ARC.1.PART-7

5.1K 540 7
                                    

Unicode

ကျောင်းချန်ယွီ ‌ပြောလိုက်သည်နှင့်တပြိုက်နက် ချင်းပေမှာ မျက်ခုံးပင့်လိုက်ပြီး သူမ၏ အေးစက်စက် အပြုံးမှာ ပိုပီပြင်လာသည်။

" Oh .. ငါ့ရဲ့ ချစ်လှစွာသောမောင်လေးက နောက်ဆုံးတော့စကားပြောလာပြီပေါ့လေ ငါက ငါအိမ်ပေါ်ကဆင်းသွားတဲ့အချိန်ရောက်မှ စကားပြောမယ်ထင်နေတာ "

" ကျွန်တော် ...ကျွန်တော် အဲ့လိုမဟုတ်..မဟုတ်ပါဘူး " ကျောင်းချန်ယွီမှာ တစ်ကိုယ်လုံးတုန်ယင်လာသဖြင့် ဆိုဖာပေါ်တွင် ထိုင်လိုက်ရသည်။

" အဲ့လောက်ကြီးဖြစ်နေရလား မသိရင် တခြားလူတွေက ငါက အနိုင်ကျင့်နေတယ်ထင်ဦးမယ်။ Ah..အခုတောင် ဒီအစ်မကြီးက မောင်လေးကို ရိုက်နေတယ်လို့ပြောနေကြတယ် တကယ်ဟုတ်လား မဟုတ်လား ငါ့မောင်လေးက ရှင်း.ရှင်း.လင်း.လင်း သိမှာပေါ့ " ကျောင်းယွီလင်းက ရှင်းရှင်းလင်းလင်း ဆိုသည့်နေရာတွင် ဖိကာ ပြောလိုက်သည်။

" မင်း..မင်း ကိုယ့်မောင်လေးကို အဲ့လိုပြောရလား မင်း ယွီအာကို ခြိမ်းခြောက်မနေနဲ့ " ရန်ရှုသည် ကျောင်းယွီလင်းရှေ့မှ ကာကာ ပြောလိုက်သည်။

" ခနလေး မပြောနဲ့ဦး ငါပြောတာမပြီးသေးဘူး " ချင်းပေသည် ရပ်ရန်လက်ကာပြလိုက်ကာ ရန်ရှု၏ ဒေါသတကြီးတုန့်ပြန်မှုအား အရေးမထားသလိုဖြတ်‌ပြောလိုက်သည်။

" ဒီအစ်မကြီးက ရိုက်တာ သက်သေပြနိုင်လို့လား "

" မင်း ယွီအာ အခန်းထဲ ဝင်သွားတာတွေ့တဲ့လူရှိတယ်လေ "

" အင်းလေ ငါမဝင်ဘူးပြောခဲ့လို့လား ဒါပေမဲ့ ငါမရိုက်ဘူးလေ "

" ဟမ့် ဘယ်သူက မင်းပြောတာယုံမှာလဲ " ရန်ရှုက လှောင်ပြောင်လိုက်သည်။

ထိုစကားကြားလိုက်သည်နှင့် ကျောင်းယွီလင်း၏ မျက်နှာထက်တွင် ဝမ်းနည်းသည့် အရိပ်အယောင်ပေါ်လာသည်အားတွေ့လိုက်ကြသည်။

ချင်းပေသည် ဧည့်ခန်းအတွင်းရှိလူများအားကြည့်လိုက်သည်။ ကျောင်းသခင်ကြီးနှင့် သခင်မကြီးက ဘာမှဝင်မပြောသော်လည်း သူမအား မယုံကြည့်သည့်အကြည့်များအားဖုံးကွယ်မထား‌ပေ။ လင်မိသားစုမှာလည်း သူတို့နှင့်မဆိုင်သလို ပုံမှန်သာရှိသည်။အလုပ်သမားများမှာ သူတို့ခေါင်းကို ငုံ့ထားကြသည်။ ချင်းပေမှာထို လူများအားကြည့်ကာ ရင်ဘတ်ကနာလာပြီး အလွန်အမင်း ဝမ်းနည်းလာသည်။ ဒါသည် မူလကိုယ်၏ ခံစားချက်များပင်။သူမက ထိုခံစားချက်များအားဖိနှိပ်နေစဉ်

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now