အခန်း(၄)

33.1K 2.4K 293
                                    

[[U]]

အေးစက်ခဲ့သောအချိန်ကာလများလွန်မြောက်
၍တာ့ထုန်သည်နွေဦးကိုကြိုဆိုလျက်ရှိသည်။
ဆောင်းရာသီသည်အမြဲတစေနှစ်တစ်နှစ်၏ကာလအရှည်ကြာဆုံးရာသီဖြစ်စမြဲဖြစ်သည်။
ပျော်ရွှင်မြူးထူးနေသည်များကဟိုတစ်မျိုးဒီတစ်ဖုံရှိနေကြပြီးနွေဦး၏
ချဥ်းကပ်လာမှုနှင့်အတူစိတ်သစ်လူသစ်မျှော်လင့်ချက်အသစ် ဆန္ဒအသစ်များကစောင့်မျှော်လျက်ရှိသည်။

စာကြည့်ခန်းအတွင်း,
ခန့်ညားလှသောကိုယ်ဟန်သည်ခုံရှည်၌
မတ်မတ်ထိုင်လျက်ရှိပြီးဖယောင်းအသွင်မျက်နှာ၌
အပြုံးပန်းများဝေဆာနေသည်။
နွေဦး၏ဝိညာဥ်ဆွဲကပ်နေဟန်ဖြင့်မနက်ကတည်းကပြုံးတုံ့တုံ့ဖြစ်နေသူသည်ကိုယ့်ကိုယ်ကိုသတိထားမိပုံမရ

မနေ့ညကအဖြစ်အပျက်အားပြန်လည်မြင်ယောင်
ရင်းလုချန်ဆီတဖန်ပြေးသွားချင်စိတ်
တွေကိုမနည်းထိန်းချုပ်နေရသည်။

မနေ့ညလုချန်အဆောင်ကိုမသွားသည့်
တစ်ပတ်ပြည့်သောနေ့တွင်ခေတ္တအလည်
သွားခဲ့သည်။
ကိုယ်ပိုင်ဆန္ဒကိုမနည်းချုပ်တည်းနေသော
လုချန်ပုံစံလေးအားမြင်ခဲ့ရသည်။..

လုချန်ကိုစချင်သည့်အတွက်လုပ်နေကြအ
တိုင်းဇွတ်တိုးမသွားဘဲခုံပေါ်၌ကျင်းအေးအေး
လူလူထိုင်နေလိုက်သည်။

မေးစေ့အားဟန်ပါပါပွတ်လျက်ပင်
တစ်ကိုယ်လုံးအားစားမလိုဝါးမလို
ကြည့်နေသောကျင်းလုပ်ရပ်ကြောင့်
လုချန်အနေရခတ်လာသည်။

ခြေထောက်နှစ်ဖက်ကြားမှထိန်းမနိုင်သိမ်းမရ
ဖြစ်လာသောအရာလေးအားမသိသာအောင်
ဖုံးကာဖိကာဖြင့်လုချန်မျက်နှာလေးနီရဲ
တွတ်လာသည်။

အသနားခံမျက်လုံးရွဲကြီးများနဲ့လာကြည့်နေ
သော်လည်းကျင်းမသိချင်ယောင်သာဆောင်
နေလိုက်သည်။..

အထိအတွေ့ကိုတောင့်တနေသည့်ဆန္ဒတွေကို
မထိန်းချုပ်နိုင်စွာပဲမျက်လုံးအိမ်၌
ရမ္မက်ငွေ့တွေပြည့်လွမ်းလာသည်ကိုကျင်းအတိုင်းသားမြင်နေရသည်။

ရုတ်တရက်ထရပ်လိုက်သောကျင်းကြောင့်
အနားလာတော့မည်ဟုထင်မိသော်လည်းဘယ်တော့မှလိုချင်တာကိုလွယ်ကူစွာမပေးတတ်သောဥာန်ရှိသူပီပီ

Hua Hua You Long Fanfiction 1(ဘာသာပြန်)Where stories live. Discover now