ARC.1.PART:9

5.1K 615 6
                                    

ကျောင်းယွီလင်း သည် မျက်စိရှေ့မှ ပျောက်သွားသည့်အချိန်မှသာ လူတိုင်းသတိပြန်ဝင်လာပြီ ကျောင်းသခင်ကြီးလက်ထဲတွင်ရှိနေသော USB အားကြည့်လိုက်ကြသည်။ကျောင်းသခင်ကြီးသည် ကျောင်းချန်ယွီအား စိတ်ရှုတ်ထွေးသည့်ပုံစံဖြင့် တစ်ချက်ကြည့်ကာ ခနက ချင်းပေ သုံးခဲ့သော ကွန်ပျုတာ ထဲသို့ USB အား ထည့်လိုက်သည်။

USB ထဲတွင် ရှိသည်က video လေးတစ်ခုသာရှိသည်။ထို video သည် ကျောင်းအိမ်တော်၏ ဝရံတာကို မျက်နှာချင်းဆိုင်သစ်ပင်မှ ရိုက်ကူးထားပုံရပြီး ထူးခြားမှုတစ်စုံတစ်ရာ မတွေ့ရသည့်အတွက် လူတိုင်းစိတ်ရှုတ်သွားကြသည်။
' ဘယ်မှာလဲ သက်သေက '

Video သည် ရက်များစွာကြာအောင် ရိုက်ကူးထားသည့်ပုံစံဖြစ်သည်။ ခန‌ကြာသောအခါ video ထဲတွင် ထူးခြားသော ငှက်မျိုးစိတ်တစ်မျိုးက ဝရံတာတွင်လာနားသည်။ ထိုငှက်သည် တစ်ကိုယ်လုံးအပြာရောင်ဖြစ်ပြီး လည်ရစ်တွင် အဖြူကြောင်းလေးရှိပြီး အလွန်လှသည့် ရှားပါးမျိုးစိတ်လေးဖြစ်သည်။ ထိုအချိန် တွင် အိမ်တော်ထိန်းဝမ်က ဝင်ပြောလိုက်သည်။
" အဲ့ငှက်ကို ကျွန်တော်မှတ်မိတယ်။ လွန်ခဲ့တဲ့တစ်လတုန်းက တစ်ခေါက်တွေ့သေးတယ်။အဲ့ဝရံတာမှာဘဲ မမလေးရော တွေ့လိုက်တယ်။"

ထိုအခါ လူတိုင်း video ကို နားလည်သွားသည်။ လူအများ၏ အမြင်တွင် ကျောင်းမိသားစုမမလေးသည် အေးစက်ပြီး မာနကြီးသည်။သူမအနားသို့ ချဉ်းကပ်သည့်မည်သူမျှ ရလဒ်မကောင်းပေ။သို့သော် လူတိုင်း သိထားသည့်အချက်တစ်ခုတည်းမှာ သူမသည် ကွန်ပျုတာကို စိတ်ဝင်စားပြီး ထူးခြားသည့်အကောင်များကို ရိုက်ကူးရသည့် ဝါသနာရှိသည်။

' ဒါပေမဲ့ ဒါက သက်သေနဲ့ဆိုင်လို့လား ' လူတိုင်းတွေးနေစဉ် video ထဲတွင်ဝရံတာဘက်သို့လာ‌နေ‌သော‌ကျောင်းယွီလင်း၏ပုံရိပ်ကို‌တွေ့လိုက်ရသည်။သူမသည် ဝရံတာသို့မ‌ရောက်ခင်ကျောင်းချန်ယွီ၏ အခန်းတခါးရှေ့တွင် ရပ်လိုက်သည်။

‌ခတ္တတုံ့ဆိုင်းသွားပြီးနောက် သူမက အခန်းတွင်းသို့ဝင်သွားသည်။သူမအခန်းတွင်းသို့ဝင်သွားပြီးနောက် ခနအကြာတွင် ဆူပူနေသည့်အသံများပေါ်လာသည်။သို့သော် ကျောင်းချန်ယွီပြောသည့်အတိုင်းသူမက အခန်းထဲတွင် အကြာကြီးမနေခဲ့ပေ။
၁၅ မိနစ်လောက်အကြာတွင် သူမသည် အခန်းအပြင်သို့ထွက်လာသည်။သူမက အခန်းတံခါးကိုအေးစက်စက် စိုက်ကြည့်ပြီးနောက် နှာခေါင်းရှုံလိုက်ကာ ပြန်ထွက်သွားသည်။ထိုနောက် video တွင် ဘာမှမပေါ်လာခဲ့တော့ပေ။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now