ARC.1.PART:32

4.2K 515 17
                                    

အပြန်လမ်းတွင် နှစ်ယောက်လုံးတိတ်ဆိတ်နေပြီးဘာစကားမှ မပြောဖြစ်ပေ။ သို့သော်လည်း ကိုင်ထားသည့် လက်များကတော့ ပိုလို့ပင် တင်းတင်းဆုတ်ကိုင်ထားမိသည်။ လက်လွှတ်လိုက်ရင် ‌ပျောက်ကွယ်သွားမလား စိတ်နှင့်ပင်။

ချင်းပေသည် သူမ ဒီကမ္ဘာမှာ ကြာကြာမနေနိုင်မှန်းသိသဖြင့် ရှန်းချွန်းမင်အား ပြဿနာ မရှာတော့ပေ။

သူမတို့ကားနား မရောက်ခင် ရီချင်းဟုန်တို့နှင့် တွေ့ခဲ့သေးသည်။ သူတို့က သူမကို ကျေးဇူးတင်ကြောင်းလာပြောတာပင်။ ပုံမှန်စိတ်အခြေအနေဖြင့်ဆိုရင် သူမက စပ်စပ်စုစု လုပ်ချင်သေးသော်လည်း ယခုအခြေအနေဖြင့် ဘာမှမပြောဖြစ်ခဲ့ပေ။ သူတို့အတွဲကို ကြည့်ပြီး ဖုန်းပြောနေသော ခပ်လှမ်းလှမ်းရှိ ရှန်းချွန်းမင် ကို လှည့်ကြည့်မိပြန်သည်။

" အခုလိုတွေ့ရတော့ ဝမ်းသာပါတယ်။ ကိုယ်ချစ်တဲ့သူ ကို ရှိနေတုန်း ဂရုစိုက်ကြပါ။ သွားခွင့်ပြုပါဦး။ " ချင်းပေက သက်ပြင်းချလိုက်ကာ နူတ်ဆက်ပြီးနောက် ကားဆီသို့ အရင် လျှောက်သွားလိုက်တော့သည်။

ခနအကြာတွင် ကားပေါ်သို့ ရှန်းချွန်းမင် ရောက်လာသည်။သူကကားစက်နိုးရင်း " ကိုယ် နောက်အပတ်ကျရင် ရှန်း company ကို သွားရမယ်။ ကိုယ်မသွားဖြစ်တာကြာပြီလေ။ ဒီကနေကြီးဘဲ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ "

" အင်း ဂရုစိုက် " သူမက ပုံမှန်သာ ပြန်ပြောလိုက်သည်။ ဒီမှာ သူမက နောက် တစ်ပတ်အထိရှိနေနိုင်မလားဆိုတာကတော့ မေးခွန်းတစ်ခုပင်။

~~~~~~~~~~~

နောက်တစ်နေ့ မနက်တွင် ချင်းပေက တက္ကသိုလ်သို့သွားရန် စောစောထ လိုက်သည်။ သူမ အခုတ‌လော သေချာမအိပ်ဖြစ်သည်မှာ အချိန်ကြာနေပေပြီ။။ သူမက အချိန်ဆွဲချင်သေးသော်လဲ တက္ကသိုလ်က ဒီနှစ်တက်မဲ့ အတန်းမီအောင် လာဖြေရမည့်အကြောင်း မနေ့က ဖုန်းဆက်ခဲ့သည်။

" ကျမ တက္ကသိုလ် ဝင်ခွင့် သွားဖြေရမယ်။ companyကို မလိုက်နိုင်တော့ဘူး" ချင်းပေက မနက်စာစားရင်း ရှန်းချွန်းမင်အား ပြောလိုက်သည်။

ကွန်ပျုတာ တတစ်လုံးဖြင့်အလုပ်ရှုပ်နေသော ရှန်းချွန်းမင်က သူမပြောသည့် စကားအား ကြားမှ ခေါင်းထောင်လာကာ ချင်းပေအား ကြည့်လာသည်။
" ကိုယ်လိုက်ပို့မယ် ။ "

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now