နိဂုံး

6.9K 534 5
                                    

[[U]]

သာယာလှသောမနက်ခင်းတွင်နန်းတော်
တစ်ခွင်၌ကျေးငှက်သံများနှင့်အေးချမ်းလှသည်။
လတ်ဆတ်သောလေပြေလေညှင်းများနှင့်အတူနှင်းစက်တို့၏ရနံ့လည်းရောယှက်ပါဝင်လာပြီး
ပျောက်တောက်တောက်နေရောင်ကလည်းလှပစွာဝင်ရောက်ကပြလျက်ရှိသည်။
ပနံသလှသောရောယှက်ဖန်တီးမှုသည်ငြိမ်သက်အေးချမ်းလှသောကာလနှင့်စီးချက်ညီတောက်ပလျက်ရှိသည်။

ကျင်းသတိပေးထားသည်ဖြစ်ပေမဲ့လည်း
ရှောင်ဝမ်အဆောင်သို့လုချန်
လာမြဲဖြစ်သည်။
ပျော်ရွှင်မှုများနှင့်ထိုက်တန်သောသူမငယ်လေးရှန်းဝမ်သည်နောက်ဆုံးတော့လည်းလုချန်နည်းတူအနှီဧကရာဇ်အားချစ်ခင်မိသူလည်းဖြစ်သည်။
မတူညီတာတစ်ခုမှာလုချန်သည်မကောင်းဆိုးဝါးထံမှအချစ်များကိုကံကောင်းစွာရလိုက်ပေမဲ့ရှန်းဝမ် မှာတော့အလိုရှိတိုင်းရမလာသောအချစ်တွေကြောင့်အမြဲစိတ်ဆင်းရဲရခြင်းဖြစ်သည်။
အစောင့်တွေတင်းကျပ်နေသည့်ကြားမှ
နှစ်ရက်ခြားသုံးရက်ခြားတစ်ခါလုချန်
လာမြဲဖြစ်သည်။

ဘုရင်အမိန့်ထုတ်ပြန်ထားသည့်တစ်ဦးတစ်
ယောက်မှလာခွင့်မပြုဟုဆိုပေမဲ့လည်း
လုချန်ဆန္ဒရှိသလိုဝင်နိုင်ထွက်နိုင်ရန်
အစောင့်တွေမှခွင့်ပြုထားသည်။

အရှင်မင်းကြီးနှင့်အနီးဆုံးသူဖြစ်သည့်
သခင်လုအားမဟန့်တားရဲကြ....
သခင်လုအားစော်ကားခြင်းသည်
အရှင်မင်းကြီးအားစော်ကားခြင်းပင်ဖြစ်သည့်
အတွက်တစ်ဦးတစ်ယောက်မျှမဝံ့ရဲကြ

အကယ်၍ဘေးကျပ်နံကျပ်အခြေအနေဖြင့်
အပြစ်ပေးခံရမည်ဆိုရင်တောင်အရှင်မင်းကြီး
အားဟန့်တားရဲသူမှာသခင်လုတစ်ယောက်
သာရှိသည်။
တစ်တိုင်းပြည်လုံးတွင်ဧကရာဇ်၏အမိန့်အားလွန်ဆန်နိုင်သူသည်သခင်လုတစ်ယောက်တည်းသာရှိသည်။

"ရှောင်ဝမ်..ဒီနေ့ဘယ်လိုနေလဲ"

"အစ်ကိုလု..အဖြေသိနေရဲ့သားနဲ့ဘာလို့
ထပ်မေးနေပြန်တာလဲ...တကယ်ပဲပျင်းလွန်းလို့
သေတော့မယ်"

ဆူပုတ်ကာပြန်ဖြေလာသောအသွင်ကြောင့်လုချန်ပြုံးရင်းခေါင်းအားခပ်ဖွဖွပုတ်ပေးကာ

Hua Hua You Long Fanfiction 1(ဘာသာပြန်)Where stories live. Discover now