ ဒေါသတကြီး မတုန့်ပြန်ပုံကလွဲ၍ ပုံမှန်အတိုင်းဖြစ်ပျက်နေမြဲပင်။ ‌ကျောင်းယွီလင်းအား ကျောင်းချန်ယွီက လာတောင်းပန်သည့်အခါတွင် ပါးစပ်က သူမ နှင်ထုတ်ခံရသည့်အကြောင်းကိုမချပေ။အစက သူမက အနည်းငယ် ဒေါသထွက်နေသော်လည်း သူမအခြေအနေမကောင်းမှန်းသိနေသည့်အတွက် ထိန်းချုပ်ထားနိုင်ပေသည်။

ရန်ရှု‌ရောက်လာသည့်အခါတွင်မှ သူက ဒူးထောက်ချလိုက်ပြီး သူ့‌ကြောင့် သူမ အိမ်က နှင်ထုတ်ခံရသည့်အတွက် တောင်းပန်စကားကို အကျယ်ကြီး‌ပြောချလိုက်သည်။ ထိုအချိန်က ရီချင်းဟုန်ထံ အာရုံရောက်နေသည့် လူတိုင်း ရီချင်းဟုန် အပါအဝင် သူမဘက်သို့အာရုံစိုက်လာပေသည် ။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now