ARC.1.PART-6

5.1K 588 6
                                    

Unicode

ချင်းပေသည် ထိုအသံထွက်ပေါ်ရာသို့လှည့်ကြည့်လိုက်သည်။ကျောင်းချန်ယွီအား တွဲကူကာရပ်နေသည့် ၁၆နှစ်အရွယ်‌ကောင်လေးတစ်ယောက်အားတွေ့လိုက်သည်။ရုပ်ရည်မှာ ‌လင်ရှောင်းချန်အား မမှီသော်လည်း အတော်လေးချောမောသည်ပင်။ချင်းပေသည် ထိုသူအားတွေ့လိုက်သည်နှင့် မျက်ဝန်းများတောက်ပလာကာ ချက်ချင်းပြန်ပျောက်သွားသည်။

ထိုအဖြစ်အား သတိထားမိလိုက်သည့် လင်ရှောင်းချန်၏မျက်နှာမှာမည်းမှောင်သွားသည်။သူက စကား‌ပြောရန်ပြင်လိုက်စဉ် တံခါးဝမှ သူ့နာမည်ခေါ်သည့်အသံအားကြားလိုက်ရသည်သဖြင့်လှည့်ကြည့်လိုက်သည်။

" အားချန် "

ချင်းပေမှာလည်း သူမအား‌ပြော့သည့်လူကိုတလှည့် ကျောင်းချန်ယွီအားတလှည့်ကြည့်ကာ စကားပြောရန်ပြင်လိုက်စဉ် ထိုအသံအားကြားလိုက်ရသည်။ထိုအတူဧည့်ခန်းရှိလူတိုင်းမှာ တံခါးဝသို့လှည့်ကြည့်လိုက်ကြသည်။

တံခါးဝတွင် အထက်တန်းကျသည့်သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ယောက်အားမြင်လိုက်ရသည်။သူမသည် ဈေးကြီးသည့် အဝတ်အစားများဝတ်ထားသည်။ ကျက်သရေရှိစွာလှပနေပြီး အထက်တန်းကျလှသည့် အရှိန်အဝါကိုထုတ်ဖော်ထားသည်။ ။သူမနှင့်ယှဉ်လျင် ကျောင်းသခင်မကြီးပင်မှေးမိန်သွားသကဲ့သို့ပင် သူမအနားတွင်လည်း လင်ရှောင်းချန်နှင့်ရုပ်သွင်ပြင်တူညီဟန်ရသည့် လူကြီးတစ်‌ယောက်ရပ်နေသည်။

ထိုလူကြီး၏မျက်နှာ‌ပေါ်တွင် အပြုံးတစ်ခုရှိ‌နေပြီး ‌နွေး‌ထွေးသည့်ပုံစံက လင်ရှောင်းချန်နှင့် မတူညီပေ။ ဒါသည် လင်ရှောင်းချန်၏ အဖေနှင့်အမေ ပင်ဖြစ်သည်။

' အို ..လူစုံတက်စုံရောက်လာပြီးဘဲ ဇာတ်လမ်းရဲ့ အလှည့်အပြောင်းလေးလာတော့မယ် '

လင်ရှောင်းချန်၏ မိဘများအားကြည့်၍ ချင်းပေ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။

" လောင်လု မင်းတို့ရောက်လာပြီလား ကားရောအဆင်ပြေခဲ့ကြရဲ့လား " လင်သခင်ကြီးအား မြင်သည်နှင့် ကျောင်းသခင်ကြီးက ဝင်ပြောလိုက်သည်။ ကျောင်းသခင်မကြီး၏ မျက်နှာပေါ်တွင် အပြုံးရေးရေးလေး ချိတ်ဆွဲထားသည်။

TAKING BACK MAIN LEAD'S INFLUENCE Where stories live. Discover now