အခန်း(၂)

33.1K 1.9K 205
                                    

[[Z]]

လျှောက်လမ်းအသွယ်သွယ်အားရင်းနှီးကျွမ်းဝင်ခြင်းမရှိသောသူအဖို့နန်းတော်ကြီးသည်ရှုပ်ထွေးလှသောနေရာတစ်ခုဖြစ်သည်။
အခြွအေရံများတောင်တစ်ခါတစ်ရံလမ်းပျောက်တတ်သေးသည်။
နန်းတော်တွင်း၌မရေမတွက်နိုင်သောမောင်းမတော်များနှင့်ဘုရင့်အမျိုးအနွယ်များအတွက်သီးသန့်ဆောင်များကအများအပြားတည်ရှိသည်။
အဆောင်တိုင်း၌နာမည်ကိုယ်စီနှင့်အသွင်ကိုယ်စီရှိကြပြီးရာထူးမြင့်လေပို၍ကြီးကျယ်ခန့်ညားလေဖြစ်သည်။
စည်ပင်သာယာလှသောတာ့ထုန်အင်ပါယာအနေနဲ့နန်းတော်ကြီး၏ခမ်းနားမှုကတော့
ပြောစရာမလိုတော့ပေ...
ကျယ်ပြောလှသောဝန်းတစ်ခုလုံးတွင်
များပြားသောအဆောက်အအုံများတည်ရှိပြီး
လှပသောဥယျာဉ်များကလည်းနေရာအနှံ့
ပျံနှံ့လျက်ရှိသည်။

ထိုသို့ခမ်းနားကြီးကျယ်လှသောနန်းတော်ကြီး
သည်တိုင်းပြည်ငယ်လေးမှရောက်ရှိလာသော
မင်းသမီးလေးအတွက်ကတော့
အလွန်ပင်အံ့ဩသင့်စရာတွေပင်

ရက်တွေကိုရေတွက်ကြည့်လျှင်မင်းသမီး
ရှန်းဝမ်နန်းတော်သို့ရောက်နေသည်မှာ
တစ်လပင်ပြည့်တော့မည်..
အရင်တိုင်းပြည်မှအခြွအေရံခုနှစ်ယောက်နဲ့
အတူတာ့ထုန်သို့ရောက်လာခဲ့ခြင်းဖြစ်သည်။
နှင်းဆီနီတွေပတ်လည်ဝန်းရံနေသော
ပတ္တြမားနန်းတော်၌နေထိုင်ရသည်။

မင်းသမီးရှန်းဝမ်သည်ထိုကဲ့သို့
သောအရာများအားစိတ်မဝင်စားလှ..
သိုင်းပညာ၌သာပိုပြီးစိတ်ဝင်စားလှသည်။
သို့ပေမဲ့ဖခမည်းတော်ကခွင့်မပြုသောကြောင့်
မင်းသမီးတို့တပ်အပ်သောပျင်းရိဖွယ်အရာ
များကိုသာလေ့လာရသည်။
ပတ္တြမားနန်းတော်တွင်းလျှောက်ကြည့်နေရင်းနှူတ်ခမ်းအစုံကအလိုမကျမှုကြောင့်ဆူပုတ်လျက်ရှိသည်
ဧကရာဇ်နှင့်ပတ်သတ်ပြီးတော့ဆိုလျှင်လည်းအခြွအေရံများပြောပြထားသလောက်သာသူမသိသည်။
ဘယ်လောက်ပင်သြဇာအာဏာရှိကြောင်းသာအပ်ကြောင်းထပ်နေသည်။
သူမအတွက်တော့ဖခမည်းတော်သည်အထူးချွန်ဆုံးသောဧကရာဇ်တစ်ပါးဖြစ်သည်။
ဖခမည်းတော်၏စစ်ရေးဗျူဟာများကြောင့်သာပဲဘေးဘီနိုင်ငံများ၏သိမ်းပိုက်မှုများကိုကြံ့ကြံ့ခံနိုင်ခဲ့သည်မဟုတ်ပါလား

Hua Hua You Long Fanfiction 1(ဘာသာပြန်)Where stories live. Discover now