ARC.1.PART:30

4.3K 542 21
                                    

ချင်းပေသည် ရှန်းချွန်းမင် အား လှည့်ကြည့်လိုက်သည်။ ထိုသူကလဲ သူမအား ကြည့်နေသည်။ သူမက သက်ပြင်းတစ်ချက်ချကာ မုရွယ်အန်း ဘက်သို့လှည့်ကာ ပြောလိုက်သည်။
" ဆရာမရွယ်  ကျမ က ကျောင်းချန်ယွီ ဆီက ပိုက်ဆံလုတယ်လို့ ဝန်မခံခဲ့ရသေးဘူးနော်။ စကားကို ပြင်ပြောပေးပါ။ "

မုရွယ်အန်းသည် ကျောင်းယွီလင်း စကားကြောင့် ‌ဒေါသထွက်သွားကာ ပြောလိုက်သည်။ " နင် ကျောင်းပြောင်းမယ် လို့ပြောခဲ့တယ်လေ။ "

" အင်းလေ။ ရောက်လေရာ အရပ်မှာ ခွေးတွေ ဟောင်နေလို့ မနေချင်တော့လို့လေ။ လုပ်တယ်လို့ပြောမိလို့လား။ " ချင်းပေက ဂရုမစိုက်စွာ ပုခုံးတွန့်လိုက်ပြီး ပြောလိုက်သည်။

" ဟမ့်။ ဒီမှာ သက်သေ ရှိနေတာဘဲလေ။ " မုဟွေက ဝင်ပြောကာ ဖုန်းကို ကျောင်းအုပ်လီအားပေးလိုက်သည်။

လီတန်ရှီးသည် ဓာတ်ပုံကို သေချာကြည့်ပြီး နောက် ချင်းပေအား သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။" မင်း အခုဝန်ခံရင် အပြစ်လျော့ပေးမယ်။ " ။ ဝန်ခံကို ဝန်ခံရမည့် ပုံစံမျိုးပင်။

" ‌ကျောင်းအုပ်ကြီး ဒီကိစ္စ ကျမလုပ်တာမဟုတ်ဘူးဆိုတာ မဖြစ်နိုင်ဘူးလား။ မစုံစမ်းတော့ဘူးလား " ချင်းပေသည် လူတစ်ယောက်ကို သက်သက်ကြီး ပြဿနာ မရှာချင်‌ပေ။

လီတန်ရှီးက စိတ်ကုန်‌နေသည့် လေသံဖြင့် " မင်းက လုပ်တာကို ဝန်မခံချင်ဘဲ။ လိမ်တောင် လိမ်နေသေးတယ်။ ငါက မင်းကို ဘယ်ကျောင်းမှ တက်လို့မရအောင် လုပ်ပစ်မယ် "

ချင်းပေသည် ကျောင်းအုပ်ကြီး၏ ဆုံးဖြတ်ချက်အား ကြားပြီးနောက် အခန်းတွင်းသို့ လှည့်ကြည့်လိုက်သည်။ ရှန်းချွန်းမင်၏ဘေးဘက်တွင် ရှိသာ စားပွဲပေါ်ရှိ ကွန်ပျုတာ ဆီတွင် အကြည့်ရပ်သွားသည်။ သူမက ‌လီတန်ရှီး အား " ကွန်ပျုတာ ခနသုံးခွင့်ပြု "

လီတန်ရှီးသည် မျက်မှောင်ကြုတ်ကာ ပြောရန်ပြင်လိုက်စဉ် ရှန်းချွန်းမင် ကဝင်ပြောလိုက်သည်။" ခွင့်ပြုလိုက်ပါ သူဘာလုပ်မလဲ ငါသိချင်တယ် "

" ကောင်းပြီ " လီတန်ရှီးက အလျော့ပေးလိုက်ရတော့သည်။ ' ကွန်ပျုတာ သုံးတော့ရော ဘာလုပ်နိုင်မှာ မို့လို့လဲ။ ' တကယ်တော့ ဓာတ်ပုံတစ်ခုထဲဖြင့် ကျောင်းထုတ်ရန် မလုံလောက်သေးပေ။ သူက မုရွယ်အန်း အတွက် လုပ်ပေးရုံသာ။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now