အခန်း(၃)

32.3K 2K 365
                                    

[[Z]]

ခန်းမတစ်ခုလုံးသည်လူအများစကားပြောသံ
ပျော်ပွဲရွှင်ပွဲကျင်းပသံများနှင့်ပြည့်လျက်ရှိသည်။
တာ့ထုန်အင်ပါယာကြီး၏နှစ်သစ်ကိုကြိုဆို
သည့်ပွဲဖြစ်သည်။..
ပွဲကျင်းပသူသည်တာ့ထုန်အင်ပါယာ၏
အရှင်သခင်ဧကရာဇ်ကျင်း စုန်ပင်ဖြစ်သည်။
ဧကရာဇ်ကျင်း စုန်လက်အောက်တွင်တည်ရှိခဲ့သောတာ့ထုန်အင်ပါယာသည်ဆယ်စုနှစ်တောင်ရှိပြီးနောက်ကြွယ်ဝချမ်းသာမှုတွေသည်လည်းဒီရေအလားတိုးပွားလာခဲ့သည်။
လက်အောက်ခံသောနိုင်ငံငယ်များသည်လည်းတစ်စတစ်စတိုးပွားလာခဲ့သည်။
ဤကနေ့ကျင်းပသောပွဲသည်တာ့ထုန်သြဇာအာဏာနှင့်ကြွယ်ဝချမ်းသာမှုများကိုခင်းကျင်းပြသသည့်ပွဲတော်ဆိုလည်းမမှားပေ

ဝန်ကြီးများ.အခြားနိုင်ငံမှသံတမန်များနှင့်
စကားပြောလျက်မအားနိုင်ပင်ရှိနေသော်လည်း
ဆူပုတ်နေသောလုချန်အားမရိပ်မိအောင်
တစ်ချက်တစ်ချက်လှမ်းကြည့်ရသေးသည်။
ပွဲတော်တစ်ခုလုံးမျက်နှာတော်သာရူစားနေသောလုချန်သည်အပြင်တွင်မျက်နှာတည်နေပေမဲ့လည်းအတွင်းတွင်ကျင်းကျေနပ်နေသည်အားတပ်အပ်သိနေသည်။

ပွဲတော်အခမ်းအနားတွေသည်လုချန်
သက်တောင့်သက်သာမရှိလှသောအရာများ
ပင်ဖြစ်သည်။..
ထိုကဲ့သို့သေယပွဲတော်များ၌လည်းဆရာလျိုကျုံးထန်မှလွဲ၍
လုချန်အားစကားပြောရဲသူမရှိ
ဘုရင့်အချစ်တော်နဲ့သွားပတ်သတ်မိ၍
ဘုရင်အမျက်ဒဏ်ထိမှာကိုဘယ်သူမှ
မလိုလားကြ
ထိုသို့အပြစ်ဒဏ်ပေးရသူအကြောင်းများကလည်းပုံပြင်သဖွယ်နန်းတော်တွင်းပျံ့လျက်ရှိသည်။

ဒီနေ့ပွဲမှာတော့ဆရာလျိုကျုံးထန်တာဝန်အရနန်းတော်ပြင်ပရောက်ပြီးမတတ်
ရောက်နိုင်တဲ့အတွက်လုချန်တစ်ယောက်
တည်းဆူညံနေသောပတ်ဝန်းကျင်ကိုလှစ်လျူရှုရင်းရှေ့မှာချထားသည့်ဝိုင်အရက်ကို
သာသောက်နေရသည်။..

ကျင်းအကြည့်လာကိုစောင့်လျက်အပြင်ခဏ
ထွက်လမ်းလျှောက်ခွင့်တောင်းဆိုရန်
အတွေးပေါ်လာသည်။
အကြည့်ရောက်လာသည့်အခါလုချန်
အမူအရာကြည့်လျက်ခေါင်းငြိမ့်ပြသည်။
ခွင့်ပြုချက်ရသည်နှင့်လုချန်အမြန်ပင်
ခန်းမအပြင်သို့ထွက်လာလိုက်သည်။

Hua Hua You Long Fanfiction 1(ဘာသာပြန်)Where stories live. Discover now