ARC.1.PART:23

4.7K 614 7
                                    

ကျင်းဖေးရှင်း သည် ကျောင်းယွီလင်းလို မဟုတ်ပေ။ သူမက အတင်းအကျပ်ပူးကပ်ခံထားရသလို ဖြစ်နေသဖြင့်  host တစ်ယောက်၏ ထိန်းချုပ်ထားမှုမှ လွတ်လာပြီးနောက် ခံနိုင်ရည်ကျဆင်းသွားပြီး ချက်ချင်းမေ့လဲသွားသည်။ ကြည့်နေသည့် လူတိုင်းက လဲ ကျင်းဖေးရှင်း မေ့လဲ သွားကြောင်း သာ မြင်လိုက်ရပြီး ဘာဖြစ်သွားမှန်းမသိလိုက်ပေ။

ထိုအချိန်တွင် ချန်ယုက သူတို့နားရောက်လာပြီး ကျင်းဖေးရှင်းအား လုံခြုံရေးများကို သယ်ခိုင်းကာ ဆေးရုံပို့ ခိုင်းလိုက်သည်။ ကြည့်နေသည့် လူတိုင်းကိုလဲ အလုပ်ပြန်လုပ်န်ပြောပြီး ခပ်မာမာ သတိပေးလိုက်သည်။ ချင်းပေ သည် ချန်ယု လုပ်သမျှကို သာ လိုက်ကြည့်နေလိုက်သည်။ချန်ယုက ယခုလို အဖြစ်အပျက်များကို ကျင့်သားရသလိုဖြစ်နေပြီး မျက်နှာ အမှုအရာကလည်း ထူးမခြားနားပေ။ သူက ဘာဖြစ်တာလဲတောင် မမေးခဲ့ဘူး။ ဒီလို အဖြစ်အပျက်မျိုး ခနခန ဖြစ်နေကျ ကျနေတာဘဲ။

ထိုအတွေးဝင်လာသည်နှင့် ရှန်းချွန်းမင်အား နောက်တစ်ခေါက် ထိတ်လန့်စွာ‌မော့ကြည့်လိုက်သည်။ ' လုံးဝ ပုံမှန် မဟုတ်ဘူး '

ထိုနောက် သူတို့က ချန်ယု၏ ‌ဦး‌ဆောင်မှုဖြင့် ရှင်းရီ တာဝန်ခံ၏ ရုံးခန်းသို့ ရောက်လာသည်။ အခန်းထဲတွင် သူမ အရင်က ကော်ဖီဆိုင်တွင် တွေ့သည့် လူကြီးနှင့် အခြား နှစ်ယောက်ကို တွေ့လိုက်သည်။ တစ်ယောက်မှာ အသက် ၂၄ လောက်ရှိသည့် လူငယ် တစ်ယောက်နှင့် မိန်းကလေး တစ်ယောက်ဖြစ်သည်။

သူမတို့ဝင်လာတာ မြင်သည့် နှင့် ထိုလူများက ချက်ချင်းထကာ နူတ်ဆက်လိုက်သည်။

" သခင်ကြီး မင်္ဂလာပါ ! " ယန်ယီ ၏ အသံက အနည်းငယ် တုန်နေသည်။ ထိုနောက်သူက စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် ပြောလာသည်။ " သခင်ကြီး ကျွန်တော် တာဝန် ကို ပြီးမြောက်အောင် မလုပ်နိုင်ခဲ့ပါဘူး။ black Z ကို မရှာနိုင်တဲ့ အတွက် ခွင့်လွှတ်ပေးပါ။ "

ရှန်းချွန်းမင်က ယန်ယီအား အနည်းငယ် စောင်းကြည့်လိုက်ကာ အေးစက်စက်ပြောလိုက်သည်။ " နောက်တစ်ခါ ဒီလို ဖြစ်တာမျိုး မလိုချင်ဘူး။ black Z ကိစ္စက မင်းစိုးရိမ်ဖို့ မလိုတော့ဘူး ။ သူက ဒီမှာရောက်နေပြီ။ " သူက ပြောရင်းဖြင့် ချင်းပေအား ကြည့်လိုက်သည်။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now