ARC.1.PART-5

5.1K 592 0
                                    

UNICODE

" ကျောင်းယွီလင်း !!!! အဲ့ဒါနင်ဘာလုပ်တာလဲ "

အလန့်တကြားအော်သံနှင့်အတူ ကျောင်းချန်ယွီသည် လင်ရှောင်းချန်နှင့်ကျောင်းယွီလင်းရှေ့သို့ရောက်လာခဲ့သည်။

ချင်းပေသည်လည်း အသံစူးစူး‌ကြောင့်နိုးလာခဲ့သည်။သူနိုးလာသည့်အခိုက်အတန့်တွင် သူမသည် လူတစ်ယောက်၏ရင်ခွင်ထဲသို့ရောက်နေသည်အားသိလိုက်သည်။ သူမသည် ထိုလူအားအလန့်တကြားတွန်းထုတ်ရင်း system အားမေးလိုက်သည်။

( " ရှောင်ကျို ဒီမှာ ဘာတြွေဖစ်နေတာလဲ " )

System - ဟမ် ရှောင်.. ရှောင်ကျို ကဘယ်သူလဲ

( ချင်းပေ - ဘယ်သူကမှာလဲ နင်လေ နင့်နာမည်က 197 မဟုတ်ဘူးလား အခုဘာဖြစ်နေတာလဲအမြ‌န်ပြောစမ်းပါ ငါနဲ့သူက ဘာလို့ဒီလိုပုံစံဖြစ်နေတာလဲ )

System - အခုမှ ဘာဖြစ်နေတာလဲ သတိရသေးတယ်ပေါ့
ဟမ့်  တစ်ချိန်လုံးသေနေပြီးတော့

( ချင်းပေ - အဟမ့် ငါက ခနလေးအိပ်ပျော်သွားတာပါဟ ‌ပြောမှာသာ‌ပြောစမ်းပါ )

System - ဘာဖြစ်ရမှာလဲ ဇာတ်လိုက်က ဆွဲဆောင်ခံလိုက်ရတာလေ

( ချင်းပေ - တကယ်လား ဘယ်သူ့ ကိုလဲ ချန်ယွီကိုလား
' အင်းးးး သူက သောက်ရမ်းချောပြီး ငါ့ type ဖြစ်ပေမဲ့ ဒီက မား ကောင်းကြီးလုပ်ပြီး အဆုံးရှုံးခံလိုက်ပါမယ်လေ ' )

System -" ...."( ငါလေးတကယ်သေချင်သွားပြီး )

ချင်းပေ မှာ system ၏ အ‌ဖြေအားစောင့်နေစဉ် ကျောင်းသခင်ကြီး‌ပြောနေသည့် စကားများ‌ကြောင့် အတွေးများစုစည်းလိုက်ရသည်။

" လင်းအာ သမီး ဘယ်လိုလုပ်ဒီလိုလုပ်ရတာလဲ ရှောင်ချန်က ပါးပါးတို့ရဲ့ ဧည့်သည်လေ "

လင်ရှောင်းချန်မှာ လစ်ဟာသွားသော သူ့ရင်ခွင်အားကြည့်ကာ မကျေမနပ်ဖြစ်နေစဉ် ကျောင်းသခင်ကြီး၏ စကား‌ကြောင့် ဒေါသက ထောင်းကနဲထွက်သွားသည်။

" ဦးလေးကျောင်း ဒါက လင်းအာ အမှားမဟုတ်ပါဘူး ကျွန်တော့်အမှားပါ "

" ရှောင်ချန်အမှား မဟုတ်ပါဘူး လင်းအာက အနေအထိုင်မတတ်တာပါ "

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now