အခန်း(၁)

102K 3.3K 223
                                    

[[U]]

သာယာလှသောဆောင်းဦးရာသီမနက်ခင်းတွင်လေပြည်လေညှင်းလေးများကအေးစက်လျက်ရှိသည်။
ထုံးစံအတိုင်းလုချန်သည်ကျင်းနှင့်စွမ်းအင်ပြည့်တစ်ညတာကိုကုန်ဆုံးရင်းမနက်တံခါးခေါက်မှသာနိုးလာသည်။

"သခင်လေး...နိုးပြီလား.."

အခြွေအရံဖြစ်သောရှောင်စန်းသည်မနက်ခင်းသန့်စင်ဖို့ရာလိုအပ်သောအရာများပြင်လျက်အခန်းဝ၌ရပ်လျက်ရှိသည်။

လုချန်အပျင်းကြောဆန့်နေရင်းမှအဝတ်မပါသောခန္ဓာကိုယ်အားသတိရသွားကာပြန်မဖြေနိုင်သေးခင်ပြန့်ကျဲနေသောဝတ်ရုံအားကောက်ယူပြီးအမြန်ဖုံးကာလိုက်သည်။

"အင်း....ဝင်လာခဲ့"

ရှောင်စန်းသည်တံခါးကိုဖြည်းညင်းစွာဖွင့်လျက်အထဲဝင်လာသည့်အခါစူးရှသည့်အချစ်ရနံ့များကနှာခေါင်းတွင်းသို့တိုးဝင်လာသည်။
ဘုရင်နဲ့သခင်လေးကြားရှိဆက်ဆံရေးကိုနားလည်
သဘောပေါက်သော်လည်းကြင်နာတတ်သောသခင်လေးရှက်နေမည်
စိုး၍မသိချင်ယောင်သာဆောင်နေမိသည်။

ရှောင်စန်းသည်လုချန်တောင်ပေါ်ဓားမြ
ဘဝတည်းကနောက်လိုက်ဖြစ်ခဲ့သည်။
ညီအစ်ကိုတွေကြားထဲမှာသိုင်းပညာအညံ့ဆုံး
ဖြစ်သည့်အတွက်ဟန်ကျိုးရှိညီအကိုများကဲ့သို့မဟုတ်ပဲလုချန်၏နောက်လိုက်အခြွေအရံ
အဖြစ်ရွေးချယ်ခံရခြင်းကကံအကောင်းဆုံး
ဖြစ်သည်ဟုရှောင်စန်းမှတ်ယူထားသည်။

ညီအစ်ကိုအကြောင်းပြောရမည်ဆိုလျှင်လော့ရုန်ရုန်ကိစ္စ
ဖြစ်ပြီးကတည်းကသူတို့ဘယ်လောက်မိုက်မဲ
ကြောင်းနားလည်သဘောပေါက်သွားကြသည်။
ကာကွယ်ပေးသည့်လုချန်ကြောင့်သာ
သူတို့၏မိုက်မဲမှုတွေကိုအပြစ်ပေးမခံရခြင်း
ဖြစ်သည်။
ဒုတိယအကြိမ်ဆိုရင်တော့ကျင်းက
လုံးဝခွင့်လွှတ်မည်မဟုတ်ကြောင်းသတိပေးခဲ့သေးသည်။

လုချန်သည်ဓားမြဗိုလ်ဖြစ်သော်ငြားလည်းလယ်အောက်ငယ်သားတွေကိုဘယ်တော့မှမတရားပြုသောသူမဟုတ်မိသားစုကဲ့သို့သဘောထားတတ်သူဖြစ်သည်။
ဧကရာဇ်၏လူဖြစ်လာကာရာထူးအဆင့်အတန်းတွေကွာခြားသွားပေမဲ့လည်းညီအစ်ကိုတွေအားဆက်ဆံပုံကအရင်အတိုင်းသာဖြစ်သည်။
ထို့အတွက်ကြောင့်လည်းရှောင်စန်းသည်အစ်ကိုကြီးအားလွန်စွာဂုဏ်ယူမိသည်။

မသွားခင်မှာကြားခဲ့သောကျင်းအမှာစကားအားရှောင်စန်းသတိရသွားကာ

"အာ..အရှင်မင်းကြီးကနန်းတွင်းမှာ
နေ့လည်စာအတွက်လာရောက်ရန်
မှာကြားထာပါတယ်"

ဝတ်ဆင်မည့်ဝတ်ရုံများအားပြင်ဆင်ရင်းလျှောက်တင်လိုက်သည်။
ပန်းပွင့်ပန်းခတ်များအားမကြိုက်တတ်သူဖြစ်သည့်အတွက်အထူသားနှင့်ပြုလုပ်ထားကာရိုးရှင်းလှသောခရမ်းနုရောင်ဝတ်ရုံကိုသာပြင်ဆင်ပေးထားသည်။

လုချန်၏ဓားသွားကဲ့သို့သောမျက်ခုံးရိုးများကျုံ့ဆင်းလာကာ
နှုတ်ခမ်းလည်းစူလာတော့သည်။
အရေးမပါလှသောထမင်းစားသည့်ကိစ္စလေးတွေလောက်နှင့်
နန်းတွင်းသွားနေရခြင်းကိုလုချန်မုန်းလှသည်။
မဟန်သောအခြေအနေကြောင့်ရှောင်စန်းလည်းစိတ်ပျော်လို့ပျော်ငြား

"စစ်သူကြီးမူယွဲ့ကအရှေ့အရပ်စစ်မြေပြင်မှ
ပြန်လာပြီလို့လည်းကြားပါတယ်"

"စစ်သူကြီးမူယွဲ့ပြန်လာပြီလား..
နှုတ်ဆက်ပြီးဂုဏ်ပြုစကားအရင်ဆုံး
သွားပြောသင့်တယ်"

အကြောင်းပြချက်တစ်ခုရလာသည့်အတွက်လုချန်မျက်လုံးတွေသည်လည်းတောက်ပလာတော့သည်။

အစကတော့လုချန်အနားတွင်အချိန်ပြည့်ရှိနေစေရန်
ကျင်းသည်အတွင်းရုံးတော်၌အလုပ်ပေးထား
ခဲ့သည်။
သို့သော်ငြားလည်းမနှစ်ကမြောက်အရပ်တိုင်းခန်းလှည့်
လည်သည့်အချိန်တွင်ဖြစ်ပွားခဲ့သောကိစ္စ
ရပ်ကြောင့်လုချန်အားပြန်လည်ခံပြောရဲသူတစ်ယောက်မှမရှိ
တိုက်ရိုက်လာမပြော
ကြပေမဲ့လည်းအတွင်း၌ကြိမ်ဆဲနေကြသည်ကိုအထင်အမြင်သေးသောမျက်လုံးတွေမှတဆင့်လုချန်သိသည်။...

တိုင်းပြည်အရေးကိစ္စတွေတွင်လက်ထောက်
တာဝန်ယူထားသောကျင်းအမြွှာညီအစ်ကို
ကျန်းကတော့ပြောမနေနဲ့တော့....
အတွင်းရုံးတော်မှာရှိစဥ်ကလုချန်နှင့်ကျန်းသည်တစ်ခါတစ်ရံတော့တွေ့ဆုံမိကြသည်။
ကျန်းသည်နန်းတွင်းအားအလာနည်းလှပြီး
ပွဲတော်ကြီးကြီးမားမားတစ်ခုခုရှိသောအချိန် တခမ်းတနားရုံးတော်အစည်းအဝေးမျိုးရှိသောအချိန်
ကျင်းခေါ်သည့်အချိန်မျိုး၌သာလာရောက်တတ်သည်။
တွေ့သည့်အချိန်တိုင်းလည်းမတူမတန်သလိုထူးဆန်းသည့်အကြည့်
နှင့်ကြည့်လေ့ရှိပြီးခွေးလေးဖန်ချီကိုခိုးခဲ့
သည့်ကိစ္စအားမမေ့နိုင်သေးသည့်ပုံပေါ်သည်။
ရန်လိုသည့်အသွင်မပေါ်ပေမဲ့လည်း
လုချန်ခပ်ဖြောင့်ဖြောင့်မထိုင်နိုင်ပဲအတော်ပင်စိတ်ကျင်းကျပ်ခဲ့ရသည်။

အနှီဖြစ်ရပ်များနှင့်အဆင်မပြေလှသောကြောင့်
နန်းတွင်းထက်စစ်တပ်ထဲပို့ပေးရန်ပထမဆုံးအနေနှင့်တောင်းဆိုခဲ့သည်။
ဦးနှောက်သုံးကာအလုပ်လုပ်ရသောရုံးတော်ထက်စာလျှင်စစ်တပ်ကမှပိုမိုကောင်းမွန်နေသေးသည်။
ထင်ထားသည့်အတိုင်းကျင်းကထိုအကြံအားငြင်းဆိုခဲ့သည်။
ကျင်းကချစ်ရသူအားစစ်မြေပြင်
မပို့နိုင်ဘူးဆိုကာအမြဲတမ်းငြင်းဆန်ခဲ့သည်။
စစ်တပ်ထဲရောက်ပြီဆိုသည်နှင့်နန်းတွင်းနဲ့ဝေးသွားတော့မည်ဖြစ်ကာလုချန်လည်းမျက်စိအောက်ကပျောက်သွားလိမ့်မည်

လုချန်ပြင်းပြင်းထန်ထန်တောင်းဆိုနေတာကြောင့်နောက်ဆုံးတွင်တော့
အချက်သုံးချက်နှင့်ကိုက်ညီမှသာ
သွားနိုင်သည်ဟုခွင့်ပြုခဲ့သည်။

ပထမအချက်...စစ်သူကြီးမူယွဲ့သည်
လုချန်အားကာကွယ်ရန်တာဝန်ယူရမည်

ဒုတိယအချက်...ကျင်းမပါဘဲကျင်းခွင့်ပြုချက်မရဘဲစစ်မြေပြင်ကိုသွားခွင့်မရှိ

တတိယအချက်..မူယွဲ့စစ်တိုက်ထွက်နေချိန်ဆိုရင်စစ်တပ်တာဝန်တွေဘေးချပြီးကျင်းနားမှာပဲအချိန်ပြည့်ရှိနေရမည်

လက်မခံဘူးဆိုလျှင်အတွင်းရုံးတော်မှာပဲတာဝန်ဆက်လက်ထမ်းဆောင်ရမည်ဆိုလာ၍
လုချန်ဖြစ်ညစ်လက်ခံလိုက်ရသည်။
ကျင်းအတွက်အကျိုးပိုများကြောင်းသိသော်လည်း
အတွင်းရုံးတော်မှာဆက်လက်ရှိမနေချင်သော
ကြောင့်လက်ခံလိုက်ရသည်။
ဘာပဲဖြစ်ဖြစ်အတွင်းရုံးတော်မှာရှိနေတာထက်စာရင်တော့သာနေသေးသည်။

ကိုယ့်ကိုယ်ကိုပြန်ပြောနေသည့်အသံတိုးတိုးလေးထွက်ပေါ်လာသည်။..

"စစ်ပွဲရလဒ်ကဘယ်လိုလဲမသိဘူး..."

ကြားမိလိုက်သောရှောင်စန်းသည်ရယ်ချင်
နေသောမျက်နှာအားထိန်းရင်းပြတင်းပေါက်
နားသို့အမြန်သွားရပ်လိုက်ရသည်။..
လုချန်ဘာကိုဆိုလိုတာလဲဆိုတာရှောင်စန်း
အပြည့်အဝနားလည်သည်။

စစ်ချီသွားသူမှာစစ်သူကြီးမူယွဲ့ကိုယ်တိုင်ဖြစ်သည့်အတွက်စစ်ပွဲနိုင်ခြင်းရှုံးခြင်းအားစိတ်ပူနေစရာတောင်မလို
လုချန်စိတ်ပူသည်ကစစ်ပွဲနိုင်တိုင်းမှာ
တဖက်နိုင်ငံမှဆက်သလိုက်သည့်ချောမော
လှပသောမိန်းမပျိုလေးများကြောင့်သာ

ဤတိုင်းပြည်ကိုယ်၌စီကနန်းတွင်းသို့ဝင်လာသည့်မိန်းမလှလေးတွေဆိုသည်မှာလည်းရပ်တန့်သွားတယ်ဆိုတာမရှိ
စစ်နိုင်သောတိုင်းပြည့်မှဆက်သလိုက်သည်များကလည်းမဆိုနှင့်တော့
လုချန်စိုးရိမ်မည်ဆိုလျင်လည်း
စိုးရိမ်စရာပင်..
ထိုမိန်းကလေးများနဲ့ကျင်းသည်အကြောင်းပြချက်တစ်ခုအရတော့တစ်ညတာအိပ်စက်ပေးရသည်။

လုချန်သည်ကျင်းအပိုင်ဖြစ်သော်လည်း
ကျင်းကတော့ဘယ်တော့မှဖြစ်လာမည်မဟုတ်
သို့ပေမဲ့လည်းလွန်ခဲ့တဲ့ခြောက်နှစ်တည်းကစပြီး
လုချန်ကလွဲ၍အခြားယောက်ျားလေးများ
အားထိသည်မဟုတ်ဟူသောနှစ်သိမ်စရာတစ်ခုတော့ရှိသည်။

"အရှင်...မနက်စာပြင်လိုက်တော့မယ်"

ဝတ်ဆင်ဖို့ပြင်ဆင်ပေးပြီးအခန်းအားလေကောင်းလေသန့်ရအောင်ပြုလုပ်ကာကလေးတစ်ယောက်လို့ပြုစုစောက်ရှောက်ပေးသည်အားမကြိုက်သည့်လုချန်ကြောင့်အခန်းတွင်းမှထွက်လာသည်။

"အင်း.."

မနက်စာစားပြီးချိန်တွင်ဘယ်ကိုအရင်ဆုံး
သွားရမည်ကိုလုချန်တွေးနေမိသည်။..
နန်းတွင်းသွားရင်ပဲကောင်းမလား
ကျင်း၏အရေးမကြီးလှသောကိစ္စကိုနောက်ချန်ထားပြီးစစ်တပ်တွင်းပဲသွားရင်ကောင်းမလားဗျာများနေတော့သည်။

"ညီလေးစန်း..မြင်းပြင်လိုက်..
စစ်တပ်နေရာကိုငါနဲ့အတူသွားမယ်"

"အရှင်မင်းကြီးက.."

"စစ်သူကြီးမူယွဲ့ကိုအရင်သွားတွေ့ချင်တယ်"

"အရှင်....စစ်သူကြီးမူယွဲ့ကအရှင်မင်းကြီးထံ
အစီရင်ခံဖို့နန်းတော်မှာရှိနေမှာမဟုတ်ဘူးလား"
သိပြီးသားအကြောင်းအရာကိုထောက်ပြလာတာဖြစ်ပေမဲ့လည်း
စိတ်မပျော်ရွှင်ဟန်မျက်မှောင်ကျုံ့သွားသော
လုချန်အမူအရာကြောင့်

"ဒါပေမဲ့အပြန်လာကိုတော့စောင့်လို့ရတာပဲ
ပြီးမှနန်းတော်ကိုသွားမယ်လေ"

လုချန်ပြုံးကာခေါင်းငြိမ့်ပြလိုက်သည်။

•••••••••

နန်းတော်တွင်း၌
အစီရင်ခံနေမှုအားလုံးဝစိတ်ဝင်စားမှုမရှိ
သည်ကိုမူယွဲ့မြင်နေရသည်။

"အရှင်မင်းကြီး..အရှေ့အရပ်ကိုသိမ်းပိုက်ဖို့ရန်ပထမဆုံးခြေလှမ်းကအောင်မြင်ခဲ့ပါတယ်"

အောင်မြင်သည်ဟူသောအစီရင်ခံမှုအစား
တစ်ခုခုကိုမျှော်နေပုံရသည်။
ခန်းမအဝင်ဝကိုငေးကြည့်လျက်
စိတ်အလိုမကျမျက်မှောင်ကျုံ့လျက်ရှိသည်။


"အရှင်မင်းကြီး..ရှန်းတိုင်းပြည်ဟာ
စစ်ဖြစ်မည့်အစားတာ့ထုန်လက်အောက်ဝင်ရောက်ဖို့ရာကမ်းလှမ်းချက်တင်ပြလာပါတယ်"

"ကမ်းလှမ်းတယ်..သူတို့ကတာ့ထုန်အတွက်
ဘာလုပ်ပေးနိုင်မှာလဲ"

အနီးအနားရှိတိုင်းပြည်များထဲတွင်တာ့ထုန်သည်စစ်တပ်ရေးရာတွင်အင်အားအကြီးဆုံးနိုင်ငံဖြစ်သည်။
ရှန်းနိုင်ငံလိုနိုင်ငံငယ်မျိုးကကမ်းလှမ်းလာခြင်းသည်တာ့ထုန်အတွက်တော့ရယ်စရာပင်ဖြစ်နေသည်။

"အရှင်မင်းကြီး..စစ်တပ်အင်အားနှင့်အရှေ့ဘက်အရပ်ဒေသအတွက်အသိပညာတွေအား
ကူညီပေးမည်ဟုကမ်းလှမ်းပါတယ်"

"ဟုတ်လား..ငါတို့လက်ခံမယ်လို့
ထင်နေတာလား"

နောက်ကွယ်တွင်တစ်ခုမဟုတ်တစ်ခုကတော့ဖုံးကွယ်နေသည်ဟုကျင်းခံစားနေရသည်။

"အရှင်မင်းကြီး ..အရှေ့ဘက်အရပ်မှာနိုင်ငံ
ငယ်ပေါင်းမရေမတွက်နိုင်အောင်ရှိပါတယ်
တစ်နိုင်ငံခြင်းလိုက်သိမ်းမည်ဆိုလျှင်
ငါးနှစ်ခန့်ပင်ကြာသွားနိုင်ပါတယ်"

"ဆက်ပြော"

"ရှန်းတိုင်းပြည်ကနိုင်ငံငယ်လေးတွေကို
တိုက်တဲ့အခါမှာကူညီမယ်လို့ပြောပါတယ်"

"ငါတို့ဆီကရောဘာမျော်လင့်လဲ"

"အရှင်မင်းကြီး..အင်အားကြီးမားသည့်နိုင်ငံကြီး
တွေရန်မှကာကွယ်ပေးရန်မျော်လင့်နေပါတယ်
အခုလိုတာ့ထုန်လက်အောက်ဝင်ခြင်းသည်သူတို့ကိုယ်တိုင်လည်း
ခိုင်မာသောနေရာတစ်ခုရရှိလာနိုင်သောကြောင့်ဖြစ်ပါတယ်..ထို့နောက်.."

"ပြီးတော့"

"နိုင်ငံနှစ်နိုင်ငံကြားဆက်ဆံရေးခိုင်မြဲစေရန်
ရှန်းဘုရင်၏သမီးတော်အငယ်ဆုံး
အချောဆုံးအလှဆုံးအားဆက်သလိုက်ပါတယ်"

"အဲ့ဒီမင်းသမီးကိုမိဖုရားဖြစ်ဖို့ကောမျှော်လင့်မ
နေကြဘူးလား"

ဒါပထမဆုံးအကြိမ်မဟုတ်တော့..တိုင်းပြည်
အသီးသီးကလွတ်နေသောမိဖုရားနေရာ
အတွက်မျှော်မှန်းလျက်အလှဆုံးဆိုသည့်
မင်းသမီးများအားဆက်သကြသည်။
သို့သော်ငြားလည်းမိဖုရားနေရာကတော့
အကြောင်းပြချက်မရှိအခုထက်ထိတိုင်
လွတ်စမြဲ

ကျင်းဘယ်လိုတုံ့ပြန်သည်ကိုသိသည့်အတွက်ဤကဲ့သို့သောကမ်းလှမ်းချက်မျကိုလျှောက်တင်ရန်မူယွဲ့မုန်းတီးလှသည်။
ပုံမှန်ဆိုလျှင်ကမ်းလှမ်းချက်လုပ်ရဲ
သောတိုင်းပြည်များအားနင်းခြေရန်အမိန့်ပေး
နေပြီဖြစ်သည်။
ဒီနေ့တွင်ကျင်းသည်ထူးဆန်းလှသည်။
စစ်ရေးတွင်လည်းအာရုံမထားနိုင်ဘဲ
အဝင်ဝကိုပဲကြည့်လျက်သက်ပြင်း
အကြိမ်ကြိမ်ချနေသည်။

"အရင်ဦးဆုံးသူတို့ဘာလုပ်ပေးနိုင်မလဲဆိုတာ
ကြည့်ရအောင်..မင်းသမီးကိုမောင်းမဆောင်
မှာပဲထားလိုက်
အသုံးဝင်နိုင်တယ်ဆိုရင်တော့ရှေ့ဘာဆက်လုပ်ရမလဲတမျိုးကြံဆောင်တာပေါ့"

"အရှင်မင်းကြီး...အမိန့်နာခံပါတယ်"

အပြင်ထွက်လာတဲ့အခါလမ်း၌တင်းဖန်း
နှင့်သွားဆုံသည်။

"အာ့..စစ်သူကြီးမူယွဲ့ပြန်လာပြီပဲ
နောက်တစ်ပွဲအောင်နိုင်လာပြန်ပြီပေါ့"

"အာ.တပ်မှူးတင်းဖန်း..မခံယူဝံ့ပါဘူး
ဒါနဲ့အရှင်မင်းကြီးကတစ်ယောက်ယောက်ကို
များမျှော်နေတာလား..အာရုံစူးစိုက်မှု
မရှိဘူး"

ကျင်းသက်တော်စောင့်ဖြစ်သည့်အတွက်
ပိုသိမှာသေချာသောကြောင့်မေးလိုက်သည်။
တင်းဖန်းသက်ပြင်းချရင်းမျက်နှာထက်တွင်တော့ ဒါမသိသာလွန်းဘူးလားဆိုတာကိုပြောနေသလိုပင်


"စစ်သူကြီးရဲ့လက်ထောက်ကလွဲပြီးဘယ်သူ
ရှိမှာလဲ..အရှင်မင်းကြီးကသခင်လုကိုသွား
ခေါ်ရန်လွှတ်လိုက်ပေမဲ့ရောက်တဲ့အချိန်မှာ
ထွက်သွားပြီလို့ပြောတယ်..ဘယ်လိုအစီရင်
ခံရပါ့မလဲ"

ဧကရာဇ်၏ချစ်ရေးပြဿနာအားနားလည်ကြသူပီပီတင်းဖန်းပုခုံးအားပုတ်ရင်းနှစ်သိမ့်လိုက်သည်။
နှစ်ယောက်စလုံးသည်ကျင်း၏အရင်းနှီးဆုံးသော
သူများဖြစ်ပြီးကျင်းနဲ့လုချန်၏ပြဿနာများ
တွင်ခဏခဏဝင်ပါနေရသောသူများဖြစ်သည်။

သူရဲကောင်းရွေးချယ်ပွဲကိုကြီးကြပ်ခဲ့ရသည့်မူယွဲ့သည်လုချန်ရှုံးဖို့ရန်ပြိုင်ဖက်ကိုရွေးချယ်ပေးခဲ့ရသည်။
ကျင်းသင်ကြားပေးခဲ့သောအကွက်နှင့်ပြိုင်ဖက်ကိုအလဲသိပ်သွားသောလုချန် ကြောင့်မူယွဲ့တာဝန်သည်လည်းကျရှံးခဲ့ရသည်။

မကြာသေးခင်မှလည်းကျင်းသည်မူယွဲ့အား
လုချန်သည်ဘယ်စစ်သားနှင့်ရင်းနှီး
နေသလား,စကားပြောသည့်မိန်းကလေး
ဒါမှမဟုတ်အစေခံရှိသလားစသဖြင့်
အနီးကပ်ကြည့်ခိုင်းထားပြန်သည်။
ထိုသို့လုချန် နှင့်ရင်းနှီးစွာစကားပြောသူများအားနောက်ကွယ်ကကျင်းအပြစ်ပေးခိုင်းထားသည်များကိုမူယွဲ့တစ်ယောက်
သတိတောင်ရမနေချင်

တင်းဖန်း ကတော့ပို၍ပင်ခက်ခဲသည်ဟုဆိုရမည်
နန်းတွင်းရဲမက်အနေနှင့်လုချန်ရှိနေစဥ်တုံးကလည်းကျန်းအိမ်ပြဿနာကြောင့်ဟန်ကျိုးထိသယ်သွားသောကိစ္စရပ်လည်းရှိသေးသည်။
ပွဲကျင်းပသောဂုဏ်သရေရှိလူကြီးမင်းအားလည်းမျိုးစုံခြိမ်းခြောက်ရပြီး
အရှင်မင်းကြီး၏မသင့်တော်လှသောလုပ်ရပ်များကိုလည်းမျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရသည်။

"ငါရောက်လာတာကိုဆင်ခြေလုပ်ပြီး
မလာပြန်ဘူးထင်တယ်"

ကျင်း၏ပုံမှန်မဟုတ်သောမျက်နှာအားပြန်မြင်ယောင်ရင်းကျင်းလည်းထိုသို့ထင်နေသည်မှာသေချာလှသည်။

"ဖြစ်နိုင်တယ်..အော်..နန်းတွင်းကိုဖိတ်ကြားခံ
ရလို့မပျော်တဲ့သူကရှိသေးတာပဲ"

"သူ့နောက်ခံအရတော့နန်းတော်တွင်းမပျော်နိုင်ဘူးဆိုတာယုတ္တိတော့တန်ပါတယ်"

ကျင်းနှင့်အမြဲတစေလိုက်ပါတတ်သောမူယွဲ့သည်အရင်တုန်းကမနာခံတတ်သောဓားမြဗိုလ်လုချန်အသွင်ကိုပြန်မြင်ယောင်လာသည်။

"တကယ်လည်းထူးဆန်းပါပေ့..ထိုသို့သောအမူအကျင့်တွေဆီမှာအရှင်မင်းကြီးမျောပါသွားတယ်ဆိုတာ အခုဆိုခြောက်နှစ်ပင်ရှိပြီ"

ဧကရာဇ်၏လုပ်ရပ်များကိုမေးခွန်းပြန်ထုတ်ခွင့်မရှိသောသူများအဖို့နားလည်ရန်ခက်သည်များအားဘေးသို့သာပိို့ထားလိုက်ကြသည်။

•••••••

မူယွဲ့နေ့လည်ခင်းခန့်ပြန်ရောက်သောအခါ
ခန့်မှန်းထားသည့်အတိုင်းလုချန်ကိုတွေ့သည်။
ဥာဏ်မကောင်းလှသည့်လုချန်လှုပ်ရှား
မှုတိုင်းသည်အခြားသူတိုင်းအမြန်ခန့်မှန်း
နိုင်သောအရာများသာဖြစ်သည်။

အခုအချိန်တွင်ကျင်းသည်လည်း
အလာလမ်းတွင်
ရှိနေပြီဟုမူယွဲ့အတပ်ပြောနိုင်သည်။

"စစ်သူကြီးမူယွဲ့..စစ်ပွဲအောင်နိုင်မှုအတွက်
ဂုဏ်ယူပါတယ်"

"ဒါတာဝန်ပါ..ချီးကျူးတာမခံယူထိုက်ပါဘူး
သခင်လု..စောင့်နေတာကြပြီလား"

"အခုလေးတင်မှရောက်တာပါ"

လုချန်သည်စစ်တပ်၌မူယွဲ့ထက်
ရာထူးနိမ့်ပေမဲ့လည်းဘုရင်၏အချစ်တော်
ဖြစ်သည့်အတွက်ယဉ်ကျေးစွာ
သုံးနှုန်းလေ့ရှိသည်။
လုချန်အားနာကျင်အောင်လုပ်မိလျှင်ရရှိလာမည့်ပြစ်ဒဏ်များကလည်းမသေးလှ
လုချန်ကတော့အထက်လူကြီးဖြစ်သည့်မူယွဲ့အားအမြဲတစေရိုသေစွာသာဆက်ဆံလေ့ရှိသည်။

"အခြားချိန်းထားတာရှိသေးလား"

ကျင်းစောင့်နေသည်အားသတိရစေရန်မူယွဲ့အရိတ်အမြွတ်ပြောလိုက်သည်။

"အမ်..သာမန်နေ့လည်စာလေးလောက်ပါ
ဂရုစိုက်စရာမလိုပါဘူး"

အခြားသူများသည်ဘုရင်အားတစ်ချက်လေး
ကြည့်မိ၍အသက်ပေးရသည့်အခြေအနေတွင်
ထိုလုချန်သည်နေ့လည်စာကိုပင်
ငြင်းဆိုခဲ့သည်။
တော်တော်ကိုမသိတတ်သည့်လုချန်ပဲ..

"အရှင်မင်းကြီးကြွချီလာပါသည်"

ကလေးဆန်စွာတူတူပုန်းတန်းကစားနေကြသော
ထိုစုံတွဲကြောင့်မူယွဲ့အကြည့်လွှဲလိုက်သည်။
ကျင်း၏နောက်တွင်တင်းဖန်းသည်
ငိုမလိုရယ်မလိုမျက်နှာထားနှင့်
လိုက်ပါလာသည်။

လုချန်မျက်နှာသည်ချက်ချင်းပင်ဖြူဆုတ်
သွားပြီးအရိုအသေပေးဖို့ရန်တောင်
မေ့နေရှာသည်။
ရှောင်စန်းကတော့ဒူးထောက်ကာဦးညွှတ်၍အရိုအသေပေးပေမဲ့လုချန်ကတော့တောင့်တောင့်ကြီးရပ်နေစမြဲ

နောက်ပါရဲမက်တွေထွက်သွားချိန်ပြီးငါးယောက်သာကျန်ခဲ့ချိန်တွင်
ထိုင်ခုံ၌ဝင်ထိုင်လိုက်သည်။
နှုတ်ခမ်းကတော့ပြုံးနေပေမဲ့မျက်ဝန်းများကတော့ပြုံးနေပုံမပေါ်

"လုချန်..
နန်းတွင်းကိုလာခိုင်းထားတယ်မလား
ဘာကြောင့်ဒီမှာရှိနေရတာလဲ"

"အာ...အဲ့.....အဲ့....ဒါ....က...အခု...လေးတင်..
သွား...သွား"

လုချန်သည်လိမ်ညာစကားပြောတိုင်း
အကြည့်လွှဲထားလေ့ရှိသည်။
အခန်းတွင်းမှလူတိုင်းကတော့သိပေမဲ့လုချန်ကတော့ရိပ်မိသည့်ပုံမပေါ်
လိမ်သည့်နေရာမှာတော့သုညပေ...

လုချန်၏ထိုအမူအရာလေးသည်
အရမ်းချစ်ဖို့ကောင်းလှပေမဲ့
လွယ်လွယ်လေးနဲ့တော့ကျင်းခွင့်မလွှတ်ချင်သေး

"ထားလိုက်တော့..ဒီနေရာမှာပဲနေလည်စာ
သုံးဆောင်ကြရအောင်"

လုချန်အလျင်အမြန်ပင်မူယွဲ့နဲ့
တင်းဖန်းအားအကူအညီတောင်းခံသည့်
မျက်ဝန်းနှင့်ကြည့်သော်လည်းအမြန်ပင်
အကြည့်လွှဲကာမသိချင်
ယောင်ဆောင်နေကြသည်။

ဧကရာဇ်အလိုကိုဖီဆန်ရဲသေးတာခံပေါ့

"ရှောင်စန်း..အစေခံကိုလေးယောက်စာ
သွားပြင်ခိုင်းလိုက်လေးယောက်လုံးအတူ
နေ့လည်စာသုံးဆောင်မယ်"

လုချန်ဘာမျှမပြောနိုင်သေးခင်မှာ
မူယွဲ့က

"အရှင်မင်းကြီး..ဒီလိုအဆင့်နိမ့်
တဲ့နေရာမှာပွဲတော်တည်ခင်းရန်ခွင့်မပြုနိုင်ပါဘူး"

တိုင်းပြည်၏ဧကရာဇ်အားဘာမဟုတ်သောချစ်သူချင်းရန်ဖြစ်တာလောက်နှင့်အဆင့်နိမ့်ကျသောနေရာတွင်းစားတော်တည်ခြင်းအားမူယွဲ့ခွင့်မပြုနိုင်

"စစ်သူကြီးမူယွဲ့ဘယ်လိုပြောလိုက်တာလဲ
သခင်လုအရမ်းနှစ်သက်တဲ့နေရာကို
အဆင့်နိမ့်တယ်လို့ပြောလိုက်တာပဲ
မင်းမသိဘူးလား..သူကနန်းတွင်းထက်တောင်
ဒီနေရာကိုရွေးချယ်ခဲ့တာ"

လုချန်မျက်နှာတစ်ခုလုံးသည်
နီရဲတတ်လာသည်။
ယုံကြည်ရသောသူများရှေ့တွင်တော့ကျင်းကစိတ်တိုင်းကျပြုမူပြောဆိုနေတော့သည်။
လုချန်မျက်နှာအရလိုချင်တာထွက်လာတော့မည်ဖြစ်တာကြောင့်ကျင်းပို၍ပင်တိုးကာ

"သခင်လုအနှစ်သက်ဆုံးနေရာကိုအဆင့်နိမ့်
တယ်လို့ပြောတာကိုသခင်လုကိုနာကျင်အောင်လုပ်တာနဲ့အတူတူပဲ"

"ကျင်း!!!"

ဘယ်သူကများဧကရာဇ်ကိုနာမည်ရင်းတပ်ခေါ်ရဲမှာလဲ

"ဘာလဲ..စစ်သူကြီးမူယွဲ့ကိုဒါရိုင်းစိုင်းတဲ့အရာ
ဆိုတာပြောနေတာလေ"

လုချန်ကိုကာကွယ်သလိုလုပ်ပြနေတာကြောင့်

"ဟုတ်ပြီ...ဟုတ်ပါပြီ"

စစ်သူကြီးမူယွဲ့ဆီအန္တရာယ်မကျရောက်စေရန်
အမှားကိုဝန်ခံလိုက်သည်။

"တောင်းပန်ပါတယ်..ကျွန်တော်မျိုးမှားပါတယ်
အရှင်မင်းကြီး...ဟုတ်ပြီလား"

ကျင်းဘေးဘက်အမြန်သွားရပ်ကာ

"နန်းတော်ကိုပြန်ရအောင်"

ညာလက်ကိုမြှောက်ကာလုချန်ကိုင်ရန်
အချက်ပြလိုက်သည်။
လုချန်ဘယ်လက်အားဆွဲကိုင်လိုက်ပြီး
ထွက်ခွာသွားသည်။

အရွယ်တူအမျိုးသားနှစ်ယောက်သည်
လက်ချင်းတွဲလျက်တစ်ယောက်သည်အပြုံး
များဝေဆာနေပြီးတစ်ယောက်မှာစိတ်ပျက်လက်
ပျက်နှင့်ခေါင်းငိုက်စိုက်ကြနေသည်။

ကျန်ခဲ့သည့်သုံးယောက်သည်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းတွေးမိသည်ကတော့

သနားစရာလုချန်,နောက်ဆုံးတော့လည်းဥာဏ်များတဲ့ဧကရာဇ်နောက်ပါသွားရတာပါပဲ

"ကျင်း...တာဝန်တွေကိုပိုပြီးအာရုံစိုက်သင့်တာ
မဟုတ်ဘူးလား"

ကျင်းသည်ဝေါယာဉ်၌မလိုက်ပါပဲ
လုချန်နှင့်အတူလက်တွဲလျက်
နန်းတော်သို့လမ်းလျှောက်ပြန်လာသည်။

လုချန်ကတော့လူကြားထဲလက်တွဲလျက်
လျှောက်ခြင်းသည်ရှက်ဖွယ်ဟုမြင်သည်။

"ဘာကိုဆိုလိုတာလဲ"

"ဒီလို"

ပူးကပ်နေသောလက်နှစ်ဖက်အား
မြှောက်ပြလိုက်သည်။

"ဘုရင်ဆိုတဲ့နေရာကိုပိုအာရုံစိုက်သင့်တယ်လေ
လက်အောက်ငယ်သားတွေကမလေးစား
ရင်ဘယ်လိုလုပ်မလဲ"

လုချန်ဘေးဘီဘေးယာကိုကြည့်လိုက်တဲ့အခါစူးစမ်းကာကြည့်နေသူတွေကလည်းအများအပြား
လက်အားဖြည်ချချင်ပေမဲ့လည်းခွန်အားကြီးမားလှသောဧကရာဇ်အားဘာများတုံ့ပြန်နိုင်မှာလဲ

"မင်းကိုဘယ်သူကငါလာကြိုရအောင်ထွက်သွားခိုင်းထားတာလဲ..ကောင်းပြီ...လက်ကိုင်တာမကြိုက်ဘူးဆိုရင်
လည်းပွေ့သွားမယ်"

"ကျင်း!!!"

လုချန်၏စိတ်တိုနေသောအမူအရာလေးအား
ကျင်းနှစ်သက်လှသည်။
မျက်လုံးအစုံသည်တောက်ပစူးရှလျက်
ကြည့်ကောင်းလှသောမျက်နှာသည်နားရွက်ထိတိုင်အောင်ရဲရဲနီနေလေ့ရှိသည်။
နှူတ်ခမ်းလေးအားလည်းတင်းတင်းစေ့ထားလေ့ရှိသည်။
ချစ်ဖို့လည်းကောင်းသလိုဆွဲဆောင်မှုလည်းရှိပေသည်။

ကြည့်နေကြသူများသည်ကျင်းတစ်ချက်ကြည့်လိုက်သည်နှင့်အလျိုလျိုပျောက်ကွယ်ကုန်ကြသည်။

"လှစ်လျူရှုထားစမ်းပါ..ငါ့ကို
ဘယ်သူမှအတိုက်အခံမလုပ်ရဲဘူး"

"..တကယ်ပဲ"

"ဟေး...ငါမင်းကိုဂရုမစိုက်တော့ရင်ကျဘာမှမပြောဘူး"

"အဲ့တော့ဘာဖြစ်လဲ..ငါမင်းကိုဘယ်နှခါ
ပြောရမလဲ..ငါကမိန်းကလေးမဟုတ်ဘူး
ငါ့ကိုယ်ငါဂရုစိုက်နိုင်တယ်"

လုချန်ခြေလှမ်းရပ်ကာကျင်းကို
ကြည့်မိသည်။
အရပ်မှာတန်းတူပဲဖြစ်တာကြောင့်ကျင်းပြန်ကြည့်သောအခါမျက်လုံးချင်းဆုံသွားတော့သည်။
လှပလွန်းသောမျက်ဝန်းအစုံတို့၏ဖမ်းစားခြင်းခံလိုက်ရသူလုချန်သည်ကျင်းဖွဖွလေးနမ်းလာတာတောင်မတုံ့ပြန်မိ

"ငါမင်းကိုမိန်းမတစ်ယောက်လို့တစ်ခါမှမမှတ်ယူဖူးဘူး..ငါသာမိန်းမတစ်ယောက်ကိုလိုချင်တယ်ဆိုရင်မင်းဆီပဲဘာလို့လာနေမှာလဲ"

သာမန်စာကြောင်းလေးဖြစ်ပေမဲ့လည်း
လုချန်သောကတွေအားကင်းဝေးစေသည်။
ကျင်းလက်အားတင်းကျပ်စွာ
ဆုပ်ကိုင်ထားရင်းမှပင်ချိုသာစွာပြုံးမိသည်။

"ငါကလေးတစ်ယောက်မွေးလို့ရမလား.."

ကျင်းကိုစလိုက်သည်။

"ကံကောင်းခြင်းတွေကိုတွန်းဖယ်မပစ်နဲ့"

••••••••••••

Hua Hua You Long Fanfiction 1(ဘာသာပြန်)Where stories live. Discover now